သောကြာနေ့အစောပိုင်းက Odesa ဒေသကို ရုရှားဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် လူအနည်းဆုံး ၁၇ ဦးသေဆုံးခဲ့ပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ကြပါတယ်။
ဟောင်ကောင်မှာ ၂၀၁၉ ခုနှစ်က ဒီမိုကရေစီရေးတောင်းဆို ဆန္ဒပြနေသူတွေအပေါ် နှိမ်နှင်းမှုကို ကြီးကြပ်ခဲ့သူ လုံခြုံရေးအရာရှိဟောင်း John Lee ဟာ ဟောင်ကောင်ကျွန်းအုပ်ချုပ်ရေးမှူးသစ်အဖြစ် ဒီနေ့ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။
အင်ဒိုနီးရှားသမ္မတ Joko Widodo က ယူကရိန်းနဲ့ ရုရှား ခေါင်းဆောင်တွေကြားမှာ ဆက်သွယ်ရေးတံတားအဖြစ် သူ တာဝန်ယူပေးမယ့်အကြောင်း ကြာသပတေးနေ့က ကမ်းလှမ်းလိုက်ပါတယ်။
ကရင်ပြည်နယ်အတွင်း တိုက်ပွဲတွေမှာပါဝင်တိုက်နေတဲ့ မြန်မာ ဂျက်တိုက် လေယဉ်တစင်းဟာ ကြာသပတေးနေ့က ထိုင်းနိုင်ငံလေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်ခဲ့တဲ့အတွက် ထိုင်းဘက်ကသတိပေးခဲ့ရတယ်လို့ ထိုင်းတာဝန်ရှိသူတွေကပြောပါတယ်။ ထိုင်းနိုင်ငံတပ်ခရိုင်ထဲဝင်ရောက်လာတဲ့အတွက် ထိုင်းလေတပ် F16 ၂ စင်းကို အသင့်ပြင်ထားခဲ့ရပါတယ်။
စစ်တပ်ကအာဏာသိမ်းထားတဲ့ ဆူဒန်နိုင်ငံမှာ ကြာသပတေးနေ့ကထောင်နဲ့သောင်းနဲ့ချီ တဲ့ဆန္ဒပြသမားတွေက စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး၊ ရဲနဲ့စစ်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့်ဆန္ဒပြသမား ၆ ဦးသေဆုံးခဲ့ပါတယ်။ မြို့တော် Khartoum ခပ်တွန်နဲ့ တဘက်ကမ်းမှာရှိတဲ့ Omdurman အွန်ဒါမန် မြို့တွေမှာ အဓိကဆန္ဒပြခဲ့တာပါ။
၄ လကြာ ရုရှားကျုးကျော်မှုကို ခုခံရာမှာ ယူကရိန်းနိုင်ငံအတွက် သင်္ကေတတခုဖြစ်တဲ့ မြွေကျွန်းကနေ ရုရှားတပ်တွေ ပြန်ဆုတ်ပေးလိုက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ယူကရိန်းဆိပ်ကမ်းမြို့ဖြစ်တဲ့ Odesa အနီး ပင်လယ်နက်ထဲက မြွေကျွန်းကိုတော့ ကျုးကျော်စစ်အစပိုင်းမှာပဲ ရုရှားတပ်တွေ သိမ်းယူခဲပါတယ်။
ကမ္ဘာတလွှား လွတ်လပ်စွာထုတ်ဖော်ခွင့် အဆင့်အတန်း သိသိသာသာကျဆင်းသွားတဲ့ နိုင်ငံတွေထဲ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း ဗြိတိန်အခြေစိုက် နိုင်ငံတကာလူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Article-19 အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ အစီရင်ခံစာပြုစုခဲ့တဲ့ နိုင်ငံပေါင်း ၁၆၁ နိုင်ငံအနက် မြန်မာနိုင်ငံဟာ အဆင့် ၁၄၀ မှာ ရှိတာပါ။
တကယ်လို့ မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့နဲ့ ရုရှားကြား စစ်ပွဲတွေဖြစ်လာခဲ့မယ်ဆိုရင် ကြီးမားတဲ့ ထိခိုက် ဆုံးရှုံးမှုတွေ ဖြစ်လာမယ်လို့ NATO အဖွဲ့အကြီးအကဲက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံကို ရောက်နေတဲ့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn နဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။
ဂျပန် ဘီယာကုမ္ပဏီ Kirin က မြန်မာနိုင်ငံတွင်း သူ့ရဲ့စီးပွားရေးလုပ်ငန်းအားလုံး ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီ လိမိတက်ကို ရောင်းခဲ့မယ့်အကြောင်း ဒီကနေ့ ပြောပါတယ်။
