အာဖဂန်နစ္စတန်နိုင်ငံက ရုပ်မြင်သံကြားဌာနတွေမှာ အစီအစဉ်တင်ဆက်သူ အမျိုးသမီးတွေ မျက်နှာဖုံးဝတ်ပြီး ထုတ်လွှင့်ဖို့ အာဏာရ တာလီဘန်အဖွဲ့က ကြာသပတေးနေ့က အမိန့်ထုတ်လိုက်ပါတယ်။ တာလီဘန်တွေလက်ထက်မှာ အမျိုးသမီး အခွင့်အရေးတွေ ကန့်သတ်ခံနေရတဲ့အပေါ် နိုင်ငံတကာက ဝေဖန်သံတွေထွက်ပေါ်နေတဲ့ကြားကပဲ အမိန့်သစ် ထုတ်ပြန်လိုက်တာပါ။
ဗီယက်နမ်နိုင်ငံမှာကျင်းပနေတဲ့ ၃၁ ကြိမ် မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ အမျိုးသားဘောလုံးပွဲမှာတော့ ထိုင်းအသင်း ဖိုင်နယ်တက်သွားပြီဖြစ်ပါတယ်။
“တိုက်ပွဲပြန်စပြီး ၉ နာရီ ၁၅ မိနစ်လောက် တိုက်ပွဲစတာ ၁၀ နာရီ ၁၅ မိနစ်လောက်ဆို တိုက်ပွဲဖြစ်ပြီးသွားတာပေါ့။ လက်နက်ကြီးရော လက်နက်ငယ်ရော ပစ်သံကြားနေရတာ ဒီဆီးမီးလော့ရွာမှာပဲ။ ကိုယ်ဝန်ဆောင်မိခင်တွေ၊ မသန်မစွမ်းသူတွေ နောက်ကလေးတွေရော ကျနော် တို့ ဘေးကင်းလုံခြုံစိတ်ချရမယ့် နေရာတော့ ရွှေ့ပြောင်းထားတယ်။” (ဒေသခံ)
“မလေးနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ NUG ကိုယ်စားလှယ်နဲ့တွေ့ဆုံခြင်းက အကြမ်းဖက်သူကို အားပေးရာရောက်ပါတယ်။ ဒါကြောင့်မို့လို့ ပြင်းထန်စွာ ကန့်ကွက်တဲ့အကြောင်းနဲ့ မလေးရှားအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များအနေနဲ့ နောင်မှာ အလားတူ ထိတွေ့ဆက်ဆံမှုမျိုး မပြုလုပ်ရန်..” (ဗိုလ်ချုပ်ဇော်မင်းထွန်း)
“၁၅ ရက့်က လယ်ခြားကို အိမ် ၂၀ လောက်မီးရှို့ပြီး က္ကိုရွာကိုကျော်ပြီးမှ ရှားတောရွာကို သွားရှို့တာက အိမ် ၁၀၀ လောက်မီးလောင်သွားတယ်ဗျ။ ရှားတောရွာကို ၁၆ ရက်နေ့က (မီးရှို့တာ)။ တခါ နောက်ကြောင်းပြန်သွားပြီးတော့မှ လယ်ခြားရွာကို ပြန်ရှို့ပြန်တယ်ဗျ၊ ၁၇ ရက်နေ့။ ၁၈ ရက်နေ့ကျတော့ ကုက္ကိုကို တခါ ရှို့ပြန်တယ်ဗျ။” (ဒေသခံ)
NATO အဖွဲ့ထဲဝင်ရောက်ဖို့လျှောက်ထားတဲ့ Finland နဲ့ Sweden ခေါင်းဆောင်တွေကို အမေရိကန်သမ္မတ Joe Biden က အိမ်ဖြူတော်မှာ ဒီနေ့ တွေ့ဆုံမှာဖြစ်ပါတယ်။
သမ္မတ Joe Biden အနေနဲ့ တောင်ကိုရီးယားနဲ့ ဂျပန်ကို ၆ ရက်ခရီး စတင်လိုက်ရာမှာ ယူကရိန်းစစ်မှာ ရုရှား အင်အားကုန်ခမ်းလာတာကိုပြပြီး တရုတ်ကိုလည်း ထိုင်ဝမ်နဲ့ တောင်တရုတ်ပင်လယ်မှာ အလားတူမဖြစ်စေဖို့ သတိပေးနိုင်တယ်လို့ အမေရိကန်အရာရှိတွေက ဆိုပါတယ်။
ပြည်နယ်နဲ့ တိုင်းတချို့မှာ မေလ ၁၉ ရက်ကနေ ၂၃ ရက်နေ့အထိ လေပြင်းတိုက် မိုးကြီးနိုင်ကြောင်းနဲ့ ကုန်းမြင့်ဒေသနဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေကိုလည်း ရေကြီး မြေပြိုမှုဒဏ်မခံရအောင် ကြိုတင်ပြင်ဆင်ဖို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ဇလဗေဒဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကလေးနို့မှုန့်ထုတ်လုပ်တာ အရှိန်မြှင့်နိုင်အောင်နဲ့ နိုင်ငံခြားကနို့မှုန့်တွေ တင်သွင်းနိုင်အောင် သမ္မတ Joe Biden က Defense Production Act ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်မှုဥပဒေကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်ပါတယ်။
မြောက်ကိုရီးယားမှာ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေတဲ့အပေါ် ကိုယ်ပိုင်စနစ်တွေနဲ့ တုံ့ပြန်ထိန်းချုပ်ဖို့စီစဉ်နေပြီး ဧပြီအစောပိုင်းကတည်းက အနည်းဆုံး ၁.၇ သန်းကျော် ဖျားနာနေသလို နိုင်ငံ့လူဦးရေ ၂၆ သန်းနီးပါး အခုထိ ကာကွယ်ဆေးမထိုးရသေးပါဘူး။
