သီရိလင်္ကာနိုင်ငံမှာ ဝန်ကြီးချုပ် Ranil Wickremesinghe ယာယီသမ္မတအဖြစ် ဒီနေ ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး လွှတ်တော်က သမ္မတသစ်ကို ရွေးချယ် မခန့်အပ် ခင် အထိ Wickremesinghe က ယာယီသမ္မတအဖြစ် တာဝန်ယူသွားရမှာဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံကထွက်ပြေးသွားတဲ့ သမ္မတ Gotabaya Rajapaksa ဟာ မော်လ်ဒိုက်စ်နိုင်ငံကနေ စင်္ကာပူကိုရောက်ရှိနေပြီး၊ စင်္ကာပူမှာရှိတဲ့ သီရိလင်္ကာနိုင်ငံသံရုံးကတဆင့် သမ္မတအဖြစ်မှ နှုတ်ထွက်ကြောင်း တရားဝင်စာကို လွှတ်တော်ပြောရေးဆိုခွင့်ရှိသူထံ ပေးပို့လိုက်ပါတယ်။ စီစစ်ပြီးတဲ့အခါ လွှတ်တော်ကတရားဝင်ကြေညာဖို့ ရှိပါနေတယ်။
Merchant of Death - မရဏ ကုန်သည်လို့ သမုတ်ကြပြီး ဟောလီးဝုဒ် ရုပ်ရှင်ကား အဖြစ်လည်း ဖန်တီးခဲ့ကြတဲ့ ရုရှား လက်နက် ကုန်သည်တဦး ပြန်ပြီး သတင်းကြီးနေပါတယ်။ အကျဉ်းသား လဲလှယ်ရေး အစီအစဉ်နဲ့ လက်နက်ကုန်သည် Viktor Bout ဟာ အမေရိကန်ကနေ ရုရှားနိုင်ငံကို ပြန်ပို့နိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြတာပါ။
ရသေ့တောင်နဲ့ပုဏ္ဏားကျွန်းကားလမ်းကို စစ်ကောင်စီက ပိတ်ထားတာကြောင့် ဒေသခံတွေ အခက်ကြုံနေရပါတယ်။ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ အပြန်အလှန်ဖမ်းဆီးမှုဖြစ်ခဲ့တဲ့နောက်ပိုင်း ပိတ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။ ကားလမ်းကို ပိတ်ထားတာကြောင့် ရေကြောင်းကနေ တဆင့်သွားနေရပြီး အဆင်မပြေဖြစ်နေကြပါတယ်။
ယူကရိန်း အလယ်ပိုင်းမြို့က စစ်ရေးအရ အရေးမပါတဲ့ Vinnytsia မြို့ကို ရုရှားတွေ တိုက်ခိုက်တာဟာ ဗြောင်အကြမ်းဖက်လုပ်ရပ်လို့ ယူကရိန်းသမ္မတက ပြောလိုက်ပြီး ဒီပစ်ခတ်မှုအတွင်း ကလေးတဦးအပါအဝင်အနည်းဆုံး ၁၂ ဦး သေပြီး ၂၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
အစ္စရေးနိုင်ငံမှာ ဒုတိယနေ့အဖြစ်ရောက်နေတဲ့ အမေရိကန်သမ္မတ Joe Biden နဲ့ အစ္စရေးအိမ်စောင့်အစိုးရဝန်ကြီးချုပ် Yair Lapid တို့ Jerusalem မြို့မှာ ဒီနေ့တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာဆိုင်ရာ ဗြိတိန်သံရုံးတာဝန်ခံပြောတဲ့ မြန်မာနိုင်ငံက ထွက်သွားရခြင်းအကြောင်းရင်းက မမှန်ပါဘူးလို့ မြန်မာစစ်ကောင်စီက ငြင်းလိုက်ပြီး ဗြိတိန်သံအမတ်ကြီး ခန့်အပ်လွှာမပေးဘဲ နိုင်ငံထဲ ဆက်နေသွားဖို့ ကြိုးစားခဲ့တာဟာ သံတမန် ကျင့်ဝတ်နဲ့မညီဘူးလို့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနကဝေဖန်ပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် Boris Johnson နေရာမှာ အစားထိုးမယ့်သူတွေကို မဲခွဲရွေးချယ်နေရာမှာ အခုနောက်ဆုံး ယှဉ်ပြိုင်သူ ကိုယ်စားလှယ် ၆ ဦးပဲ ကျန်ပါတော့တယ်။ ဒီမဲပေးမှုနဲ့ပတ်သက်ပြီး ကျနော်တို့ သဘောတူညီထားတဲ့ စည်းမျဉ်းစည်းကမ်း အတိုင်း Jeremy Hunt နဲ့ Nadhim Zahawi တို့ထွက်သွားရပါပြီ။
ဗြိတိန်နိုင်ငံမှာ အာဏာရ Conservative ပါတီခေါင်းဆောင်နေရာဝင် အရွေးခံဖို့ နာမည်ပေးထားသူတွေထဲက ပါတီဝင် လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုရလို့ ခေါင်းဆောင် ပြိုင်ဆိုင်ခွင့်ရသူ ၈ ယောက် နာမည်စာရင်းကို ပါတီရေးရာလွှတ်တော်ကော်မတီဥက္ကဋ္ဌက ဒီနေ့ ကြေညာလိုက်ပါတယ်။
“ကျနော့်ဆီမှာ ကျနော်ပြုစုထားတဲ့ စာရင်းအရ နကစက ဖမ်းဆီးထားတဲ့ လူစုစုပေါင်းက ၃၂ ဦးကို ပုဒ်မ ၅၀၅-က ရယ်၊ ၅၀၅-ခ တွေနဲ့ တရားစွဲထားတယ်၊ စုစုပေါင်းရခိုင် တပြည်နယ်လုံးဆိုရင် ၃၂ ဦးရှိတယ်ဗျာ။” (ကိုဝေဟင်အောင်-နိုင်ငံရေးအကျဉ်းသားဟောင်း)
