အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတွေက လုံခြုံရေး စိုးရိမ်မှုရှိကြောင်း ပြောဆိုထားတဲ့ကြားကပဲ ၊ တရုတ်သင်္ဘော Yuan Wang 5 ကို သီရိလင်္ကာနိုင်ငံ တောင်ဖက်စွန်း တရုတ်တို့ တည်ဆောက် လည်ပတ်နေတဲ့ Hambantota ဆိပ်ကမ်းမှာ သြဂုတ်လ(၁၆)ရက်နေ့ ဆိုက်ကပ်ခွင့်ပြုဖို့ သဘောတူလိုက်ကြောင်း သီရိလင်္ကာက စနေနေ့မှာ ပြောဆိုလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု နယူးယောက် ပြည်နယ်မှာ ကမ္ဘာကျော် စာရေးဆရာ Salman Rushdie ကို ဓားနဲ့ထိုးမှုနဲ့ သံသယရှိသူ Hadi Matar ကို လူသတ်ဖို့ ကြိုးစားမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ သူကို ဖမ်းဆီးချုပ်နှောင်ထားပြီး အာမခံမပေးဘူးလို့ Chautauqua ခရိုင် အစိုးရရှေ့နေက ပြောပါတယ်။ သူ့မှာ အပြစ်မရှိကြောင်း Hadi ကငြင်းပါတယ်။
တရားမဝင် အွန်လိုင်းကာစီနို လောင်းကစားလုပ်ငန်း လုပ်သူအဖြစ် နိုင်ငံတကာမှာ ဖမ်းဝရမ်းထုတ်ခံထားရတဲ့ တရုတ်စီးပွားရေးသမားတဦးကို ဘန်ကောက်မြို့မှာ ဖမ်းဆီးလိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က စနေနေ့မှာ အတည်ပြုပါတယ်။ တရုတ်စီးပွားရေးသမား She Zhijiang ကို ဝရမ်းအဖြစ် တရုတ်အာဏာပိုင်တွေ ၂၀၁၂ ကတည်းက အလိုရှိနေတာဖြစ်ပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ အပမ်းဖြေအိမ်ကို ရှာဖွေမှုအတွင်း (FBI) က သိမ်းဆည်းရမိတဲ့အထဲ ထိပ်တန်းလျှို့ဝှက်အဆင့် သတ်မှတ်ထားတဲ့ မှတ်တမ်းတွေ ပါဝင်ကြောင်း တရားရုံး မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဖလော်ရီဒါမှာရှိတဲ့ Mar-a-Lago အိမ်ကို ဝင်ရောက်ရှာဖွေ သိမ်းဆည်းရမိတဲ့ စာရင်းကိုထုတ်ပြန်လိုက်တာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet ရဲ့ ရှေ့သီတင်းပတ်ထဲ သွားမယ့် ပထမဆုံးအကြိမ် ဘင်္ဂလားဒေရှ့် ခရီးစဉ်အတွင်း ဒုက္ခသည် ၁ သန်းနီးပါး နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။ ဘင်္ဂလားဒေရှ့်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ တနင်္ဂနွေနေ့ကနေ ဗုဒ္ဓဟူးနေ့ထိ ခရီးစဉ်သွားပါမယ်။
၁၉၈၀ ပြည့်လွန်နှစ်တွေမှာ အီရန်နိုင်ငံက သတ်ဖို့ခြိမ်းခြောက်ခံခဲ့ရတဲ့ ကမ္ဘာကျော် စာရေးဆရာ Salman Rushdie ဟာ နယူးယောက်ပြည်နယ်က ဟောပြောပွဲတခုအတွင်း တိုက်ခိုက်ခံခဲ့ရပါတယ်။ အမျိုးသားတဦး ရုတ်တရက် တက်လာပြီး ဓားနဲ့တိုက်ခိုက်ခဲ့တာလို့လည်း AP သတင်းကဖော်ပြပါတယ်။ စာရေးဆရာကို လေကြောင်းကနေ ဆေးရုံကိုပို့ခဲ့ပါတယ်။
ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲသတင်းယူရင်း အဖမ်းခံခဲ့ရပြီး ရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံကိုရောက်နေတဲ့ ဂျပန်အာဏာရပါတီက အောက်လွှတ်တော်အမတ် Hiromichi Watanabe ဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။
တိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi လာရောက်ခဲ့တာအတွက် တရုတ်ဘက်က ပြင်းပြင်းထန်ထန်တုံ့ပြန်ပေမယ့် ထိုင်ဝမ်ရဲ့ လုပ်ဆောင်မှုကို တားဆီးနိုင်မှာမဟုတ်သလို နိုင်ငံရပ်ခြားကိုယ်စားလှယ်တွေ နောက်ထပ်လာရောက်ဖို့ ဖိတ်ခေါ်ကြောင်း ထိုင်ဝမ် နိုင်ငံခြားရေးဝန်ကြီးက VOA ကို သောကြာမှာ ပြောပါတယ်။
ဒီနှစ် Qatar နိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့ဖလားဘောလုံးပွဲကို မူလက စီစဉ်ထားထားထက် တရက်စောပြီး နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဖွင့်ပွဲကျင်းပဖို့ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က တညီတညွတ်တည်း သဘောတူလိုက်ပါတယ်။
