နျူကလီးယားလက်နက်တွေရဲ့အန္တရာယ်နဲ့ပတ်သက်လို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့က သတင်းစာဆရာများကလပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ မစ္စတာ Antonio Guterres က သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေဟာ တရုတ်အနောက်တောင်ပိုင်းက ကူမင်းမြို့မှာ တနင်္ဂနွေနေ့က ရုတ်တရက် ကွယ်လွန်သွားတယ်လို့ ဘေဂျင်းသံတမန်အသိုင်းဝိုင်းကပြောသလို စစ်ကောင်စီသတင်းမီဒီယာ နာရေးကြော်ငြာမှာပါ ဖေါ်ပြထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ဆက်စပ်ပြီး လရောင်တောစီမံကိန်းနဲ့ ပတ်သက်တဲ့ ၃ မှုနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာတွေ ရယူထားတယ်ဆိုတဲ့ အမှုတွေကို လာမယ့် သြဂုတ်လ ၁၅ ရက်နေ့မှာ အပြီးသတ်အမိန့်ချမှတ်မယ်လို့ တရားရေးသတင်းရပ်ကွက်က မျှော်လင့် ထားပါတယ်။
မြန်မာနိုင်ငံကို လူသားချင်း စာနာထောက်ထားရေး အကူအညီပေးဖို့ ပေါင်းစပ်ညှိနှိုင်းရေးအတွက် စစ်ကောင်စီက လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်တာ မရှိဘူး လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရာသီဥတုဖေါက်ပြန်ပြောင်းလဲမှုတိုက်ဖျက်ရေး၊ ဆေးဝါးအသုံးစရိတ် လျှော့ချရေးနဲ့ ကော်ပိုရေးရှင်းကြီးတွေဆီက အခွန်တွေ တိုးကောက်ရေး ဒေါ်လာ ဘီလျံ ၄၃၀ သုံးစွဲရေး ဥပဒေကြမ်းကို အထက်လွှတ်တော်က မနေ့က အတည်ပြုလိုက်ပါတယ်။
သြဂုတ်လ ၈ ရက်၊ ဒီနေ့ ၈ လေးလုံး ဒီမိုကရေစီလှုပ်ရှားမှု ၃၄ နှစ်မြောက်နှစ်ပတ်လည်နေ့အတွက် ပြည်တွင်းပြည်ပ အထိမ်းအမှတ်လှုပ်ရှားမှုတွေ ပြုလုပ်နေကြချိန်မှာပဲ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မြန်မာပြည်သူတွေလိုလားတောင့်တတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေကို လေးစားလိုက်နာဖို့ စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်
၂၀၁၅ အီရန်နျူကလီးယားအရေး သဘောတူညီချက်တွ ပြန်ရဖို့ ဆွေးနွေးနေတဲ့ ထိပ်တန်း ညိနှိုင်းရေးမှူးတွေက အီရန်ရဲ့ ယူရေနီယံသန့်စင်မှုကို ကန့်သတ်တဲ့ သဘောတူညီချက်ရဖို့ ဖြစ်နိုင်ခြေ အကောင်းမြင်မျှော်လင့်တဲ့အကြောင်း တနင်္ဂနွေနေ့က ပြောပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်း Hainan ကျွန်းရှိ Sanya အပန်းဖြေမြို့မှာ ကိုဗစ်ကပ်ရောဂါ ပျံ့ပွားနေတာ ကာကွယ်ဖို့ ကြိုးစားတဲ့အနေနဲ့ စနေနေ့ကစ အသွားအလာတွေကို ကန့်သတ်လိုက်ပါတယ်။ အပန်းဖြေ ခရီးသွား အများဆုံးရာသီမှာ Sanya ကမ်းခြေကို စနေနေ့ မနက် ၆ နာရီကစ အသွားအလာတွေကို ကန့်သတ်လိုက်တာပါ။
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့တော်က လူနည်းစု ရှီရိုက် မူဆလင်တွေ နေတဲ့ရပ်ကွက်မှာ စနေနေ့က ဗုံးပေါက်ကွဲတာကြောင့် အနည်းဆုံး လူ(၂)ဦး သေဆုံးပြီး (၂၂)ဦးလောက် ဒဏ်ရာရသွားတယ်လို့ တာလီလန်တာဝန်ရှိသူတွေက ပြောပါတယ်။
ကျူးဘားနိုင်ငံမြောက်ပိုင်း Matanzas မြို့က ရေနံစိမ်းသိုလှောင်ကန် တခုကို မိုးကြိုးပစ်ရာက စနေနေ့မှာ အကြီးအကျယ် မီးလောင်ကျွမ်းခဲ့ပါတယ်။ ပေါက်ကွဲမှု(၄)ကြိမ်နဲ့အတူ မီးတောက်ကြီးတွေကြောင့် အနီးက လူ(၈၀) နီးပါး ဒဏ်ရာရသွားပြီး ၊ မီးသတ်သမား (၁၇)ဦးလည်း ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ကျူးဘား အာဏာပိုင်တွေက ပြောပါတယ်။
