မျောက်ကျောက်ရောဂါ ကူးစက် ပျံ့နှံ့မှုကြောင့် နယူးယောက်မှာ အများပြည်သူ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ နယူးယောက် မြို့တော်ဝန် Eric Adams နဲ့ ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးဆိုင်ရာဌာန ကော်မရှင်နာ ဒေါက်တာ Ashwin Vasan တို့က စနေနေ့မှာ ကြေညာခဲ့တာပါ။
ယူရို ၂၀၂၂ အမျိုးသမီး ဥရောပဖလား ဘောလုံးပွဲမှာတော့ အင်္ဂလန်အမျိုးသမီးအသင်း ဗိုလ်စွဲပြီး ချန်ပီယံဖြစ်သွားပါတယ်။ ဒါဟာ အင်္ဂလန်အမျိုးသမီးအသင်းအတွက်တော့ ဥရောပဖလားကို ပထမဆုံးအကြိမ် ရလိုက်တာဖြစ်ပါတယ်။ အိမ်ရှင် အင်္ဂလန်နဲ့ ဂျာမနီတို့ ကစားတာမှာ အချိန်ပိုမှာ ၂ ဂိုး ၁ ဂိုး နဲ့နိုင်ပြီး ဗိုလ်စွဲသွားခဲ့တာဖြစ်ပါတယ်။
ခရိုင်းမီးယား ကျွန်းဆွယ်ပေါ်က ရုရှားရဲ့ ပင်လယ်နက် ရေတပ် ဌာနချုပ်ကို လက်ဖြစ် အဝေးထိန်း ဒရုန်းယာဉ်နဲ့ သယ်ဆောင်လာတဲ့ ဖောက်ခွဲ ပစ္စည်း ထိမှန်ပြီး ၆ ဦး ဒဏ်ရာရကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တို့က ပြောပါတယ်။ ရုရှားရဲ့ မစ်ဇိုင်းဒုံး တိုက်ခိုက်မှုအတွင်း ယူကရိန်း သီးနှံ ကုန်သည် တဦး သေဆုံးခဲ့ရပါတယ်။
ဒီမိုကရေစီရေး လှုပ်ရှားသူ (၄) ဦးကို စစ်ကောင်စီက သေဒဏ်စီရင်လိုက်တာကြောင့် မြန်မာ့အရေး လှုပ်ရှားမှုတွေနဲ့ နိုင်ငံတကာ အာရုံစိုက်မှုတွေ အားကောင်းလာကြောင်း နိုင်ငံတကာရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ အမေရိကန် အပါအဝင် ပြည်ပမှာလည်း စနေနေ့က သေဒဏ်စီရင်မှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာပါ။
ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူတဦးကို ရန်ကုန်မြို့မှာ စနေနေ့က အာဏာပိုင်တွေ ဖမ်းဆီးသွားပါတယ်။ ဂျပန်လူမျိုး Toru Kubota ကို ဒဂုံမြို့သစ်တောင်ပိုင်းမှာ စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားသူတချို့နဲ့အတူ ဖမ်းဆီးသွားကြောင်း ပြည်တွင်းသတင်းကဖော်ပြသလို၊ ဂျပန်သတင်းဌာန Nikkei Asia ကလည်း ဖော်ပြခဲ့ပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဟာ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့နဲ့အတူ သောကြာနေ့မှာ အာရှခရီးစဉ် စတင်မယ့်အကြောင်း သတင်းတွေ ထွက်ပေါ်လာပေမဲ့ ထိုင်ဝမ်ကို သွား၊မသွား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ အစောပိုင်းမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ခရီးထွက်မယ့်ရက်အတိအကျကို လွှတ်တော်ဥက္ကဋ္ဌကမပြောပါဘူး။
ယူကရိန်းအရှေ့ဖက် ဒွန်ညက် ဒေသတွင်းက Olenivka မြိုမှာရှိတဲ့ အကျဉ်းထောင်တခုကို သောကြာနေ့က မစ်ဇိုင်းဒုန်း ထိမှန်ခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့ ယူကရိန်း စစ်သုံ့ပန်းတွေ သေဆုံးခဲ့ရပြီး၊ ပစ်ခတ်မှုအတွက် ယူကရိန်းနဲ့ရုရှားတို့ အပြန်အလှန်စွပ်စွဲကြပါတယ်။ အကျဉ်းသား ၄၀ သေဆုံးပြီး၊ ၇၅ ဦးဒဏ်ရာရခဲ့တယ် လို့ပြောဆိုပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ လာမယ့် အရှေ့တောင်အာရှ ခရီးစဉ်မှာ မြန်မာ့အရေး ဆွေးနွေးဖို့ ရှိနေပါတယ်။ အမေရိကန်-အာဆီယံ ဝန်ကြီးအဆင့် အစည်းအဝေးအတွက် ရှေ့သီတင်းပတ်ထဲ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်မှာဖြစ်ပြီး၊ မြန်မာ့အရေး အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်း ကိစ္စတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်းအပေါ် ယူကရိန်းတပ်တွေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် Mariupol တိုက်ပွဲမှာ ဖမ်းမိထားတဲ့ ယူကရိန်းစစ်သုံ့ပန်း ၄၀ ထက်မနည်း သေဆုံးသွားတယ်လို့ ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသမားတွေက ပြောပါတယ်။
