၈၈ မျိုးဆက် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော်တို့နဲ့အတူ နောက်ထပ် ၂ ယောက်ကို ကွပ်မျက်လိုက်တာဟာ ပြစ်တင်ရှုတ်ချဖွယ်ကောင်းတဲ့အပြင် မြန်မာ့အရေး ငြိမ်းချမ်းစွာအဖြေရှာနိုင်ရေး အာဆီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို ပံ့ပိုးပေးရာ မရောက်ဘူးလို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားက ဝေဖန်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ သမ္မတသစ်အဖြစ် ကျောင်းဆရာမကနေ နိုင်ငံရေးလောကထဲ ဝင်လာတဲ့ ပထမဆုံး တောင်ပေါ်လူမျိုးစုအနွယ်ဝင် အမျိုးသမီး Droupadi Murmu (ဒရူပဒီ မာရ်မူ) ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုပါတယ်။
အင်ဒိုနီးရှားသမ္မတ ဝီဒိုဒိုဟာ တင်းကျပ်တဲ့ ကိုဗစ် 19 သတ်မှတ်ချက်တွေအောက်မှာ တရုတ်နိုင်ငံကို ရှားရှားပါးပါး လာရောက်တဲ့ နိုင်ငံခြားခေါင်းဆောင်တယောက် ဖြစ်ပြီး နိုဝင်ဘာလလယ်လောက်မှာ အိမ်ရှင်အဖြစ်ကျင်းပမယ့် G20 စီးပွါးရေးထိပ်သီးတွေရဲ့အစည်းအဝေးအတွက် အခုလို သွားတာဖြစ်မယ်လို့ ယူဆကြပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော် တို့နဲ့အတူ နောက်ထပ် ၂ ယောက်ကို ကွပ်မျက်လိုက်တဲ့သတင်းကြောင့် သူ့အနေနဲ့ အင်မတန် ဒေါသထွက်၊ ယူကျုံးမရဖြစ်ရတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန် Tom Andrews ကပြောကြားပါတယ်။
တရုတ်နိုင်ငံက အမြဲတမ်းအာကာသစခန်းရဲ့ ဒုတိယထိန်းချုပ်ရေးစခန်းကို တနင်္ဂနွေနေ့က လွှတ်တင်လိုက်ပြီး ပထမလွှတ်တင်ထားပြီး စခန်းနဲ့ သွားရောက် ချိတ်ဆက်ရဦးမှာ ဖြစ်ပါတယ်။
ယူကရိန်းမှာ အမေရိကန်က ဇီဝလက်နက်တွေ ထုတ်လုပ်နေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲလိုက်ပါတယ်။
ယူကရိန်းကျူးကျော်စစ်ကြောင့် ကြုံတွေ့နေရတဲ့ ပိတ်ဆို့အရေးယူခံရတာတွေ၊ အကြဉ်ခံရတာတွေ သက်သာဖို့အတွက် ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ဟာ အီဂျစ်တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ တနင်္ဂနွေနေ့က ကိုင်ရိုမြို့ကို ရောက်ရှိနေပါတယ်။
သီရိလင်္ကာဝန်ကြီးချုပ်ဟောင်း Ranil Wickremesinghe ဟာ တိုင်းပြည်ရဲ့ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီး IMF နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ထံက ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ ချေးငွေရရှိနိုင်ရေးအတွက် ပါတီပေါင်းစုံပါဝင်တဲ့ အစိုးရဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းမယ့်အကြောင်း ကတိပြုလိုက်ပါတယ်။
တရုတ်စစ်တပ်က လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အရေးပါပါ ပိုပြီး ရန်မူ၊ ပိုပြီး အန္တရာယ်ရှိလာတယ်လို့ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Mark Milley က ပြောလိုက်ပါတယ်။
စနေနေ့က ယူကရိန်းဆိပ်ကမ်းမြို့ Odesa ကိုမစ်ဇိုင်းနဲ့ တိုက်ခိုက်ခဲ့ခြင်းမရှိလို့ရုရှား ဘက်ငြင်းဆိုကြောင်းတူရကီနိုင်ငံကပြောဆိုပါတယ်။