“လောလောဆယ် အရေးပါတဲ့အစည်းအဝေးတွေမှာ နိုင်ငံရေးအရမပတ်သက်တဲ့ ကိုယ်စားလှယ်ကိုပဲ လက်ခံမယ်လို့ သတ်မှတ်ထားတာဟာ မှန်ကန်ပါတယ်။ စစ်ကောင်စီအနေနဲ့ ဒီကိစ္စအပေါ် လိုက်နာမှုတွေမရှိဘူးဆိုရင် အာဆီယံအနေနဲ့ အခြေအနေတွေအပေါ် ပြန်သုံးသပ်ပြီး အာဆီယံကနေ ထုတ်ပယ်တဲ့အဆင့်အပါအဝင် လုပ်စရာရှိတာ လုပ်သွားရမှာပါ။” (Antony Blinken)
“မနက် ၈ နာရီလောက်က စဖြစ်တာခင်ဗျ။ ကုန်းပေါ်မှာရှိတဲ့ ကျေးရွာတွေကို လှမ်းပစ်တာ ကျေးရွာတွေကနေတဆင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြန်ခံပစ်တာပေါ့။ ကျေးရွာသားတွေထိခိုက်မှု မရှိဘူးခင်ဗျ။ ဖက်ခက်ရွာက အိမ်တလုံးမီးလောင်တယ်။ စက်လှေက အခု မင်းကင်းမြို့နယ်ရဲ့ မြစ်အထက်ပိုင်းဘက်ကို ဆန်တက်သွားပြီ။” (မင်းကင်းဒေသခံ)
ဒီသီတင်းပတ်သွားရောက်ခဲ့တဲ့ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရဲ့ ထိုင်ဝမ်ခရီးစဉ်ကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်က စစ်လေယာဉ်တွေနဲ့ သင်္ဘောတွေကို ထိုင်ဝမ်ရေလက်ကြား အရေးပါတဲ့ အလယ်မျဉ်းတန်းအထိ စေလွှတ်ခဲ့တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။
“...လက်နက်နဲ့ဝင်ငွေရမယ့်နည်းလမ်းတွေကို ပိတ်နိုင်ဖို့ ဖိအားတွေရော တိုးပေးနေပါတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ ပြစ်မှုတွေအတွက် တာဝန်ခံဖို့ တစိုက်မတ်မတ် တောင်းဆိုနေပါတယ်။ ရှေ့နှစ် စစ်ကောင်စီ ကျင်းပမယ့် အတုအရောင် ရွေးကောက် ပွဲကို မထောက်ခံမိဖို့ နိုင်ငံတကာကို အပြင်းအထန်တိုက်တွန်းချင်ပါတယ်။” (Antony Blinken)
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ အတိုက်အခံလှုပ်ရှားသူလေးဦး ကွပ်မျက်သတ်ခံရတာအပါအဝင် မြန်မာအကျပ်အတည်းအခြေအနေတွေကို စိုးရိမ်တကြီးဆွေးနွေးခဲ့ကြတယ်လို့ အခု ဇူလိုင် ၅ ရက် သောကြာနေ့မှာထုတ်ပြန်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။
ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်နိုင်ငံက ပြောင်ပြောင်တင်းတင်း စစ်ရေးလေ့ကျင့်နေတဲ့အတွက် တရုတ်နဲ့ ထိုင်ဝမ်ကြားက ပဋိပက္ခ ပိုဆိုးမသွားအောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်လာတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antonly Blinken ဟာ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် Hun Sen နဲ့ သီးခြားစီတွေ့ဆုံခဲ့သလို တက်ရောက်လာတဲ့ ဒေသတွင်းနိုင်ငံခြားရေးဝန်ကြီးတွေနဲ့လည်း အစည်းအဝေးအပြင်ပန်းမှာ တဦးချင်းတွေ့ဆုံပါတယ်။
ရုရှားလူမျိုးတွေကိုမုန်းတီးကြောင်း ဒေါသတကြီးပြောဆိုခဲ့တဲ့ နော်ဝေကောင်စစ် ဝန်ကို နိုင်ငံကနေမောင်းထုတ်လိုက်ကြောင်း ရုရှားအစိုးရက ဒီကနေ့ ပြောပါတယ်။
အာဆီယံနဲ့ မြန်မာစစ်ကောင်စီအကြား သဘောတူညီမှုရရှိထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စစ်ကောင်စီဘက်က အမှန်တကယ် အကောင်အထည်ဖော်လိုတဲ့ဆန္ဒ မတွေ့ရဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက မနေ့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်