အာဂျင်တီးနားနိုင်ငံမှာ ၁၉၇၀ ကနေ ၁၉၈၀ ပြည့်နှစ်ပိုင်းတွေအတွင်း အာဏာရှင် အစိုးရလက်ထက်က လူသားထုအပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် စစ်တပ် အရာရှိဟောင်း ၁၉ ယောက်ကို ပြည်ထောင်စုတရားရုံးက နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။
အခုအချိန်မှာ ကားသစ်တွေဆိုတာက အရင်တပ်ဆင်ပြီးသား လက်ကျန်s tock တွေကိုပဲ ဈေးကွက်ထဲကို ပြန်ပို့နေတာ၊ ပြန်ရောင်းနေတာ။ အသစ်ထပ်ပြီး မဝင်တော့ဘူး။ အခုချိန်မှာ ဒီ stock တွေကလည်း ကုန်သွားပြီဆိုတော့ စက်ရုံ တော်တော်များများကတော့ အကုန်ရပ်နားသွားတယ်။" (ကားလုပ်ငန်းရှင်တဦး)
မြန်မာစစ်ကောင်စီအပေါ် နောက်ထပ် အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ဖို့ သြစတြေးလျအစိုးရက အလေးအနက် စဉ်းစားနေကြောင်း သြစတေးလျနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
Illinois ပြည်နယ် Highland Park မြို့မှာ ဇူလိုင် ၄ ရက် အမေရိကန်လွတ်လပ်ရေးနေ့ အခမ်းအနားပွဲမှာ လူ ၇ ဦး သေဆုံးခဲ့တဲ့ ပစ်ခတ်မှုနဲ့ စွဲချက်တင်ထားတဲ့ သေနတ်သမားကို ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး၊ ပစ်ခတ်မှုကျုးလွန်ကြောင်း ဝန်ခံထားတယ်လို့လည်း တာဝန်ရှိသူတွေကပြောပါတယ်။
နိုင်ငံပေါင်း ၅၈ နိုင်ငံမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားသူပေါင်း ၆ ထောင်ကျော်တွေ့ရှိပြီး ၈ဝ ရာခိုင်နှုန်းကျော်က ဥရောပမှာဖြစ်ပွားနေတာလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
မြန်မာနဲ့ ရုရှားစစ်ဖက်က ပူးတွဲဥက္ကဌအဖြစ် တာဝန်ယူကျင်းပမယ့် အကြမ်းဖက်မှုတန်ပြန်ဆောင်ရွက်ရေး အစည်းအဝေးကို တက်မှာမဟုတ်ဘူးလို့ နယူးဇီလန်နိုင်ငံတာဝန်ရှိသူကို ကိုးကားပြီး Myanmar Now သတင်းတရပ်က ဖော်ပြပါတယ်။
မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးက ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိအသုံးပြုနေတဲ့ တရုတ်ယွမ်ငွေအစား အမေရိကန်ဒေါ်လာကို ပြန်ပြီးအသုံးပြုဖို့ မြန်မာကုန်သွယ်ရေးဦးစီဌာနက တနင်္ဂနွေနေ့မှာ အသိပေးလိုက်ပါတယ်။ ရရှိလာတဲ့နိုင်ငံခြားငွေကို (၄၅) ရက်အတွင်း ပြည်တွင်းဘဏ်တွေမှာ ကျပ်ငွေနဲ့လဲလှယ်သွားရမယ်။
ယူကရိန်း တပ်ဖွဲ့တွေဟာ သူတို့ နောက်ဆုံး အခိုင်အမာ တပ်စွဲခဲ့တဲ့ Lysychansk မြို့ကနေ ဆုတ်ခွာသွားချိန်မှာပဲ သမ္မတ Vladimir Putin က ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Luhansk ပြည်နယ်မှာ ရုရှားတို့ အနိုင်ရကြောင်း ကြေညာလိုက်ပါတယ်။ ရုရှားတပ်ဖွဲ့တွေ Donetsk ပြည်နယ်ကို တိုက်ခိုက်ဖို့ ချက်ချင်းပဲလုပ်ဆောင်လာပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံ Mecca မြို့မှာ ကမ္ဘာအရပ်ရပ်က အစ္စလာမ်ဘာသာဝင် Hajj ဘုရားဖူးတွေနဲ့ စည်ကားနေပါတယ်။ Covid-19 ကပ်ရောဂါကြောင့် မက္ကာမြို့မှာ တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းတွေ ၂ နှစ်ကြာချမှတ်ခဲ့တာတဲ့နောက်ပိုင်း ခုလိုပြန်ပြီး စည်းကားလာတာပါ။
ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသက ယူကရိန်းတွေထိန်းချုပ်ထားဆဲဖြစ်တဲ့ နောက်ဆုံးမြို့ Lysychansk ကို သိမ်းပိုက်ခဲ့တယ်လို့ ရုရှားက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။ Luhansk ပြည်သူ့သမ္မတနိုင်ငံ LPR အဖြစ် ခွဲထွက်ရေးလိုလားသူတွေ အမည်ပေးထားတဲ့ ဒီဒေသကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskiy က သြစတြေးလျဝန်ကြီးချုပ် Anthony Albanese ကို Kyiv မြို့တော်မှာ တနင်္ဂနွေနေ့ကတွေ့ဆုံပြီး စစ်လက်နက်ပစ္စည်း အကူအညီရရှိရေးနဲ့ ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုလုပ်ဖို့ကိစ္စတွေ ဆွေးနွေးခဲ့ပါတယ်။ စစ်လက်နက်ပစ္စည်းတွေ ထပ်မံကူညီသွားမယ်လို့ သြစတြေးလျဝန်ကြီးချုပ်က ပြောပါတယ်။
