စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တောင်ပိုင်း သာယာကုန်းကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေရှိနေပြီး ဖမ်းဆီးခံရတဲ့ဒေသခံတချို့ သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ကပြောပါတယ်။
ရန်ကုန်မြို့မှာ ဇူလိုင် ၃၀ ရက်က ဆန္ဒပြပွဲသတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota ကို စစ်ဆေးမေးနေဆဲဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။
မြန်မာနိုင်ငံတည်ငြိမ်အောင် စစ်ကောင်စီရဲ့အားထုတ်မှုတွေအပေါ် ရုရှားက ထောက်ခံတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးကပြောကြားလိုက်သလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ကောင်စစ်ဝန်ရုံးတွေအပြန်အလှန်တိုးချဲ့ဖို့နဲ့ စီးပွါးရေး၊ နိုင်ငံရေးလူမှုရေး နဲ့ ပညာတော်သင်ကိစ္စတွေဆွေးနွေးခဲ့ကြောင်းပြောပါတယ်။
Al Qaeda ခေါင်းဆောင် al-Zawahiri ကိုအမေရိကန်က အဝေးထိန်း Drone နဲ့ သုတ်သင်ခဲ့ပြီးနောက် ကမ္ဘာတဝန်းမှာရှိတဲ့ အမေရိကန်တွေအပေါ် ဆန့်ကျင်အကြမ်းဖက်မှုတွေ တိုးလာနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ ထိုင်ဝမ်ကျွန်းကိုမသွားဖို့ တရုတ်အစိုးရက အကြိမ်ကြိမ် တားမြစ်၊ သတိပေး၊ ခြိမ်းခြောက်မှုတွေ လုပ်နေတဲ့ကြားက အခု ထိုင်ဝမ်ကျွန်းကို ရောက်ရှိသွားပါပြီ။
အာဆီယံစည်းဝေးပွဲကိုတက်ဖို့ ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မှာရောက်နေကြတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဒီကနေ့ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေးအပါအဝင် တခြားအကြောင်းအရာတွေကို ကြိုတင် ဆွေးနွေးခဲ့ကြပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်ဟာ မနက်ဖြန် သြဂုတ် ၃ ရက် ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကိုသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာဇာခါရိုဗာက ဒီကနေ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားသွားတာကို ကိုးကားပြီး ရုရှားအစိုးရပိုင် Tass မှာ ဖော်ပြထားပါတယ်။
PTTEP ကုမ္မဏီရဲ့ မုတ္တမပင်လယ်ကွေ့ ဇောတိကလုပ်ကွက်ကထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံဆီပို့ပေးတဲ့ ပိုက်လိုင်းပေါက်နေလို့ ဓာတ်ငွေ့တင်ပို့မှု ယာယီရပ်ဆိုင်းထားပြီး အသေးစိတ်သိရဖို့ စုံစမ်းစစ်ဆေးနေပါတယ်။
မြန်မာစစ်တပ်က ဆိုးရွားတဲ့ကွပ်မျက်မှုတွေနဲ့ပတ်သက်လို့ စိတ်မကောင်းဖြစ်ရကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Daniel J. Kritenbrink က NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးနဲ့ လူကိုယ်တိုင်တွေ့ပြီး ပြောခွင့်ရခဲ့တယ်လို့ ရန်ကုန် အမေရိကန်သံရုံးရဲ့ Facebook လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြသူတွေကို ဖမ်းချုပ်ထားတုန်း စစ်တပ်ဟာ ညှင်းပန်းနှိပ်စက်၊ ဒါမှမဟုတ် ရက်စက်ကြမ်းကြုတ်စွာ ပြုမူဆက်ဆံခဲ့ပြီး အဆင့်တိုင်းမှာ ဥပဒေကို ချိုးဖောက်ခဲ့တယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (AI) က မနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ ဒီကနေ့ အင်္ဂါနေ့နှောင်းပိုင်း ည ၁၀ နာရီခွဲလောက်မှာ ထိုင် ဝမ်ကျွန်းကို ရောက်လာမယ်လို့ ထိုင်ဝမ်မီဒီယာမှာ ရေးသား ဖော်ပြကြပါတယ်။
