ဓာတ်ဆီဈေးချဖို့ OPEC (ခေါ်) ရေနံ ထုတ်လုပ်တင်ပို့တဲ့အဖွဲ့ဝင်နိုင်ငံများက ရေနံပိုမိုထုတ်အောင် အမေရိကန် သမ္မတဘိုင်ဒန်က ဒီအပတ် ဆော်ဒီ အာရေဗျ ခေါင်းဆောင်တွေနဲ့တွေ့တဲ့အခါ တိုက်တွန်းဖို့ ရှိတယ်လို့ အိမ်ဖြူတော် အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan က တနင်္လာနေ့က ပြောပါတယ်။
အသက် ၉၁ နှစ်အရွယ် ထင်ရှားတဲ့ စာပေနဲ့ကဗျာဆရာ မောင်သာနိုးဟာ ရန်ကုန်မြို့ SCC ဆေးရုံမှာ ဒီနေ့ ဝါဆိုလပြည့်နေ့ ညနေ ၆နာရီကျော်မှာ ကွယ်လွန် သွားတယ်လို့ ဆရာဦးသာနိုးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက စွဲဆိုတဲ့အမှုနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ကန့်ကွက်ချက်ကို အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က ဇူလိုင် ၂၂ ရက်နေ့ မှာ အဆုံးအဖြတ်ပေးမှာဖြစ်ကြောင်း မနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဒီကနေ့ အင်္ဂါနေ့မှာ ရုရှားနိုင်ငံ မော်စကိုမြို့တော်ကို ရောက်ရှိလာကြောင်းနဲ့ ရန်ကုန်-ရုရှားသံရုံးကတော့ ဒီခရီးစဉ်ဟာ သူ့ရဲ့ ပုဂ္ဂိုလ်ရေးခရီးစဉ်သာဖြစ်ကြောင်း Interfax သတင်းဌာနကို ပြောကြားခဲ့ကြောင်း AFP သတင်းမှာ ဖေါ်ပြထားပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်ဗိုင်းရပ်စ် မျိုးကွဲအသစ် BA.2.75 ကို တွေ့ရှိပြီး မြန်မြန်ဆန်ဆန် ပျံ့နှံ့ နိုင်တဲ့အတွက် သိပ္ပံပညာရှင်တွေ စိုးရိမ်နေကြပြီး ဒီမျိုးကွဲဟာ အရင်တုန်းက ကိုဗစ် ကူးစက်လို့ဖြစ်စေ၊ ကာကွယ်ဆေးထိုးလို့ဖြစ်စေ ကိုယ်ခံအားရရှိနေပေမယ့် ကူးစက်နိုင်ပါတယ်။
ဂျပန်နိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အရ လက်ရှိအာဏာရ ညွှန့်ပေါင်းအစိုးရ နိုင်ငံရေးပါတီတွေကပဲ အထက်လွှတ်တော် နေရာအများစုကို ပြန်အနိုင်ရခဲ့ပြီးနောက် ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေးကို ဆောင်ရွက်သွားမယ်လို့ ဝန်ကြီးချုပ် Fumio Kishida က ဒီကနေ့ ကတိပြုလိုက်ပါတယ်။
မြန်မာနိုင်ငံတဝန်းမြို့ကြီးတွေမှာ မျက်နှာပုံရိပ်ဖမ်း Facial recognition နည်းပညာသုံး တရုတ်နိုင်ငံလုပ် ကင်မရာတွေ တပ်ဆင်နေတဲ့အကြောင်း ဒီကိစ္စကို တိုက်ရိုက်သိပြီး ပါဝင်ပတ်သက်တဲ့ သူ ၃ ဦး ပြောပြတာကို ရိုက်တာသတင်းမှာ ဖေါ်ပြပါတယ်။
အရှေ့တောင်အာရှ ခရီးစဉ် အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antonly Blinken ဂျပန်နိုင်ငံကို ဒီနေ့ ကိုယ်တိုင်သွားရောက်ပြီး ဂျပန်ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံခဲ့ရမှုအပေါ် ဝမ်းနည်းကြောင်းပြသခဲ့ပါတယ်။
သီရိလင်္ကာသမ္မတ Gotabaya Rajapaksa ရာထူးကနေ ဆင်းပေးမယ်ဆိုတာ အတည်ပြုတယ်လို့ သီရိလင်္ကာဝန်ကြီးချုပ်ရုံးက ဒီနေ့ တနင်္လာနေ့မှာ ပြောကြားခဲ့ပေမယ့် သမ္မတအိမ်တော်ဝင်းကို သိမ်းပိုက်ထားတဲ့ ဆန္ဒပြသူတွေကတော့ တရားဝင်ထွက်သွားမှ အိမ်တော်ထဲက ဖယ်ပေးမယ်လို့ ပြောနေကြပါတယ်။
ယူကရိန်းကို ကျုးကျော်တိုက်ခိုက်နေတဲ့ ရုရှားနဲ့ တရုတ်အစိုးရက မဟာမိတ်ဖွဲ့နေတဲ့အပေါ် စိုးရိမ်ကြောင်း စက်မှုအင်အားကြီး နိုင်ငံ ၂၀ G-20 အစည်းအဝေး ကျင်းပနေတဲ့ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောလိုက်ပါတယ်။
လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe ရဲ့ ရုပ်အလောင်းသယ်ယူလာတဲ့ မော်တော်ယဉ်တန်းဟာ တိုကျိုမြို့တော်က နေအိမ်ကို စနေနေ့မှာ ရောက်ရှိလာပါတယ်။ တိုကျိုမြို့ နေအိမ်နဲ့ Nara မြို့ လုပ်ကြံခံခဲ့ရတဲ့နေရာတဝိုက်မှာတော့ ဝန်ကြီးချုပ်ဟောင်း သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးသူတွေ စနေနေ့ကစုဝေးခဲ့ကြတာပါ။
ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe မဲဆွယ်ပွဲတခုမှာ သေနတ်ပစ်ခံရလို့ သေဆုံးသွားခဲ့ပြီးနောက် နိုင်ငံတကာခေါင်းဆောင်တွေ ဝမ်းနည်းစကားပြောကြားသလို ဝန်ကြီးချုပ်ဟောင်းအသက်ရှင်ဖို့ သူ့ဆုတောင်း မပြည့်ခဲကြောင်းနဲ့ ဘယ်လိုမှ ခွင့်မလွှတ်နိုင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ လက်ရှိဂျပန်ဝန်ကြီးချုပ် Fumio Kishida ကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေမှာခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ဆန္ဒအရဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိနဲ့ ရေရှည်တည်တံ့တဲ့နေရပ်ပြန်နိုင်ရေး အစီအစဉ်တွေစတင်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံကိုတောင်းဆိုလိုက်ပါတယ်။
ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe စည်းရုံးမဲဆွယ်ပွဲတခုမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဂျပန်တာဝန်ရှိသူတွေရဲ့အပြောကို NHK သတင်းဌာက ထုတ်ပြန်ခဲ့ပြီးနောက် နိုင်ငံတကာခေါင်းဆောင်တွေ ဝမ်းနည်းစကား ပြောကြားနေကြပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ဟာ G-20 စည်းဝေးပွဲမစခင် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Catherine Colonna ၊ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock၊ ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ နိုင်ငံရေးဌာန လက်ထောက်အမြဲတမ်းအတွင်းဝန် Tim Barrow တို့နဲ့တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ရဲ့ မြန်မာနိုင်ငံခရီးစဉ်ကြောင့် အာဆီယံရဲ့ မြန်မာ့အရေး ကြိုးပမ်းမှုတွေကို ထိခိုက်မှာ စိုးရိမ်နေကြောင်း South China Morning Post က ဖော်ပြပါတယ်။ မြန်မာ့အကျပ်အတည်းပြသနာကို ဖြေရှင်းရာမှာ အာဆီယံကို ဖိအားပေးတာတွေ ရှိတယ်လို့ အကဲခတ်တွေ ပြောကြားချက်ကို ကိုးကားဖော်ပြထားတာပါ။
ယူကရိန်းစစ်ပွဲ ပထမ ၃လအတွင်းမှာ တကမ္ဘာလုံးမှာ လောင်စာ နဲ့ အစားအစာ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပြီး ငွေကြေးဖောင်းပွမှုတွေ စံချိန်တင်ဖြစ်လာကာ လူသန်းပေါင်း ၇၁ သန်းလောက်ကို ဆင်းရဲတွင်းကို တွန်းပို့ခဲ့ကြောင်း ကုလသမဂ္ဂလေ့လာမှုတရပ်က ကြာသပတေးနေ့မှာ ဖော်ပြထားပါတယ်။
ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးနဲ့ ထိပ်တန်းဝန်ကြီးတချို့၊ အစိုးရအဖွဲ့ဝင်တွေအပြင် ပါတီဝင်လွှတ်တော်အမတ် ၅၀ ထက်မနည်းက ဝန်ကြီးချုပ် Johnson ရဲ့ ဦးဆောင်မှုကို အယုံအကြည်မရှိဘူးလို့ဆိုပြီး နုတ်ထွက်ခဲ့ကြပြီးနောက် ပါတီခေါင်းဆောင်နေရာကနေ ဆင်းပေးမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ကြေညာခဲ့ပါတယ်။
NLD အစိုးရလက်ထက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအနေနဲ့တာဝန်ယူခဲ့သူ ဦးလှသိန်းအပါအဝင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟောင်း ၃ ယောက်ကို ထောင်ဒဏ် ၃ နှစ်စီချလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်