ကုလသမဂ္ဂ လူ့အခွင့်ရေးမဟာမင်းကြီး Michelle Bachelet ဟာ တရုတ်နိုင်ငံကို တနင်္လာနေ့မှာ ရောက်သွားပါပြီ။ ဒီခရီးစဉ်အတွင်း တရုတ်အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသတွင်း လူ့အခွင့်ရေးချိုးဖေါက်မှု ဆိုင်ရာ စွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားမယ်လို့ ခန့်မှန်းရပါတယ်။
မြန်မာ့ ပင်လယ်ကမ်းခြေမှာ သေဆုံးသူ ရုပ်အလောင်း ၁၄ လောင်း တွေ့ရှိရကြောင်း ရဲတပ်ဖွဲ့ရဲ့တနလာင်္နေ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။
လွန်ခဲ့တဲ့ ၃ လက ရုရှားသမ္မတ Vladimir Putin ရဲ့ ယူကရိန်းကို ဝင်ရောက်ကျူးကျော်မှုဟာ သိပ်ကိုရှက်ဖို့ ကောင်းတယ်လို့ ပြောပြီး ဂျနီဗာ ကုလသမဂ္ဂရုံးက ဝါရင့်ရုရှားသံတမန်တဦးဖြစ်တဲ့ Boris Bondarev က တနင်္လာနေ့မှာ နှုတ်ထွက်စာ တင်လိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်က အရပ်သားပြည်သူတွေအပေါ် ရက်ရက်စက်စက် တိုက်ခိုက်နေမှုအပေါ် အမေရိကန်သမ္မတ Joe Biden နဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida တို့ ပူးတွဲ ကြေညာချက်ထုတ်ပြန် ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။
ဂျပန်ရဲ့စစ်သင်တန်းတွေမှာ မြန်မာစစ်အရာရှိတွေ တက်ရောက်နေတဲ့အတွက် စစ်တပ်ရဲ့ ရက်စက် ကြမ်းကြုတ်မှုတွေမှာ ဂျပန်ဟာ ကြံရာပါဖြစ်နိုင်တဲ့အန္တရာယ် ရှိနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။
တကယ်လို့ တရုတ်နိုင်ငံက ထိုင်ဝမ်ကို ကျူးကျော်ခဲ့မယ်ဆိုရင် အမေရိကန်က ထိုင်ဝမ်ကို စစ်ရေးနဲ့ အကာအကွယ်ပေးဖို့ လိုလိုလားလားရှိတယ်လို့ သမ္မတ Joe Biden က ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမှာ Covid-19 ကပ်ဘေးရောဂါကြောင့် သီတင်းပတ်တွေနဲ့ချီ lockdown ချခဲ့ရာကနေ စနေနေ့မှာတော့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ ပြန်လည်ပတ်ရေး အစီအစဉ်တွေကို သတိထား ဆောင်ရွက်နေချိန်မှာပဲ ဘေဂျင်းမြို့တော်မှာတော့ ဗိုင်းရပ်စ် ကူးစက်မှု တားဆီးကာကွယ်ရေးကို ၁ လကြာ အစီအစဉ်အတိုင်း ဆက်လုပ်နေပါတယ်။
သြစတြေးလျမှာရွေးကောက်ပွဲမှာ အတိုက်အခံ Labor ပါတီက အနိုင်ရလိုက်တာကြောင့်၊ ဆယ်စုနှစ်တာဝန်ယူခဲ့တဲ့ ကွန်ဆာဗေးတစ် အစိုးရ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ကမ ္ဘာကြီးပူနွေးမှု၊ ဌာနေတိုင်းရင်းသားများ အခွင့်အရေးနဲ့ လုပ်ခလစာအရေး ဆောင်ရွက်မယ့်အကြောင်း Labor ပါတီ ခေါင်းဆောင် Anthony Albanese က ကတိပေးသွားပါတယ်။
အနာဂတ် စစ်ပွဲတွေဟာ ဒီကနေ့ခေတ်နဲ့ သိပ်တူတော့မှာ မဟုတ်တဲ့အတွက် အမေရိကန်စစ်သားတွေ အနေနဲ့ အသင့်ပြင်ထားကြဖို့ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mark Milley က စနေနေ့ West Point စစ်တက္ကသိုလ် ဗိုလ်သင်တန်းဆင်းပွဲ အခန်းအနားမှာ တိုက်တွန်းလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ Mariupol ဆိပ်ကမ်းမြို့က သံမဏိစက်ရုံမှာ နောက်ဆုံးကျန်နေတဲ့ ယူကရိန်း တိုက်ခိုက်ရေးသမားတွေကို ဖယ်ရှားလိုက်ပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်ပြီးနောက်၊ ယူကရိန်းစစ်သုံ့ပမ်းတွေအရေး စိုးရိမ်မှုတိုးလာပါတယ်။ ၃ လကြာစစ်ပွဲမှာ ရုရှားသမ္မတ Putin အတွက် အောင်ပွဲအဖြစ် ပြောစရာရခဲ့တာပါ။
ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီး Michelle Bachelet တရုတ်ပြည်သွားရောက်မယ့် အကြောင်း သောကြာနေ့က ကြေညာလိုက်ပြီးနောက် ဝေဖန်မူတွေ ထွက်ပေါ်လာပါတယ်။
“ခင်ဦးမြို့နယ် အင်တိုင်းတောင်ရွာကိုဝင်ပြီး တောက်လျှောက်ရှို့သွားတာ။ ဒီနေ့ ညနေ ၄ နာရီလောက်မှာ။ အိမ်ခြေ ၁၅၀ - ၂၀၀ နီးပါးလောက်ပါသွားတယ်။ ဘာတိုက်ပွဲမှမဖြစ်ဘူး။ ဒီ ကျေးရွာသားတွေက တယောက်မှ မရှိတော့ဘူး။ မထွက်ပြေးရင် ပစ်သတ်တယ်။ ပစ်သတ်ပြီး မီးနဲ့ရှို့တယ်ဆိုတော့ တယောက်မှ မနေရဲတော့ဘူး။” (ဒေသခံ)
မွန်ပြည်နယ် မော်လမြိုင်မြို့အနီးမှာ ကုန်းတွင်းမုန်တိုင်းငယ်ဖြတ်ကျော် ဝင်ရောက်နေပြီး နောက်ထပ် ၂ ရက်လောက် မိုးဆက်များမယ်လို့ သတိပေးထားပါတယ်။
သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီ မလုံလောက်လို့ ဒီကနေ့ စာသင်ကျောင်းတွေကို ပိတ်လိုက်ပြီး ရုံးဝန်ထမ်းတွေလည်း အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ အုပ်ချုပ်ရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။
Boeing ကုမ္ပဏီက ထုတ်လုပ်တဲ့ လူလိုက်ပါစီးနင်းနိုင်တဲ့ အာကာသာယာဉ်ငယ်ဟာ နိုင်ငံတကာ အာကာသစခန်းကို မနေ့က ထပ်မံ စမ်းသပ်လွှတ်တင်ခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အသက် ၅ နှစ်ကနေ ၁၁ နှစ်ကြား ကလေးငယ်တွေကို ကိုဗစ် အားဖြည့်ကွယ်ဆေးထိုးဖို့ အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC ကခွင့်ပြုလိုက်ပါတယ်။
တောင်ကိုရီးယားကိုရောက်နေတဲ့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ အမေရိကန်ပြည်ထောင်စု Texas ပြည်နယ် Austin မြို့ပြင်မှာ Samsung ကုမ္ပဏီက ဒေါ်လာ ၁၇ ဘီလျံ အကုန်အကျခံ ဆောက်လုပ်နေတဲ့ computer chip စက်ရုံနဲ့ နမူနာပုံစံတူ စက်ရုံ့ကို သွားလေ့လာပါတယ်။
ယူကရိန်းနိုင်ငံ Mariupol ဆိပ်ကမ်းမြို့မှာရှိတဲ့ ရုရှားတပ်တွေ အဝိုင်းခံနေရတဲ့ Azovstal သံမဏိစက်ရုံထဲက ယူကရိန်းစစ်သား နောက်ထပ်ရာနဲ့ချီပြီး လက်နက်ချခဲ့တာကြောင့် ဒီသီတင်းပတ်ထဲမှာ လက်နက်ချသူစုစုပေါင်း ၁၇၃၀ ရှိသွားပြီလို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ စားအုန်းဆီ ထုတ်လုပ်မှုနဲ့ ဈေးနှုန်းတွေမှာ တိုးတက်မှုတွေ ရှိလာတာကြောင့် ၁ လကြာ ပြည်ပပို့ခွင့် ပိတ်ထားတာကို ပြန်ရုပ်သိမ်းမယ့်အကြောင်း ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။ တနင်္လာနေ့မှာ ပြည်ပတင်ပို့မှုတွေ ပြန်စမယ်လို့လည်း သမ္မတ Joko Widodo က ပြောပါတယ်။
ယူကရိန်းကို နောက်ထပ် ဒေါ်လာ ဘီလီယံ ၄၀ ကူညီဖို့ အမေရိကန်အထက်လွှတ်တော်က ကြာသပတေးနေ့မှာ တခဲနက်အတည်ပြုခဲ့ပြီး သမ္မတအတည်ပြု လက်မှတ်ထိုးဖို့ပါ တင်သွင်းလိုက်ပြီဖြစ်ပါတယ်။ အခုချထားပေးမယ့် ရံပုံငွေဟာ ရုရှားရဲ့ကျူးကျော်မှု ခုခံတွန်းလှန်တဲ့ ယူကရိန်းအတွက် လာမယ့် ၅ လအထိ အဆင်ပြေအောင် ပံ့ပိုးဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်