ပို့ကုန်ကရလာမယ့် အမေရိကန်ဒေါ်လာကို ပြည်တွင်းဘဏ်ထဲကို အရင်ကြိုပြီး ထည့်ပေးရမယ်ဆိုတဲ့ စီမံဘဏ္ဍာဌာနရဲ့ ညွှန်ကြားချက်ကြောင့် ဒေါ်လာကိုပြည့်မီအောင် မရှာပေးနိုင်တဲ့အတွက် လိုင်စင်အသစ် ထပ်လျှောက်ဖို့လည်း မလွယ်ကူတော့ဘူးလို့ ပို့ကုန်သမားတွေက ပြောပါတယ်။ သွင်းကုန်သမားတွေလိုအပ်တဲ့ ဒေါ်လာကိုလည်း ရောင်းမပေးပဲရှိနေပါတယ်။
ဒီကနေ့ တနင်္လာနေ့စပြီး ယူကရိန်းနိုင်ငံ Odesa ဆိပ်ကမ်းကနေ နှံစား သီးနှံတွေကို ပြန်တင်ပို့နေပြီး ဆီယာရာ လီယွန် အလံတင် ကုန်တင်သင်္ဘော Razoni ဟာ လက်ဘနွန်ကိုတင်ပို့မယ့် ပြောင်းတွေကို တင်ဆောင်ပြီး ဆိပ်ကမ်းကနေ ပထမဆုံးအဖြစ် ထွက်ခွာသွားပါတယ်။
ဒီသီတင်းပတ် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်ရမှာမဟုတ်ဘူးလို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပြီး ဒီ အစည်းအဝေးမှာ မြန်မာ့နိုင်ငံရေးအကျပ်အတည်း၊ တောင်တရုတ်ပင်လယ်အရေးနဲ့ အရှေ့တီမော အာဆီယံဝင်ခွင့်တို့ကို ဆွေးနွေးကြမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုပုံစံမျိုးစုံကို ချက်ချင်းရပ်ဆိုင်းဖို့ အာဆီယံအစိုးရများရဲ့ လူ့အခွင့်အရေး ကော်မရှင် (AICHR) ရဲ့ တောင်းဆိုချက်မှာ ဖိလစ်ပိုင်နိုင်ငံကလည်း ပူးပေါင်း တောင်းဆိုလိုက်ပါတယ်။
တနင်္ဂနွေနေ့က မြန်မာနိုင်ငံမှာ ဆန္ဒပြပွဲကိုသတင်းယူရင်းဖမ်ဆီးခံရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota ပြန်လွှတ်ပေးဖို့အတွက် ဂျပန်အစိုးရက မြန်မာကောင်စီကို တောင်းဆိုလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သဘောတူညီချက် ကို ပြန်လည်ဝင်ရောက်ဖို့ အစီအစဉ်မရှိဘူးလို့ သမ္မတ Ferdinand Marcos Jr က တနင်္လာနေ့က ပြောလိုက်ပါတယ်။
၂၀၂၀ ခုနှစ် နဲ့ နှိုင်းယှဉ်လိုက်ရင် ၂၀၂၂ ပထမ ၆ လမှာ အလုပ်အကိုင် ၁.၁ သန်း မြန်မာနိုင်ငံမှာ လျော့နည်းသွားတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ကြီး (ILO) က ခန့်မှန်းလိုက်ပါတယ်။ အမျိုးသမီးတွေက အမျိုးသားတွေထက် အလုပ်အကိုင်ဆုံးရှုံးမှု ပိုများခဲ့တယ်လို့လည်း (ILO) က ဆိုပါတယ်။
ဒီအပတ် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ မြန်မာအပေါ် တင်းတင်းမာမာအရေးယူဖို့ တွန်းကြရာမှာ မလေးရှားက ဦးဆောင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
မန္တလေးတိုင်း ပြင်ဦးလွင် မြို့နယ်မှာ တနင်္ဂနွေနေ့ မနက် ၆ နာရီ ၁၅ မိနစ်လောက်မှာ မိုးသည်ထန်ပြီး ရပ်ကွက်ကြီး ၁ နဲ့ ရပ်ကွက်ကြီး ၄ အတွင်း ရေကြီးတာကြောင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။ ပြင်ဦးလွင်ကလမ်းတွေမှာ ရေတွေ ပြည့်လျှံနေပြီး ကားတွေ အိမ်တွေ နစ်မြုပ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်