အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ သေနတ်ကိုင်ဆောင်ခွင့် တင်းကြပ်ထားတာကို ပယ်ဖျက်ဖို့ တေရားရုံးချုပ်ကကြာသ ပတေးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဆုံးဖြတ်ချက်ကို တရားရုံးချုပ် တရားသူကြီး ၆ ဦးက ပယ်ဖျက်ဖို့ ထောက်ခံခဲ့ပြီး ၃ ဦးကတော့ ကန့်ကွက်ခဲ့တာပါ။
စစ်အေးတိုက်ပွဲ အယူအဆတွေနဲ့၊ အုပ်စုလိုက် ထိပ်တိုက်တွေ့တာတွေကို စွန့်လွှတ်ရမှာဖြစ်ပြီး၊ ပိတ်ဆို့အရေးယူမှုကို အလွဲသုံးစားလုပ်ပြီး၊ တဘက်သတ် ပိတ်ဆို့အရေးယူတာတွေကို ဆန့်ကျင်သွားရမယ်လို့ ၅ နိုင်ငံပါဝင်တဲ့ BRICS အွန်လိုင်း ထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ တရုတ်သမ္မတ ရှီကျင်းဖျင်က ပြောဆိုလိုက်ပါတယ်။
စစ်ရေးတင်းမားနေတဲ့ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်တွေဘက် အခုလတ်တလော ပစ်ခတ်တိုက်ခိုက်မှုတွေ တည်ငြိမ်နေပေမယ့် ဒေသခံတွေ နေရပ်မပြန်နိုင်ကြသေးပါဘူး။ ဆီဆိုင်မြို့နယ်မှာ စစ်ပြေးဒုက္ခသည် ၈,၀၀၀ ဝန်းကျင်လောက် ကျန်ရှိနေပြီး အတော်များများက ရာသီတုပ်ကွေးရောဂါ ခံစားနေရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်က ဇွပ်အောင်စစ်ရှောင်စခန်းနဲ့ ကပ်လျက်က ကာလိုင်ကျေးရွာမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တပ်မစွဲဖို့ကို ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေက တောင်းဆိုထားပါတယ်။ တိုက်ပွဲဒဏ်ကြောင့် စစ်ရှောင်စခန်းနဲ့ ကျေးရွာထဲ လူသေဆုံးတဲ့အထိဖြစ်နေလို့ တောင်းဆိုထားတာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲ ပြောင်းရွှေ့လိုက်တဲ့အပေါ် ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်လိုက်ကြပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Stéphane Dujarric က ကြာသပတေးနေ့ နယူးယောက်ရုံးချုပ်က သတင်းစာရှင်းပွဲမှာ ပြောဆိုလိုက်တာပါ။
စစ်ကိုင်းတိုင်း တမူးမြို့အနီးမှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေးတင်းမာပြီး တိုက်ပွဲတွေ ရှိနေသလို နေအိမ်တွေ မီးရှို့ခံနေရတာတွေလည်းရှိပါတယ်။ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ ပေါက်မြို့နယ်မှာ အရပ်သားသေဆုံးတာရှိနေပါတယ်။ တမူးမြို့နဲ့ ၈ မိုင်သဝေးတဲ့ ပန်းသာရွာအနီးတိုက်ပွဲဖြစ်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အရင် ကိုဗစ် 19 ရောဂါ ဖြစ်ခဲ့ဖူးတဲ့ အရွယ်ရောက်သူ ၅ ယောက်မှာ ၁ ယောက်ဟာ ရေရှည် ရောဂါလက္ခဏာ ကျန်နေတာ တွေ့ရတဲ့အကြောင်း ဇွန်လ ပထမသီတင်း ၂ ပတ်အတွင်း ကောက်ခံတဲ့ စစ်တမ်းတွေမှာ တွေ့ရတယ်လို့ အမေရိကန် ကျန်းမာရေးအရာရှိတွေ မနေ့က ပြောဆိုပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံအနေနဲ့ မြန်မာစစ်တပ်အပေါ် ဖိအား တိုးမြှင့် မပေးနိုင်ဘူးဆိုရင် နောက်ထပ် လူ့အသက်တွေ ဆုံးရှုံးရပြီး အတိဒုက္ခတွေ ပိုပြီး ခံစားကြရလိမ့်မယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ဒီကနေ့ သတိပေး ပြောဆိုလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်းမှာ ဗုဒ္ဓဟူးနေ့ အစောပိုင်း လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူ အနည်းဆုံး ၁,၀၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၆၀၀ ကျော်ရှိတယ်လို့ တာလီဘန် အာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန် နဲ့ ယူကရိန်း တို့ က စစ်ရာဇဝတ်မှုများ တာဝန်ခံမှုရှိရေး အဖွဲ့တဖွဲ့ ကို ဖွဲ့စည်းလိုက်ကြတယ်လို့ အမေရိကန် ပြည်ထောင်စု တရားရေး ဌာန က ပြောပါတယ်။
