Texas ပြည်နယ် Uvalde မြို့က မူလတန်းကလေးငယ် ၁၉ ယောက်နဲ့ ဆရာမ ၂ ယောက်ကို ပစ်သတ်ခဲ့တဲ့ ဆယ်ကျော်သက် သေနတ်သမားဟာ ပစ်ခတ်မှုမလုပ်ခင်လေးမှာ မူလတန်းကျောင်းတကျောင်းကို သွားပစ်ခတ်မယ်ဆိုတဲ့အကြောင်း လူမှုကွန်ရက်ပေါ်မှာ သီးသန့် Message ရေးသားခဲ့တယ်လို့ Texas ပြည်နယ် အုပ်ချုပ်ရေးမှူး Greg Abbott ကပြောပါတယ်။
ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) KNU-KNLA (PC) ဥက္ကဋ္ဌ စောထော့လေးနဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဒီနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြပါတယ်။
မြန်မာတနိုင်ငံလုံး ငွေပေးချေမှုကိစ္စအားလုံးကို ကျပ်ငွေနဲ့သာ အသုံးပြုရမှာဖြစ်ပြီး ပုဂ္ဂလိကလုပ်ငန်းတွေ၊ အစိုးရအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ငွေပေးချေမှုအားလုံးကို နိုင်ငံခြားငွေအစား ကျပ်ငွေနဲ့သာ ပေးချေရမှာဖြစ်တယ်လို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က VOA မြန်မာပိုင်းကို ပြောပါတယ်။
“ဒလန်အမာခံအဖြစ် ခိုင်ခိုင်မာမာရပ်တည်ပြီး လှုပ်ရှားပေးနေတဲ့လူပါတယ်။ မူးယစ်ဆေးဝါးကိစ္စနဲ့ ပတ်သက်ပြီးတော့မှပါတယ်။ ရောင်းဝယ်ဖောက်ကားမှုတွေပါတယ်။ နောက်စစ် သုံ့ပန်းတွေလည်း ပါတယ်။ စစ်သုံ့ပန်းဆိုတာက တိုက်ပွဲမှာတိုက်ပြီးတော့မှ အညံ့ခံတာမဟုတ်ဘဲနဲ့ မိတဲ့လူလည်း ပါတာပေါ့နော်။ မုဒိမ်းမှုတွေကအစပေါ့ဗျ။ (KSCC )
“ကျနော်တို့ ကလေးကို ကျောင်းသွားအပ်တဲ့အချိန် ၁၀ နာရီနဲ့ ၁၂ မိနစ်လောက်ရှိမယ် ထင်တယ်၊ အဲဒီမှာ စပြီးကြားတယ်။ အဲဒီကနေ အခုအချိန်ထိဆိုရင် အလုံးရေ ၃၀ ကျော်လောက်ရှိသွားပြီ အမြောက်ပစ်တာ။ မနေ့ကတော့ ဒီဘက်က စစ် သားတွေ အယောက် ၁၀၀ ကျော်လောက် တက်သွားတယ်လို့ပြောတယ်။” (ပလက်ဝမြို့ဒေသခံ)
ဖမ်းဆီးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရားမဲ့ ဖမ်းဆီးခံရပြီး ဒါဟာ တရားရုံးတင်ပြန်ပေးဆွဲမှုဖြစ်တယ်ဆိုပြီး ဥပဒေမဲ့ဖမ်းဆီးမှုဆိုင်ရာ ကုလအလုပ်အဖွဲ့ကို မိသားစုက တိုင်ကြားလိုက်တယ်လို့ ရှေ့နေဖြစ်သူတွေက AFP သတင်းဌာနကို ပြောပါတယ်။
ရုရှားနဲ့ယူကရိန်းဆွေးနွေးပွဲဖြစ်ဖို့က ရုရှားအနေနဲ့ အရင်မကျုးကျော်ခင်အခြေအနေရောက်အောင် တပ်ပြန်ဆုပ်ပေးမှရမယ်လို့ ယူကရိန်းသမ္မတက ဆိုလိုက်ပါတယ်။
တိုက်ချင်းပစ် ပဲ့ထိန်းတပ်ဒုံးကျည်အပါအဝင် ပဲ့ထိန်းတပ်ဒုံးကျည် ၃ စင်းကို မြောက်ကိုရီးယားက ဗုဒ္ဓဟူးနေ့က စမ်းသပ်ပစ်လွှတ်လိုက်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
လက်နက်ကိုင်ဆောင်မှုဥပဒေနဲ့ပတ်သက်ပြီး အဓိပ္ပါယ်ရှိရှိ ပြုပြင်ပြောင်းလဲကြဖို့ လွှတ်တော် အမတ်တွေကို တွန်းအားပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က လေးလေးနက်နက် ကတိပြုလိုက်ပါတယ်။
“ ၁၂ နာရီကျော်ကျော်လောက်က ဖြစ်တာဗျ၊ နှစ်မိနစ်လောက်ပဲကြာတယ်ပြောတယ်။ မွှေပြီး တိုက်ပြီးတော့ အိမ်ခြေ ဒီမှာ ၁၀၀ ပတ်ချာလည်လောက်တော့ ပျက်စီး လုံးလုံးပြိုသွားတာ။ ခေါင်တွေလန်တယ်၊ အဖီတွေယိုင်သွားတယ်ပေါ့နော်၊ အဓိကတော့ ခေါင်မိုးလန်တာများတယ်ဗျ။ မိုးမရွာဘူးဗျ။” (ကိုဘိုဘို- Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဥက္ကဋ္ဌ)