“လူ့အခွင့်အရေး ဆုအတွက် ကျေးဇူးစကား ထပ်မံဆိုပါရစေ။ လူသားအားလုံးအတွက် လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကျမတို့ ဆက်လက် တိုက်ကြရပါမယ်။ ကျေးဇူးတင်ပါတယ်။” (ဒေါက်တာစင်သီယာမောင်)
ရုရှားကျူးကျော်စစ်အရှိန်ကြောင့် အိမ်နီးချင်းဖင်လန်နဲ့ နောက် ဆွီဒင်တို့ နေတိုး စစ်မဟာမိတ်အဖွဲ့ဝင်ဖို့ တရားဝင် လျှောက်ထားလိုက်ကြောင်း နေတိုး မြောက်အတ္တလန်တစ်စစ်စာချုပ်အဖွဲ့ အကြီးအကဲ Jens Stoltenberg ကလက်ခံပြီးတဲ့နောက် ဖင်လန်နဲ့ ဆွီဒင်သံအမတ်ကြီး ၂ ဦးနဲ့တွဲပြီး နေတိုးဌာနချုပ်ကနေ ဒီနေ့ ကြေညာလိုက်ပါတယ်။
အထက်လွှတ်တော် ရီပါဘလီကန်အမတ်များရဲ့ခေါင်းဆောင် Mitch McConnell က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို မနေ့က လွှတ်တော်မှာ တွေ့ဆုံပြီး စစ်ကောင်စီကို ဆန့်ကျင်နေကြတဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ Mitch McConnell က သူ့ရဲ့ တွစ်တာမှာ ရေးထားပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifudin Abdullah က နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ Tan Sri Yohei Sasakawa ကို သူ့ရုံးမှာ ဒီကနေ့ လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ အတော်များများကို သဘောတူခဲ့ကြတယ်လို့ သူ့ရဲ့ လူမှုစာမျက်နှာမှာ တင်ထားပါတယ်။
ရုရှားတပ်တွေဝိုင်းထားပြီး ဗုံးကြဲတိုက်ခိုက်နေတဲ့ ဆိပ်ကမ်းမြို့ သံမဏိစက်ရုံဝန်းထဲက တိုက်ခိုက်ရေးသမား ၂၆၀ ကျော်ကို တနင်္လာနေ့က ကယ်ဆယ်ခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၅၃ ယောက်ကို Mariupol မြို့အရှေ့ဘက်မှာရှိတဲ့ Novoazovsk မြို့ ဆေးရုံကို ပို့ပေးခဲ့ရတယ်လို့ ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump လက်ထက်က ကျူးဘားနိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ သံတမန်ရေးနဲ့ ခရီးသွားကန့်သတ်ချက်တွေကို သမ္မတ Joe Biden အစိုးရက ဖြေလျော့ပေးမှာဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်က ဒေါ်လာငွေ ၅ သိန်း လာဘ်ထိုးခဲ့တယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုနှစ်မှုကို ဒီကနေ့ မေ ၁၇ ရက် နေ့ နေပြည်တော် အထူးတရားရုံး မှာ ကြားနာခဲ့ပါတယ်၊
ပြည်တွင်းစားအုန်းဆီဈေး ရူပီး ၁၈,၀၀၀ ကနေ ၁၄,၀၀၀ အထိ ဈေးမကျမချင်း ပြည်ပကိုဆီရောင်းဖို့ ပိတ်ပင်တဲ့ အစိုးရရဲ့မူဝါဒကို စားအုန်းဆီစိုက် တောင်သူတွေက ကန့်ကွက်ဆန္ဒပြနေကြပါတယ်။
ရုရှားတို့ ကျူးကျော်စစ်တိုက်နေတဲ့ ယူကရိန်းနိုင်ငံကို ကူညီထောက်ပံ့ရေး ဒေါ်လာ ဘီလျံ ၄၀ ပေးမယ့်ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်က လိုက်တာကြောင့် ရုရှားတို့ ကျူးကျော်စစ် စတိုက်ချိန်ကတည်းက ယူကရိန်းနိုင်ငံအပေါ် အမေရိကန်ပေးတဲ့ ထောက်ပံ့ငွေ စုစုပေါင်း ဒေါ်လာ ၅၃ ဘီလျံရှိ သွားမှာဖြစ်ပါတယ်
သီရိလင်္ကာရဲ့ အဓိက အတိုက်အခံပါတီကြီး ၂ ရပ်ထံက အရေးကြီးလှတဲ့ ထောက်ခံမှုကို တနလာၤနေ့မှာ ဝန်ကြီးချုပ်သစ် ရရှိသွားတာကြောင့် နိုင်ငံမှာ စီးပွားရေး ဆိုးဝါးကျဆင်းမှုနဲ့ ကြုံတွေ့နေရတဲ့ အာဏာရ Rajapaksa မျိုးနွယ်တွေအတွက် ဖိအားလျော့သွားတာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်