မျောက်ကျောက်ရောဂါ အလျှင်အမြန် ပျံပွားကူးစက်နေတာဟာ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး အခြေအနေတရပ် ဖြစ်တယ်လို့ ကမ္ဘာကျန်းမာရေးအဖွဲ့ချုပ် WHO ညွှန်ကြားရေးမှူးချုပ် Tedros A Ghebreyesus က စနေနေ့က သတင်းမီဒီယာတွေကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အလားအလာ အများကြီးရှိတယ်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ကတိပြု ပြောကြားခဲ့ကြောင်း ဇူလိုင်လ ၂၁ ရက်နေ့ကဖနွမ်းပင်မြို့တော်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံအတွက် အထူးဆွေးနွေးပွဲမှာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးက ထပ်မံအတည်ပြု
ဌာနနှစ်ခုက အကြီးအကဲနှစ်ယောက်ကို မနေ့က ရာထူးကဖယ်ရှားပြီးတဲ့နောက် ယူကရိန်းသမ္မတက တာဝန်ရှိသူ ၂၈ ဦးကိုလည်း တာဝန်က ရပ်ဆိုင်းထားလိုက် ပါတယ်။
အာဆီယံရဲ့ကဏ္ဍအလိုက် မိတ်ဘက်နိုင်ငံဖြစ်ရေးနဲ့ ရိုဟင်ဂျာဒုက္ခသည်များ ပြန်ပို့ဖို့ ကူညီရေးအတွက် ကမ္ဘောဒီးယားနိုင်ငံကကူညီဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက တောင်းဆို တိုက်တွန်းလိုက်ပါတယ်။
ထိုင်းနိုင်ငံက အစိုးရဆန့်ကျင်ဆန္ဒပြသူဒါဇင်နဲ့ချီရဲ့ လက်ကိုင်ဖုန်းတွေထဲကို အစ္စရေးလုပ် Pegasus ထောက်လှမ်းရေး spyware ထည့်ထောက်လှမ်းခံရတယ်လု့ိ နိုင်ငံတကာ ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
ရုရှားတို့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ ထောက်လှမ်းရေးဌာနနဲ့ တရားစွဲဆိုရေးဌာနထဲက ဝန်ထမ်းဟောင်း အများအပြား ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်နေတာကြောင့် လုံခြုံရေးဌာနအကြီးအကဲနဲ့ အစိုးရအမှုလိုက် ရှေ့နေချုပ်တို့ကို တနင်္ဂနွေနေ့က ရာထူးကဖယ်ရှားလိုက်ကြောင်း သမ္မတ Zelenskyy ကပြောပါတယ်။
အမေရိကန် NASA နဲ့ ရုရှား Roscosmos အာကာသအေဂျင်စီ ၂ ခုတို့ဟာ နိုင်ငံတကာ အာကာသစခန်းကို သွားရောက်တဲ့ ပျံသန်းမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် ရေရှည်သဘောတူညီချက်တရပ်ကို လက်မှတ်ထိုးကြပါတယ်။
လူဦးရေ ၁၀ သန်းထက်မနည်းရှိတဲ့ Los Angeles County မှာ ကိုဗစ်ကြောင့် ဆေးရုံတက်ရသူ အခုအတိုင်းဆက်သွားမယ်ဆိုရင် အဆောက်အဦးတွေထဲမှာ နှာခေါင်းစည်းတပ်တဲ့ စည်းကမ်းကို ဒီလကုန်ပိုင်းမှာ ပြန်လည် ထုတ်ပြန်ဖို့ရှိနေပါတယ်။
ပါလက်စတိုင်းအနေနဲ့ အစ္စရေးနဲ့ ငြိမ်းချမ်းရေးကိုဦးတည်တဲ့ နိုင်ငံရေးလမ်းကြောင်းတခု လိုအပ်တယ်လို့ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်းကိုသွားရောက်ခဲ့တဲ့ အမေရိကန်သမ္မတ Joe Biden က ပြောကြားခဲ့ပါတယ်။
NLD အစိုးရလက်ထက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာသုံးပြီး ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရအောင်လုပ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားတဲ့အမှုအတွက် သူ့အနေနဲ့ ဘာအမှားမှ မလုပ်ခဲ့ဘဲ ဥပဒေနဲ့အညီသာ ဆောင်ရွက်ခဲ့တယ်လု့ိ ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်