ကယ်လီဖိုနီးယားပြည်နယ်ရှိ ဆန်ဖရန်ဆစ္စကိုမြို့မှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှု တိုးလာနေတာကြောင့် သတိထားရမယ့် လူထုကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် မြို့တော်ဝန်က ဒီနေ့ ကြေညာလိုက်ပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိုင်ငံပဋိပက္ခအဆုံးသတ်ရေး အရေးကြီးတဲ့ ဆုံးဖြတ်ချက် တခု ချမှတ်ဖို့လိုအပ်နေပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကတိုက်တွန်းလိုက်ပါတယ်။
ပြည်တွင်းမှာ အကြမ်းဖက်အစွန်းရောက်ဝါဒ မြင့်တက်နေတယ်လို့ အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းရဲ့ သုံးသပ်ချက်တွေနဲ့ တရားရေးဌာန အမြင်တူတယ်လို့ အမေရိကန်အမျိုးသားလုံးခြုံရေးဌာနရဲ့ လက်ထောက်ရှေ့နေချုပ် Matthew Olsen က အောက်လွှတ်တော် တရားရေးကော်မတီကြားနာပွဲမှာ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။
အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်ကို သွားရောက်မယ့်အစီအစဉ်အပေါ် တရုတ်တို့ ဘက်က မကျေမနပ်ဖြစ်နေချိန်မှာ အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ ဒီနေ့ကြာသပတေးမနက်က Online ကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်နဲ့ ဘယ်လို စစ်ရေးပဋိပက္ခမျိုးမဆို မြောက်ကိုရီးယားက အဆင်သင့်ပြင်ဆင်ထားတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ဗုဒ္ဓဟူးနေ့မှာ သတိပေးပြောဆိုတဲ့အကြောင်း နိုင်ငံပိုင်မီဒီယာတွေက ဒီကနေ့ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးလှုပ်ရှားသူ ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နဲ့ ကိုလှမျိုးအောင်တို့ကို ကွပ်မျက်လိုက်တဲ့အပေါ် ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချတယ်လို့ စီးပွားအင်အားကြီး ၇ နိုင်ငံက ပြောကြားလိုက်ပါတယ်။
အမေရိကန်က ပိတ်ဆို့အရေးယူမှာကိုစိုးရိမ်တဲ့အတွက် ရုရှားလုပ် သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ် ၁၆ စီး ဝယ်ယူမယ့်အစီအစဉ်ကို ဖိလစ်ပိုင်အစိုးရ ဖျက်လိုက်ကြောင်း အရင်ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က အေပီသတင်းဌာနကို အင်္ဂါနေ့က ပြောပါတယ်။
“နယူးဇီလန်နိုင်ငံက သေဒဏ်ချမှတ်တာကို ကာလရှည်ကြာ ဆန့်ကျင်လာတဲ့နိုင်ငံဖြစ်တာကြောင့် မြန်မာစစ်ကောင်စီက အခုလို ကွပ်မျက်လိုက်တဲ့အပေါ် အပြင်းထန် ဆုံးနည်းလမ်းနဲ့ ကန့်ကွက်ကြောင်း ဇူလိုင်လ ၂၆ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပြီး ကန့်ကွက်ခဲ့ပါတယ်” (နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး Nanaia Mahuta)
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရ ရေရှည်တည်တံ့နိုင်မယ့် နည်းလမ်းရနိုင်အောင် သက်ဆိုင်သူအားလုံးက ကြိုးပမ်း ဆောင်ရွက်ကြဖို့နဲ့ အသက်ဆုံးရှုံးမှုတွေ မရှိအောင် လုပ်ဆောင်ကြဖို့ ထိုင်းနိုင်ငံခြားရေးဌာနက မနေ့ အင်္ဂါနေ့မှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့အိမ်နီးချင်းတွေက မြန်မာနိုင်ငံအပေါ် အရေးယူရမယ့်အချိန်ကို ရောက်နေပြီလို့ အထက်လွှတ်တော် ရီပါဘလီကန်ပါတီအမတ်များ ခေါင်းဆောင် Mitch McConnell က အမေရိကန်အထက်လွှတ်တော်မှာ ပြောလိုက်ပါတယ်။
မလေးရှားနဲ့ တောင်ကိုရီးယားနိုင်ငံတို့ က ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်ခဲ့တာအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်