“ကျနော်တို့အနေနဲ့ကတော့ သူတို့ရဲ့ဆောင်ရွက်ချက်များအတိုင်း ဆောင်ရွက်သွားမယ်လို့ ပြောခဲ့တာတွေရှိပါတယ်။ ဒီမှာလည်း ဂျာမနီ၊ သြစတြေးလျ၊ ဘရူနိုင်း အဲဒီသုံးနိုင်ငံမှာ မြန်မာနိုင်ငံအနေနဲ့ ယာယီသံရုံးတာဝန်ခံတွေကိုပဲ ထားရှိပြီး သံတမန်လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်ဗျ။”(ဗိုလ်ချုပ်ဇော်မင်းထွန်း-စကစ ပြောခွင့်ရ)
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ဒေသတွင်း စည်းဝေးပွဲတခုဖြစ်တဲ့ လန်ဆန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ် ဆွေးနွေးပွဲတက်ဖို့ အခုသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ရှိတယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ် ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ရေးပါတယ်။
ယူကရိန်းနိုင်ငံ အလယ်ပိုင်းက Kremenchuk မြို့က ဈေးဝယ် စင်တာ တခုကို ရုရှားဘက်က ပစ်ခတ်တဲ့ ဒုံးကျည်တွေ တနလာၤနေ့က ထိမှန်ခဲ့ပါတယ်။ ထိခိုက် သေဆုံးမှု အရေအတွက်ကို မှန်းဆလို့ မရနိုင်ဘူးလို့လည်း ယူကရိန်း သမ္မတ Volodymyr Zelenskyy က ပြောပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ပြင်းအား ၅ ဒသမ ၉ မဂ္ဂနီကျူရှိတဲ့ ငလျင်ဒဏ်ကြောင့် ကလေး ၁၅၀ အပါအဝင် လူပေါင်း ၁၀၀၀ သေဆုံးခဲ့ရပြီးနောက် ငလျင်ဒဏ်သင့် အာဖဂန် ပြည်သူ ၃၆၀,၀၀၀ ကျော်ကို အသက်ကယ် ကယ်ဆယ်ရေး အတွက် ဒေါ်လာ သန်း ၁၁၀ ကျော် ပေးဖို့ ကုလသမဂ္ဂက တနလာၤနေ့မှာ အရေးပေါ် ပန်ကြားလိုက်ပါတယ်။
သီရိလင်္ကာ နိုင်ငံမှာ လောင်စာဆီ ပြတ်သွားပြီး ကျန်နေသေးတဲ့ဓာတ်ဆီ တန် ၁,၁၀၀ နဲ့ ဒီဇယ်တန် ၇,၅၀၀ ဟာ တရက်တောင်မခံဘူးလို့ Ceylon Petroleum Corporation အလုပ်သမား သမဂ္ဂက အမည်မဖော်လိုတဲ့သူတယောက်ကို ကိုးကားပြီး သီရိလင်္ကာသတင်းစာ Daily Mirror က ဆိုပါတယ်။
“ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်ထိုးစစ်မှာ ရုရှားဒုံးကျည်တွေကို ကာကွယ်ဖို့ နောက်ဆုံးပေါ် လေကြောင်းရန်ကာကွယ်ရေးစနစ် လိုအပ်ပါတယ်။ လက်နက်တွေ ရယူရေးနဲ့ ပတ်သက်ပြီး မိတ်ဘက်နိုင်ငံတွေနဲ့လည်း နေ့စဉ်အဆက်အသွယ် ပြုလုပ်နေပါတယ်..”လို့ ယူကရိန်းသမ္မတ Volodymyi Zelenskiy က ပြောကြားသွားပါတယ်။
ဂျာမနီနိုင်ငံမှာ စတင်ကျင်းပနေတဲ့ G7 စက်မှုထိပ်သီး ၇ နိုင်ငံရဲ့ တနင်္လာနေ့ ဆွေးနွေးပွဲကို ယူကရိန်းသမ္မတ Volodymyr Zelenskyy အွန်လိုင်းကနေ ပါဝင်တက်ရောက်ခဲ့ပါတယ်။
G-7 ကမ္ဘာ့ စီးပွားရေးထိပ်သီး နိုင်ငံတွေက ခေါင်းဆောင်တွေဟာ တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံ Bavarian Alps မှာတွေ့ဆုံကြပြီး ၊ ရုရှားသမ္မတ ပူတင်ရဲ့ယူကရိန်းကျူးကျော်စစ်ကို တညီတညွတ်ထဲ ဆန့်ကျင်မှုကိုပြသနိုင်ရေး ဆွေးနွေးခဲ့သလို ကမ ္ဘာတလွှားစားနပ်ရိက္ခာနဲ့ စွမ်းအင်ဈေးနှုန်း မြင့်တက်လာမှုလျှော့ချနိုင်ရေး ဆွေးနွေးခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဒေါ်လာ သန်း ၆၄၀ ကျော် တန်ဖိုးရှိ တရားမဝင် မူးယစ်ဆေးဝါးတွေကို တနင်္ဂနွေနေ့က မီးရှို့ ဖျက်စီးခဲ့ကြောင်း မြန်မာ အာဏာပိုင်တို့က ပြောဆိုပါတယ်။ ဒေသတွင်းမှာ မက်သာဖက်တမင်း ထုတ်ုလပ်မှုက စံချိန်တင် အဆင့်ကို ရောက်ရှိလာနေကြောင်း ကုလသမဂ္ဂက သတိပေးထားပါတယ်။
၃ ရက်ကြာ G-7 ထိပ်သီးစည်းဝေးပွဲ စတင်ကမ္ဘာ့အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် တနင်္ဂနွေနေ့က စတင်လက်ခံ ကျင်းပနေပါတယ်။
