ပြင်ပကတင်သွင်းရတဲ့ လောင်စာဆီဈေးတွေ တက်နေတဲ့အတွက် ယူရိုငွေကြေးသုံးတဲ့နိုင်ငံတွေရဲ့ ကုန်သွယ်ရေးလိုငွေပြမှုဟာ မတ်လအတွင်း စံချိန်တင်သွားတယ်လို့ တနင်္လာနေ့မှာ ထုတ်ပြန်တဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
နေတိုး အဖွဲ့ဝင်ဖြစ်ရေး ဖင်လန်နိုင်ငံရဲ့ လျှောက်လွှာကို သြဂုတ်လ လွှတ်တော်အားလပ်ရက်မတိုင်ခင် အမေရိကန်လွှတ်တော်က အတည်ပြုပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ဖင်လန် သမ္မတ Sauli Niinisto နဲ့ Helsinki မြို့မှာ မတွေ့ဆုံခင် အမေရိကန်အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell က ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIMM) ရဲ့ ဒိုတိယမြောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးဟာ မြန်မာနိုင်ငံကနေ အဓမ္မ ရွှေ့ပြောင်းခံလိုက်ကြရတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေနဲ့ တွေ့ဆုံရေးကို အထူးအလေးထားခဲ့တယ်လို့ ပြောပါတယ်။
အီဂျစ်နိုင်ငံမှာ စီးပွားရေးအကျပ်အတည်းတွေ ကြုံနေရပြီး ငွေကြေးဖောင်းပွမှု ၁၅ ရာခိုင်နှုန်း တက်လာချိန်မှာ အစိုးရပိုင် ကုမ္ပဏီတချို့ကို ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပေးမယ့် အစီအစဉ်တရပ်ကို အီဂျစ်ဝန်ကြီးချုပ် Mostafa Madbouli က တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။
သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုက ပင်လယ်ကမ်းစပ်အနီးမှာရှိတဲ့ Galle Face ဥယျာဉ်မှာ နိုင်ငံစီးပွားရေး ဆုတ်ယုတ်ကျဆင်းလာတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်တဲ့ ပြည်သူတွေ တနင်္ဂနွေနေ့က စုဝေးခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ NUG ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မြန်မာပြည်ဖွား မိသားစုတွေ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ကြပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရေး သဘောထားတွေကို ဆွေးနွေးခဲ့ကြပါတယ်။
မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ (NATO) အနေနဲ့ ယူကရိန်းစစ်ပွဲကို အတတ်နိုင်ဆုံး အမြန်ဆုံး အဆုံးသတ်ဖို့ လိုလားကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တနင်္ဂနွေနေ့မှာ အလေးအနက် ပြောဆိုပါတယ်။
မြန်မာစစ်တပ်ကို လက်နက်နဲ့ စစ်အသုံးအဆောင်တွေ ရောင်းချလွှဲပြောင်းမှု မလုပ်ဖို့ အပြည့်အဝ ပိုင်းဖြတ်ထားဆဲဖြစ်ပြီး နိုင်ငံအားလုံးအနေနဲ့ အလားတူ ဆောင်ရွက်ကြဖို့ စက်မှုထိပ်သီး ၇ နိုင်ငံ G7 နိုင်ငံခြားရေးဝန်ကြီးတွေက စနေနေ့ထုတ် ပူးတွဲကြေညာချက်မှာ ပြောဆို တိုက်တွန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ Buffalo မြို့မှာ စနေနေ့က လူမည်းတွေနေထိုင်တဲ့အရပ်က ကုန်စုံဆိုင်ထဲမှာ လူ ၁၀ ဦးကို သေနတ်နဲ့ ဝင်ပစ်ခတ်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် လူဖြူအမျိုးသားကို