အရှေ့အလယ်ပိုင်းကို ခရီးထွက်ခွာသွားတဲ့ အမေရိကန်သမ္မတ Joe Biden ဟာ ဒီကနေ့ အစ္စရေးနိုင်ငံကို ရောက်လာပြီး အစ္စရေးနိုင်ငံအနေနဲ့ ဒေသတွင်းမှာ တသားတည်းဖြစ်အောင် ပိုလုပ်ဖို့တိုက်တွန်းမယ်လို့ ခန့်မှန်းရပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးတာဝန်ခံ Pete Vowles က မြန်မာနိုင်ငံကနေ ဒီနေ့ ရုတ်တရက် ထွက်ခွာလိုက်ရပြီလို့ သူ့ရဲ့ Twitter စာမျက်နှာမှာ ဒီနေ့ဇူလိုင် ၁၃ ရက်နေ့စွဲနဲ့ ရေးသား အသိပေးခဲ့ပါတယ်။
မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်အတွင်း မြန်မာစစ်ကောင်စီနဲ့ ရုရှား နျူကလီယားစွမ်းအင်ကော်ပိုရေးရှင်းတို့ကြား နျူကလီယားစွမ်းအင်ဆိုင်ရာစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
“ ကျောင်းတွေမှာ ဗုံးကွဲတာတော့ မကောင်းဘူးပေါ့နော်။ ဒါပေမယ့် အခုဟာ ကျောင်းတော့ မဟုတ်ဘူးပေါ့နော်။ ကျောင်းနားမှာ သူတို့ လုံခြုံရေးယူထားတဲ့ လုံခြုံရေးတွေ လာတဲ့နေရာတွေကို ကွဲတာလို့တော့ ပြောတယ်။ အခုက မူဆယ်မြို့ က နေ့တိုင်းလိုလို ပစ်ခတ် လုယက် ခိုးဆိုး တော်တော်တော့ အန္တရာယ်များနေတယ်။ (ဒေသခံ)
ရာထူးကထွက်ပေးဖို့ ကြေညာထားတဲ့ သီရိလင်္ကာ သမ္မတမိသားစုဟာ ပြည်ပကို ထွက်ခွာဖို့ ကြိုးပမ်းနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ သီရိလကာၤ သမ္မတ Gotabaya Rajapaksa နဲ့ မိသားစုဝင်တွေ အာရပ်စော်ဘွားများ ပြည်ထောင်စု UAE ကို ထွက်ခွာမယ့် အရေးကို တားမြစ်ခံရကြောင်း အင်္ဂါနေ့က သတင်းထွက်ခဲ့တာပါ။
ရုရှားနဲ့ မြန်မာကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မယ့် အကြောင်း စစ်ကောင်စီ အကြီးအကဲ နဲ့ ရုရှား ကာကွယ်ရေး ဌာန တာဝန်ရှိသူတွေကြား ဇူလိုင်လ ၁၁ ရက်နေ့က ဆွေးနွေးခဲ့ကြပြီးနောက် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အင်္ဂါနေ့မှာ ပြောဆိုလိုက်သလို မြန်မာ နိုင်ငံပိုင် သတင်းတွေမှာလည်း ဖော်ပြကြပါတယ်။
IS အစ္စလာမ်စစ်သွေးကြွ အဖွဲ့ရဲ့ ထိပ်ပိုင်း ခေါင်းဆောင် ၅ ဦးထဲက တဦးကို ခြေရာခံထောက်လှမ်းပြီး ဆီးရီးယား အနောက်မြောက်ပိုင်းမှာ အဝေးထိန်းဒရုန်းနဲ့ သုတ်သင်လိုက်ကြောင်း အမေရိကန်က ကြေညာပါတယ်။
ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာက ဒေသခံ ၂ ထောင်လောက်ဟာ စစ်ဘေးရှောင်နေရတာအချိန်ကြာမြင့်ပြီး မိုးတွင်းကာလ ဖြစ်တဲ့အတွက် နာမကျန်းတဲ့သူတွေ များလာတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ ဒီပဲယင်းဘက်မှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေလို့ ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေရပါတယ်။
မြဝတီ, ဝေါ်လေသွား လမ်းမကြီးပေါ် မှာ KNLA နဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲတွေ ပါဝင်တဲ့ ကော်ဘရာ စစ်ကြောင်းနဲ့ စစ်ကောင်စီတပ်မ၄၄ လက်အောက်ခံတပ်ဖွဲ့ တွေဇူလိုင်လ ၁၂ရက်နေ့ မနက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင်အကျအဆုံးများပြီး လက်နက်ခဲ့ယမ်းအများအပြားသိမ်းဆည်းမိကြောင်းKNUကပြောပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါးရှောင်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲ တွေ ဆက်လက် ဖြစ်ပွားနေပြီး တိုက်ပွဲဖြစ်ရာနေရာအနီးက လယ်စိုက်နေသူအချို့ ပိတ်မိနေသလို အနီးအနားကျေးရွာက ဒေသခံ အချို့လည်း တိမ်းရှောင်နေကြပါတယ်။ စစ်ရေးအခြေအနေတင်း မာနေဆဲ ရှိကြောင်း KIA က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်