စကင်ဒီနေးဗီးယား တိုင်းပြည်တွေထဲမှာ အကြီးဆုံးတခုဖြစ်တဲ့ ဒိန်းမတ်နိုင်ငံ Copenhagen မြို့တော်က Fields ဈေးဝယ်စင်တာမှာ တနင်္ဂနွေနေ့က သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုကြောင့် လူအတော်များများ သေဆုံးပြီး ၊ ဒဏ်ရာရသူလည်း များကြောင်း ရဲက ပြောပါတယ်။ သေဆုံးသူ အရေအတွက်ကိုတော့ ခုချိန်ထိ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
ထိုင်းနိုင်ငံနဲ့ နယ်စပ်အနီး တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေ ကြုံရပြီးနောက် နယ်စပ်ဒေသမှာ လေယာဉ်ပျံသန်းမှုတွေ ကန့်သတ်ဖို့ ထိုင်းလူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုက တောင်းဆိုလိုက်ပါတယ်။
အီရန်နိုင်ငံတောင်ပိုင်းမှာ စနေနေ့က အားပြင်းတဲ့ငလျင်နှစ်ကြိမ်ဆက်တိုက် လှုပ်ခတ် ခဲ့တဲ့အတွက်အနည်းဆုံးလူ၅ဦးသေဆုံးပြီး၊ လူ ၉၀ လောက် ဒါဏ်ရာရရှိသွားပါတယ်။
ဒါပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် ကုန်ပစ္စည်းထုတ်လုပ် ဖြန့်ဖြူးမှု အခက်အခဲတွေ ဆက်လက် ကြုံနေရတာကြောင့် ဒီနှစ်အမေရိကန်လွတ်လပ်ရေးနေ့ တချို့မြို့ကြီးတွေမှာ မီးရှူးမီးပန်းတွေ ပစ်လွှတ်ဖို့ အခက်အခဲကြုံနေရပါတယ်။
ဇူလိုင်လ ၄ ရက်နေ့မှာကျရောက်မယ့် အမေရိကန်လွတ်လပ်ရေးနေ့ အားလပ်ရက်ခရီး သွား တွေများပြားလွန်းပြီး၊ လေကြောင်းလိုင်းတွေက ဝန်ထမ်းအင်အားနဲ့ မမျှတဲ့အတွက် စနေနေ့ကလေယဉ်ခရီးစဉ်၆၀၀ လောက်ပယ်ဖျက်ခဲ့ရပြီး၊ အမေရိကန် နိုင်ငံအတွင်းကိုဝင်တဲ့၊ ထွက်တဲ့လေယာဉ်ခရီးစဉ်ပေါင်း ၂၅၀၀ လောက် အချိန်နောက်ကျခဲ့ပါတယ်။
ပုဂံမှာ စနေနေ့စတင်မယ့် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်ကျင်းပမယ့်အကြောင်း တရုတ်နိုင်ငံက ပြောလိုက်ပါတယ်။ ဇူလိုင် ၃ ရက်ကနေ ၁၄ ရက်နေ့အထိ အရှေ့တောင်အာရှ ၅ နိုင်ငံ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကိုလည်းသွားရောက်မှာဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံ တောင်ပိုင်း နဲ့ အရှေ့ပိုင်းဒေသတွေမှာ ရုရှားတပ်ဖွဲ့တွေကို ရင်ဆိုင်တိုက်ခိုက်နေကြတဲ့ ယူကရိန်းတပ်ဖွဲ့တွေအတွက် ဒေါ်လာသန်း ၈၂၀ တန်ဘိုးရှိတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ ထပ်မံ ပေးအပ်မယ့်အကြောင့် အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်ကနေ သောကြာနေ့က ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်နေတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့အတွက် စစ်ကောင်စီနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးနိုင်ပါသလားလို့ မေးမြန်းရာမှာ နိုင်ငံရေးမှာ မဖြစ်နိုင်တာ ဘာမှမရှိကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက AFP သတင်းဌာနကို ပြောကြားပါတယ်။
လာအိုနိုင်ငံဟာ လမ်းတံတားအပါဝင်အခြေခံအဆောက်အဦတွေကို အကြီးအကျယ်ဆောက်လုပ်ခဲ့တဲ့အတွက် တရုတ်အပေါ်ကြွေးမြီအများအပြားတင်နေပြီး၊ အကြွေးပြန် မဆပ်နိုင်တော့မယ့်အန္တရယ်ရှိနေတယ်လို့ ကျွမ်းကျင်သူတွေကပြောဆိုလိုက်ပါတယ်။ လာအိုနိုင်ငံဟာ ပြည်ပကြွေးမြီကိုပြန်လည်ပေးဆပ်နိုင်လောက်တဲ့နိုင်ငံခြား အရံငွေ အလုံအလောက်မရှိဖြစ်နေ။
နောက်ထပ်ကြည့်ရှုရန်