တရားလွှတ်တော်ချုပ်ရဲ့ ပထမဆုံး လူမည်းအမျိုးသမီး တရားသူကြီးအဖြစ် အထက်လွှတ်တော်က အတည်ပြုပြီးသားတရားသူကြီး Ketanji Brown Jackson ကြာသပတေးနေ့နေလည်မှာ တရားလွှတ်တော်ချုပ်ရဲ့ ၁၁၆ ယောက်မြောက် တရားသူကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာ ဖြစ်ပါတယ်။
“ဝါရီဆူးပလိုင် ၂ လပိုင်းကတည်းကနေပေါ့။ အခုထိ စစ်ကောင်စီက အဲ့မှာတပ်စွဲတုန်းပါပဲ။ အဲ့ဒါ နောက်အများပြည်သူ သွားလာမလုပ်ဖို့တွေ အဲ့လိုမျိုးပေါ့နော်၊ (PDF က) သူတို့ထုတ်ပြန်ထားတာတွေပေါ့၊ စစ်ဇုံလည်းဖြစ်နေတဲ့အခါ စစ်ကောင်စီလည်း အဲ့မှာ သူတို့မိုင်းဆင်ထားတာတွေ ရှိတယ်၊” (စစ်ရှောင်တွေကို ကူညီသူ)
စပိန်နိုင်ငံ Madrid မြို့တော်မှာ ဗုဒ္ဓဟူးနေ့ ကျင်းပတဲ့ မြောက်အတ္တလန္တိတ် စစ်စာချုပ် အဖွဲ့ NATO အဖွဲ့ဝင် နိုင်ငံ့ ခေါင်းဆောင်များ ထိပ်သီး စည်းဝေးပွဲမှာတော့ NATO အဖွဲ့ရဲ့ မဟာဗျူဟာမြောက် အမြင်သဘောထားသစ် တရပ်ကို အတည်ပြုခဲ့ကြပါတယ်။
ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ ၈ နှစ် ကတည်းက ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဝီဂါ ၅၀ ထဲကနေ ဘယ်သူ့ကိုမှ တရုတ်ကို ပြန်မပို့ဖို့ အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက တောင်းဆိုနေကြပါတယ်။
အိန္ဒိယနိုင်ငံမှာ မွတ်ဆလင် အမျိုးသား ၂ ယောက် လက်ချက်နဲ့ ဟိန္ဒိူအမျိုးသားတဦး သေဆုံးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ရာက နောက်ဆက်တွဲ အကြမ်းဖက်မှုတွေဖြစ်မှာ စိုးရိမ်တဲ့အတွက် Udaipur မြို့မှာ ညမထွက်ရအမိန့်ထုတ်ထားသလို၊ အနောက်ပိုင်း Rajasthan ပြည်နယ်မှာတော့ အင်တာနက်လိုင်းတွေကိုပါ ဖြတ်တောက်ထားပါတယ်။
စပိန်နိုင်ငံ Madrid မြို့တော်မှာကျင်းပနေတဲ့ မြောက်အတ္တလန်တိတ်စာချုပ် NATO အဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ယူကရိန်းစစ်ပွဲကို ကူညီရေးနဲ့ လက်ရှိနဲ့အနာဂါတ် စိန်ခေါ်မှုတွေကို NATO အဖွဲ့အနေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ဆွေးနွေးကြမှာဖြစ်ပါတယ်။
“စစ်ဘေးရှောင်တွေ များလာတယ်။ ပြေးရင်းလွှားရင်းနဲ့ တောထဲသွားရတဲ့ IDP camp တွေမှာဆို ပါချင်မှလည်းပါမှာပေါ့၊ တချို့ကလည်း ခြင်ထောင် ထောင်ရမဲ့အစား စောင်အဖြစ်လည်း သုံးချင်သုံးမှာပေါ့။ အဓိကတော့ ကာကွယ်ရေးအပိုင်းမှာ အားနည်းသွားလို့ ငှက်ဖျားရောဂါဖြစ်တာ များလာတာပေါ့။" (ဒေါက်တာဆလိုင်းတင်မိုး)
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn ဟာ မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်ရောက်ရှိနေပါတယ်။
ဗြိတိန်ကိုလိုနီဖြစ်ခဲ့တဲ့ ဟောင်ကောင်ကျွန်းကို တရုတ်အုပ်ချုပ်မှုအောက် လွှဲပြောင်းခဲ့တာ ၂၅ နှစ်ပြည့်ခါနီးမှာ ဟောင်ကောင်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ လွတ်လပ်မှုကို တရုတ်အစိုးရအနေနဲ့ လေးစားဖို့ အမေရိကန်၊ ဗြိတိန်အပါအဝင် ဒီမိုကရေစီနိုင်ငံတွေက တိုက်တွန်းခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စု Texas ပြည်နယ်မှာ လူကုန်ကူးသူတွေ စွန့်ပစ်ထားခဲ့ပုံရတဲ့ ကုန်တင်ကားကြီးတခုထဲ ဒါဇင်နဲ့ချီတဲ့လူသေအလောင်းတွေ တွေ့ခဲ့ရတာနဲ့ဆက်စပ်ပြီး Mexico နိုင်ငံသား ၂ ယောက်ကို ဖမ်းဆီးအမှုဖွင့်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်