အိုဟိုင်းယိုးပြည်နယ် Cincinnati မြို့ FBI ဖယ်ဒရယ်အစိုးရ စုံစမ်းရေးဗျူရိုရုံးထဲကို မနေ့တုန်းက ဇွတ်အတင်းဝင်ရောက်ဖို့ ကြိုးစားတဲ့ လက်နက်ကိုင်အမျိုးသားကို Ohio ပြည်နယ် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးဖို့ ကြိုးစားရင်း နှစ်ဘက် အပြန်အလှန်ထိပ်တိုက်တွေ့ပြီးတဲ့နောက် ရဲက ပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း ကြေညာပါတယ်။
မြောက်ကိုရီးယားမှာ ကိုဗစ်-19 ရောဂါ ကူးစက်မှုတွေကို အောင်မြင်လိုက်ပြီဆိုပြီး မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un က ကြေညာပါတယ်။
ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ပေါ်က Saki လေတပ်အခြေစိုက်စခန်းမှာ ဆင့်ကဲ ပေါက်ကွဲမှုကြီးတွေ ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် ရုရှားစစ်လေယာဉ် ၉ စီး ပျက်စီးသွားတယ်လို့ ယူကရိန်းက ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး အကြမ်းဖက်ဖြိုခွဲမှုတွေ လုပ်ဆောင်လာတာ တနှစ်ခွဲကျော် ကြာလာတဲ့အချိန်ထိ ရေနံနဲ့ သဘာဝဓါတ်ငွေ့ကရတဲ့ အမြတ်အစွန်းတွေ စစ်တပ်က ရနေတုန်းပဲလို့ အတိုက်အခံ အင်အားစုတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ယူကရိန်း ကျူးကျော်စစ်မှာအသုံးပြုဖို့အတွက် “3rd Army Corps” (3 AC) တပ်မဟာ ၃ လို့ ခေါ်ဆိုတဲ့ ကြေးစားတပ်ဖွဲ့သစ်ကို မော်စကိုအရှေ့ဘက်က Nizhny Novgorod Oblast ဒေသမှာ အခြေစိုက်တယ်လို့ ဗြိတိသျှ ကာကွယ်ရေးဌာနက ထောက်လှမ်းရရှိတဲ့ အချက်အလက်သစ်တွေကို ဒီနေ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်မှာ စစ်သင်တန်းတက်ခဲ့သူ ဗိုလ်မှူးချုပ်တင်စိုးဟာ ၂၀၂၁ သြဂုတ်လကနေ ၂၀၂၂ ဇူလိုင်လအထိ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ တာဝန်ယူပြီး ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တွေက စစ်ဆင်ရေးတွေကို ကွပ်ကဲခဲ့ကြောင်းနဲ့ မြန်မာစစ်တပ်ကို သင်တန်းပေးနေတာ ချက်ချင်းရပ်ဖို့ Hunan Rights Watch ကတောင်းဆိုလိုက်ပါတယ်။
ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ် Fumio Kishida က သူ့ရဲ့ Cabinet ဝန်ကြီးအဖွဲ့ကို ဒီနေ့ အပြောင်းအလဲ လုပ်လိုက် ပါတယ်။ အများပြည်သူ ထောက်ခံမှုကျဆင်းနေချိန်မှာ အငြင်းပွားစရာဖြစ်နေတဲ့ ပေါင်းစည်းရေးအသင်းတော် Unification Church နဲ့ ဆက်နွယ်နေတဲ့ ဝန်ကြီးတချို့ကို ဖယ်ရှားခဲ့ပါတယ်။
င်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီနေ့ တေ့ွဆုံစဉ် မြန်မာနိုင်ငံအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စဆွေးနွေးမှာဖြစ်တယ်လို့ မဆွေးနွေးခင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinnai က ပြောကြားခဲ့ပါတယ်။
သမ္မတဟောင်း Donald Trump ပိုင်တဲ့ ဖလော်ရီဒါပြည်နယ် Palm Beach ကမ်းခြေက Mar-a-Largo ဇိမ်ခံ အပန်းဖြေနေအိမ်ကို ဖယ်ဒရယ်အစိုးရ စုံစမ်းစစ်ဆေးရေးဗျုရို FBI က မနေ့ကညက ဝင်ရောက်စီးနင်း ရှာဖွေပါတယ်။
“အမျိုးသမီးနဲ့ ကလေးတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေဟာ အဆိုးဝါးဆုံး နိုင်ငံတကာ ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သမိုင်းတလျှောက်မှာ ဒီ ရာဇဝတ်မှုတွေဟာ မှတ်တမ်းမဝင်ခဲ့သလို စုံစမ်းစစ်ဆေးတာလည်း နည်းခဲ့တယ်” လို့ မြန်မာဆိုင်ရာ ကုလရဲ့ သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အကြီးအကဲ Nicholas Koumjian က ပြောပါတယ်
နောက်ထပ်ကြည့်ရှုရန်