စနေနေ့နှောင်းပိုင်းမှာ တရားဝင် စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံကို ဝင်ရောက်တိုက်ခိုက်တဲ့ ရုရှားရဲ့ ကျူးကျော်မှုနဲ့ ဒီစစ်ပွဲကြောင့် ယူကရိန်းနိုင်ငံ တခုတည်းသာမက တကမ္ဘာလုံးကို ဘယ်လိုသက်ရောက်မှုဖြစ်စေလဲ ဆွေးနွေးကြဖို့ အမေရိကန်နဲ့ ယူကရိန်း ထိပ်တန်းသံတမန်တွေ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဆွေးနွေးခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုက အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် အမျိုးသားလုံခြုံရေးကောင်စီ ဝန်ထမ်းအရာရှိချုပ် ယိုဟန်းနက်စ် အေဘရာဟမ်ကို ခန့်ထားဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က နာမည်တင်သွင်းလိုက်ပါတယ်။
ဥရောပမြောက်ပိုင်းဒေသ ဖင်လန်နိုင်ငံ NATO မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ လျှောက်ထားမယ်လို့ ဖင်လန်သမ္မတနဲ့ အစိုးရက ကြေညာလိုက်ပါတယ်။
COVID-19 ရောဂါ စတင်ပျံ့နှံ့ကြောင်း မကြာခင်ကဘဲ စတင်သိရှိရတဲ့ မြောက်ကိုရီးယားနိုင်ငံမှာ ဒီကနေ့ မေလ ၁၅ ရက်နေ့မှာ သေဆုံးသူ ၁၅ ဦး ထပ်ပြီး အတည်ပြုလိုက်တာကြောင့် ဒီကပ်ရောဂါနဲ့ ဆက်စပ်သေဆုံးသူ ၄၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ မတ်လအတွင်း စံချိန်တင် အပူပြင်းဆုံးဖြစ်ခဲ့တာကြောင့် စိုက်ပျိုးထုတ်လုပ်မှု ထိခိုက်ခဲ့ရပြီးနောက် အစိုးရခွင့်ပြုချက်မရှိဘဲ ပြည်ပကို ဂျုံတင်ပို့မှု မလုပ်ဖို့ စနေနေ့မှာ တားမြစ်လိုက်ပါတယ်။
အီရန်နိုင်ငံမှာ စားသောက်ကုန်ဈေးနှုန်းတွေ အကြီးအကျယ် မြင့်တက်မှုကြောင့် စနေနေ့က မြို့အတော်များများမှာ ဆန္ဒပြခဲ့ကြတာကို လူမှုကွန်ရက်တွေမှာ တွေ့မြင်ကြရပါတယ်။
ကိုယ်ဝန်ဖျက်ချခွင့်ဆိုင်ရာ အခြေခံဥပဒေ အခွင့်အရေးကို အမေရိကန် တရားရုံးချုပ်က မကြာခင်မှာ ပယ်ဖျက်မယ့် အလားအလာ ရှိနေတဲ့အပေါ် မကျေနပ်မှုကိုပြသတဲ့ အနေနဲ့ ကိုယ်ဝန်ဖျက်ချခွင့်ကို ထောက်ခံသူတွေ စနေနေ့မှာ အမေရိကန်ပြည်ထောင်စု တဝန်းမှာ လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။
ဖင်လန်နိုင်ငံ NATO မဟာမိတ်အဖွဲ့ကို ဝင်မယ်ဆိုရင် မှားလိမ့်မယ်လို့ ရုရှားသမ္မတ Vladimir Putin က ဖင်လန်သမ္မတကို ပြောလိုက်ကြောင်း ရုရှားအစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်တွေကို နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖော်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းလိုက်ပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ စနေနေ့က တွေ့ဆုံရာမှာ နိုင်ငံတကာရဲ့ပါဝင်မှုကို ဝန်ကြီး Saifuddin က ဆွေးနွေးခဲ့တာပါ။
ဝါရှင်တန်ဒီစီကို ရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ဟာ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မေလ ၁၄ ရက် ဝါရှင်တန်စံတော်ချိန် မနက်ပိုင်းမှာ တွေ့ဆုံခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်