ဂျာမနီနိုင်ငံအခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးဗျူရိုအဖွဲ့ (IPB) က ချီးမြှင့်တဲ့၂၀၂၁ ခုနှစ်အတွက် Sean MacBride ငြိမ်းချမ်းရေးဆုကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကို ချီးမြှင့်လိုက်ပါတယ်။
ကလေးတွေအပါအဝင် ရိုဟင်ဂျာတဒါဇင်ကျော်ဟာ မြန်မာ့ပင်လယ်ပြင်မှာ သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းတုန်လှုပ်ရပါကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သူ့ရဲ့သတင်းထုတ်ပြန်ချက်မှာ ပြောလိုက်ပါတယ်။
ဒီနေ့ ဂျပန်နိုင်ငံ Tokyo မြို့တော်မှာကျင်းပခဲ့တဲ့ အမေရိကန်၊ ဂျပန် Australia နဲ့ အိန္ဒိယစတဲ့ ၄ နိုင် ငံခေါင်းဆောင်တွေရဲ့ Quad ထိပ်သီးဆွေးနွေးပွဲမှာ အင်ဒို Pacific ဒေသအတွင်း လွတ်လပ် ပွင့်လင်းမြင်သာမှုရှိရေး အားပေးသွားမယ်လို့ ကတိပြုခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် အမြန်ဆုံး ပြန်လည် ဖော်ဆောင်ဖို့ အင်ဒို Pacific ဒေသက ခေါင်းဆောင်တွေ တောင်းဆိုလိုက်ကြပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် ရန်ကုန်နဲ့ နေပြည်တော်တို့မှာ အဆောက်အဦးနဲ့ မြေနေရာတွေ ရယူရာမှာ အဂတိလိုက်စားတယ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ ၅၅ နဲ့ အမှု ၄ မှုအတွက် စွဲချက်တင်လိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ သေဒဏ်ပေး ကွပ်မျက်ခံရသူ ၅၇၉ ယောက်ထက်မနည်းရှိခဲ့ပြီး ၂၀၂၀ ခုနှစ်ကထက် ၂၀% များလာတယ်လို့ Amnesty International လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။
စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီက နယ်မြေရှင်းလင်းတာနေပြီး ကျေးရွာ ၁၀ ရွာကျော်က နေအိမ်တော်တော်များများ မီးရှို့ခံရတယ်လို့ ဒေသခံတွေ ကပြောပါတယ်။ မင်းကင်းနယ်မှာလည်း လေကြောင်းပစ်ခတ်မှုတွေကြောင့် အရပ်သား ၂ ဦးသေဆုံးခဲ့ပါတယ်။
ပြည်ပကို ကုန်တင်ပို့ပြီး ပို့ကုန်ရဝင်ငွေစာရင်းကို ပြန်ပြီးမတင်ပြနိုင်တဲ့အတွက် ဗဟိုဘဏ်ဘက်က အရေးယူထားတဲ့ ကုမ္ပဏီပေါင်းက ၅၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။
ပါကစ္စတန် ရဲတပ်ဖွဲ့က သတင်းသမားနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ တင်ဆက်သူ အနည်းဆုံး ၆ ဦးကို သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ အပေါ် လက်တုံ့ပြန်တဲ့ အနေနဲ့ ရာဇဝတ်ကြောင်းနဲ့ စတင် အရေးယူလိုက်ကြောင်း အမှုဖွင့်ခံရသူတွေရဲ့ ရှေ့နေတွေက တနလာင်္နေ့မှာ အထက်တရားရုံးတခုမှာ တင်ပြခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၅ ရက်ကြာ ခရီးစဉ် သွားရောက်နေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် အထောက်အကူပေးနိုင်မှာတွေကို ဆွေးနွေးဖို့ရှိ ပါတယ်။
နောက်ထပ်ကြည့်ရှုရန်