ဝန်ကြီးချုပ် Ranil Wickremesinghe က ကြွေးမြီဒဏ်ကြီးသွားတဲ့ သီရိလင်္ကာစီးပွားရေးဟာ အဖတ်ပြန်ဆယ်မရအောင် ဆိုးဝါးလွန်းသွားပြီလို့ လွှတ်တော်မှာ ဒီနေ့ ပြောလိုက်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်၊ အာဏာသိမ်းပြီးတဲ့နောက် သတ်ဖြတ်ခံခဲ့ရတဲ့သူ ၂၀၀၀ လောက်ရှိပြီး ဒီလို အရပ်သားပြည်သူတွေအတွက် စိတ်မကောင်း ဖြစ်မိတဲ့အကြောင်း အမေရိကန်သံရုံး Facebook အင်တာနက် စာမျက်နှာမှာ ဖေါ်ပြပါတယ်။
NLD အစိုးရလက်ထက်နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကို စစ်ကောင်စီ တရားရုံးက အဂတိမှု (၅) မှုမှာ တမှုကို သုံးနှစ်စီနဲ့ ထောင်ဒဏ် စုစုပေါင်း ၁၅ နှစ် ချမှတ်လိုက်တာပါ။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေအကုန်လုံးကို နေပြည်တော် အချုပ်ထောင်က အထူးတရားရုံးမှာ ပြောင်းစစ်ဆေးဖို့ စစ်ကောင်စီက စီစဉ်ခဲ့တာမှာ မနက်ဖြန်စစ်ဆေးမယ့် နိုင်ငံတော်လျို့ဝှက်အက်ဥပဒေ ချိုးဖောက်မှုနဲ့ စွပ်စွဲထားတဲ့ အမှုကစလို့ နေပြည်တော် အကျဉ်းထောင်မှာ စစ်ဆေးသွားမယ်လို့ သိရပါတယ်။
“ဒီနှစ် အကြောင်းအရာ သတ်မှတ်ချက်က လုံခြုံရေးနဲ့ သဟဇာတဖြစ်ရေးအတွက် သွေးစည်းညီညွတ်ရေးဖြစ်တဲ့အတွက် ဒီ အခန်းကဏ္ဍကို ဖော်ဆောင်တာပါ။ ဒီ အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးအားလုံးနဲ့ စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းပါတယ်။ ဒါကြောင့် ဒီတကြိမ်မှာ မြန်မာ ပါဝင်ခဲ့တာ ဖြစ်တယ်”(ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီး Tea Banh)
ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Sievierodonetsk ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ ရုရှားတပ်ဖွဲ့တွေ ကြိုးစားနေတာနဲ့အမျှ ဒီကနေ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြင်းထန်နေခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ဆေးနေတဲ့ အမှုတွေကို နေပြည်တော် အကျဉ်းထောင်အတွင်း တရားရုံးမှာ ပြောင်းရွှေ့ စစ်ဆေးဖို့ စီစဉ်နေတယ်လို့ ဒီအမှုနဲ့ နီးစပ်သူတွေ ပြောဆိုတာကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။
ငွေကြေးဖောင်းပွမှုနဲ့ ရင်ဆိုင်နေရတဲ့ ဗြိတိန်မှာ လုပ်ခလစာတိုးမြှင့်ပေးဖို့ မီးရထား ဝန်ထမ်းတွေ ဒီကနေ့ သပိတ်မှောက် ဆန္ဒပြကြပါတယ်။
လူထောင်ပေါင်းများစွာ ပါဝင်တဲ့ ရှစ်နှစ်မြောက် နိုင်ငံတကာ ယောဂကျင့်စဉ်နေ့ အခမ်းအနားကို အိန္ဒိယနိုင်ငံက ဦးဆောင်ပြီး Mysuru မြို့မှာ အင်္ဂါနေ့က ကျင်းပပါတယ်။
ရိုဟင်ဂျာအရေးနဲ့ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အကျပ် အတည်းတွေကို တုံ့ပြန်တဲ့အနေနဲ့ လာမယ့် ၃ နှစ်အတွင်း ဒေါ်လာ သန်း ၂၈၈.၃ ကျော် ကူညီပေးမယ့် အစီအစဉ် အပါအဝင် မဟာဗျူဟာ နောက်ဆက်တွဲ ကြေညာချက်တရပ်ကို ကနေဒါအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်