ကမ္ဘာ့စီးပွားအင်အားကြီး ၇ နိုင်ငံ G-7 အနေနဲ့ ရုရှားနိုင်ငံက ရွှေတင်သွင်းမှုတွေ ရပ်ဆိုင်းတော့မယ်လို့ အမေရိကန်သမ္မတ Joe Biden က ပြောလိုက်ပါတယ်။
ရုရှားက ယူကရိန်း မြို့တော်ကို တနင်္ဂနွေနေ့က ပြန်လည် တိုက်ခိုက်ရာမှာ အနည်းဆုံး လူနေတိုက်ခန်းတွဲ အဆောက်အအုံတစ်ခု ထိမှန်ခဲ့တယ်လို့ ကိဗ် မြို့တော်ဝန် Vitali Klitschko က ပြောပါတယ်။
အမေရိကန်မှာ ကိုယ်ဝန်ဖျက်ချခွင့် တရားဝင်ခွင့်ပြုထားတာကို ပြည်ထောင်စုတရားရုံးချုပ်က သောကြာနေ့မှာ ဖျက်သိမ်းလိုက်တာကြောင့် အမျိုးသမီးများ အခွင့်အရေးအရေးနဲ့ ကျားမ တန်းတူညီခွင့်ကို အကြီးအကျယ် ရိုက်ချိုးလိုက်သလို ဖြစ်သွားစေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သန္ဓေသားဖျက်ချခွင့် တရားဝင်ခွင့်ပြုထားတာကို တရားရုံးချုပ်က သောကြာနေ့မှာပဲ ပယ်ဖျက်လိုက်ပါတယ်။ နှစ်ပေါင်း ၅၀ လောက်ခွင့်ပြုထားတာကို ဖျက်သိမ်းလိုက်တဲ့အတွက် ဆက်ခွင့်ပြုသင့်-မသင့် သက်ဆိုင်ရာပြည်နယ်တွေက ဆုံးဖြတ်ရတော့မှာဖြစ်ပါတယ်။ သမ္မတဘိုင်ဒင်ကေ ဒီဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့လိုက်ပါတယ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ထဲပြည်နယ်ထဲမှာ ပညာသင်ကြားနိုင်ဖို့အတွက် မီဇိုရမ်အစိုးရရဲ့အကူအညီနဲ့ ချင်းဒုက္ခသည် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက မြန်မာကလေး ၂,၀၀၀ ကျော်ကို ထောက်ပံ့ထားတာဖြစ်ပြီး နောက်ထပ်လည်း ကလေးတွေ ရောက်လာနေတယ်လို့ ချင်းအရပ်ဖက်အဖွဲ့က ပြောပါတယ်။
စက်သုံးဆီဈေးနှုန်း အဆမတန် ဈေးမြင့်တက်နေတဲ့အတွက် မွန်ပြည်နယ်က ဆိုင်ကယ်ယာဉ်လိုင်း ပြေးဆွဲသူတွေ အခက်ကြုံနေကြပါတယ်။ ဆီဈေးနှုန်းကြောင့် အခကြေးငွေတွေတိုးပြီး ကောက်ခံလို့ ခရီးသည်တွေ လျော့နည်းလာပါတယ်။ အရင်ကထက် ဝင်ငွေ လျော့နည်းလာပြီး လက်ရှိကုန်ဈေးနှုန်းတွေနဲ့ နေထိုင်စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေကြပါတယ်။
“ဒီလုပ်ရပ်က ဒေါ်အောင်ဆန်းစုကြည်ကိုသာမက သူ့ကိုထောက်ခံတဲ့သူတွေအားလုံးကိုပါ စစ်ကောင်စီက ခြိမ်းခြောက်လိုက်တာဆိုတာ ရှင်းပါတယ်။ .... ဒေါ်အောင်ဆန်းစုကြည်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်တာတွေကို ဆန့်ကျင်ပြီး သူတို့ကြိုက်သလို ထိန်းသိမ်းထားမယ်ဆိုတာမျိုး NLD ကို ပြတာပဲ။”( Phil Robertson HRW အာရှဒေသ ညွှန်မှူး)
အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်အတွင်း အများပြည်သူသွားလာတဲ့နေရာ သေနတ်ဝှက်ပြီးသယ်မယ်ဆိုရင် ခိုင်လုံတဲ့အကြောင်းပြချက် ရှိရမယ်၊ လိုင်စင်လျှောက်ရမယ်ဆိုတဲ့ ဥပဒေဟာ ဖွဲ့စည်းပုံနဲ့ မညီဘူးဆိုပြီး အမေရိကန် တရားရုံးချုပ် မနေ့က ပယ်ချခဲ့တာကို သမ္မတဂျိုးဘိုင်ဒန်က ဝေဖန်လိုက်ပါတယ်။
ရုရှားရဲ့တိုက်ခိုက်မှု အပြင်းအထန်ခံနေရတဲ့ Luhansk ဒေသက Sievierodonetsk မြို့ကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာသွားတော့မယ်လို့ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူးက ဒီနေ့ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပဲ နေပြည်တော် အကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ ပထမဆုံးအကြိမ် အကျဉ်းထောင်ထဲ ထောင်ဝင်စာ ပေးခွင့်ရတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်