ရုရှားကို စီးပွားရေးပိတ်ဆို့ပြီး နိုင်ငံရေးအရ အထီးကျန်စေဖို့ တိုးမြှင့်လုပ်မှာဖြစ်သလို ယူကရိန်းကိုလည်း လက်နက်အကူအညီ ဆက်ပေးသွားမယ်လို့ G7 စက်မှုထိပ်သီး ၇ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ ကတိကဝတ် ပြုခဲ့ကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ဥရောပကို ရောက်ရှိပြီး အခု တနင်္ဂနွေနေ့မှာတော့ ဂျာမနီမှာလုပ်မယ့် နေတိုး မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့ အစည်းအဝေးကို တက်ရောက်ဖို့ ရှိပါတယ်။
အာဆီယံနိုင်ငံတွေကို ယူကရိန်းကျူးကျော်စစ်နဲ့ ပတ်သက်ပြီး ခိုင်ခိုင်မာမာ ရပ်တည်ပေးကြဖို့ အမေရိကန်ဘက်က တိုက်တွန်းနေပေမဲ့လည်း အခု အမေရိကန်-အာဆီယံ ထိပ်သီးဆွေးနွေးပွဲ အပြီးမှာတော့ ယူကရိန်းစစ်နဲ့ပတ်သက်လို့ ရုရှားကို ဝေဖန်ရှုတ်ချတာမျိုး ထွက်မလာခဲ့ပါဘူး။
ယူကရိန်းစစ် ဘယ်လောက်ကြာရှည်နိုင်လဲဆိုတာ မဟာမိတ်နိုင်ငံတွေပေါ် တည်တယ်လို့ ယူကရိန်းသမ္မတက ပြောလိုက်ပါတယ်။ လက်ရှိအားဖြင့်ဆိုရင် ယူကရိန်းစစ် သုံးလကြာထဲ ဝင်ရောက်နေပါပြီ။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဆိုင်းပြီး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အမေရိကန်နဲ့ အာဆီယံနိုင်ငံ ခေါင်းဆောင်တွေက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
ရွေဘိုမြို့နယ်ထဲ ဂွေးပင်ကုန်းရွာကို စစ်ကောင်စီတပ်တွေက မေလ ၁၂ ရက်နေ့ မနက်ပိုင်းမှာ ဂွေးပင်ကုန်းရွာက နေအိမ်တွေကို မီးရှို့ခဲ့သလို သဲကျွန်းရွာ၊ ရွာသစ်ကုန်းရွာနဲ့ ငပိအိုးရွာတွေကိုပါ ဆက်တက်သွားပြီး အိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးဟာ အာဆီယံနိုင်ငံတွေနဲ့ လက်တွဲဘက်အဖြစ်ရပ်တည်တဲ့ ဆက်ဆံရေးခိုင်မာမှုကိုထင်ဟပ်တဲ့ အစည်းအဝေးဖြစ်သလို အာရှပစိဖိတ်အရေးကိစ္စတွေအပြင် ယူကရိန်းကို ရုရှားကကျုးကျော်တဲ့ စစ်ပွဲနဲ့ပတ်သက်လို့လည်း မဖြစ်မနေ ဆွေးနွေးကြမယ့်အကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ပြောပါတယ်။
အမေရိကန် အာဆီယံ ထိပ်သီးအစည်းအဝေးအတွင်း ကုန်သွယ်ရေးနဲ့ လုံခြုံရေးကိစ္စတွေကို အဓိက ဦးစားပေးဆွေးနွေးကြတာဟာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို အရေးမကြီးသလိုနဲ့ ပစ်ပယ်တာမျိုး မဖြစ်သင့်ဘူးဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေက သတိပေးပြောဆိုနေပါတယ်။
အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေရဲ့ ရာသီဥတု ပြောင်းလဲဖေါက်ပြန်မှု တိုက်ဖျက်ရေး၊ ရေကြောင်းသွားလာရေး၊ အများပြည်သူ့ကျန်းမာရေးနဲ့ အခြေခံအဆောက်အအုံအတွက် အမေရိကန် ဒေါ်လာ သန်း ၁၅၀ ကျော် သုံးစွဲဖို့ သမ္မတအိမ်ဖြူတော်က ကြေညာပါတယ်။
မရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman ဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဝါရှင်တန်ဒီစီမှာ မေလ ၁၂ ရက်နေ့မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး အကြမ်းဖက် ဖိနှိပ်ခံနေရတဲ့ မြန်မာပြည်သူတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ ထောက်ခံကူညီသွားမယ်ဆိုတာကို ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ Kyiv မြို့တော်မှာ စစ်ရာဇဝတ်မှုခုံရုံး စတင်လိုက်ပြီး ပထမဆုံးအနေနဲ့ အသက် ၆၂ အရွယ်လူတဦး ဦးခေါင်းကို သေနက်နဲ့ပစ်သတ်မှုစွဲချက်နဲ့ အသက် ၂၁ နှစ်အရွယ် ရုရှားတပ်ကြပ် Vadmin Shyshimarin ကို ကြားနာစစ်ဆေးပါတယ်။
ဘာသာရေး ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံကနေ အိုးအိမ်စွန့်ခွါထွက်ပြေးရတဲ့ ဒုက္ခသည်ပေါင်းက အခုဆိုရင် ၁.၂ သန်းကျော် ရှိနေပြီလို့ အမေရိကန်ပြည်ထောင်စု ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် USCIRF က ၂၀၂၂ ခု မေလ ၁၂ ရက်နေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
အမေရိကန် - အာဆီယံ ထိပ်သီး အစည်းဝေးကို အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ကမကထလုပ် ကျင်းပေးနေချိန်မှာပဲ ဝါရှင်တန်ဒီစီက နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့မှာ မြန်မာ့အရေးလှုပ်ရှားသူတွေက မြန်မာ့အရေး တိုးတက်အောင် ဆောင်ရွက်မပေးနိုင်တဲ့ အာဆီယံ ခေါင်းဆောင်တွေကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
ဖင်လန်သမ္မတ Sauli Niinisto နဲ့ ဝန်ကြီးချုပ် Sanna Marin တို့က NATO မဟာမိတ်အဖွဲ့မှာ ပါဝင်ဖို့ အတည်ပြုကြောင်းကြေညာပြီး ယူကရိန်းကို ရုရှားဝင်ရောက်ကျူးကျော်မှုအတွက် တုန့်ပြန်တဲ့ အနေနဲ့ ဖင်လန်နိုင်ငံရဲ့မူဝါဒကို လုံးဝပြောင်းလဲပစ်လိုက်ကြပါတယ်။ ဖကြညာချက်အပေါ် ရုရှားအစိုးရက ချက်ချင်းပဲ အပြစ်တင်ဝေဖန်လိုက်ပါတယ်။
စစ်ကောင်စီကို ငွေရှာပေးနေတဲ့ မြန့်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးလုပ်ငန်း MOGE ကို စီးပွားရေးပိတ်ဆို့ပေးဖို့ မြန်မာအရေးတတ်ကြွလှုပ်ရှားသူတွေနဲ့ အရပ်ဘက်အဖွဲ့တချို့က သမ္မတ Joe Biden ကို တောင်းဆိုပါတယ်။ အာဆီယံ- အမေရိကန်ထိပ်သီးတွေ့ဆုံပွဲမှာ မြန်မာ့အရေးကိစ္စကိုပါ အလေးထားဆွေးနွေးဖို့ တိုက်တွန်းပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ PDFတို့တိုက်ပွဲအတွင်း စစ်ရှောင်ရွာသားတချို့ မသန့်ရှင်းတဲ့ရေကြောင့် ဝမ်းပျက်ဝမ်းလျှောကြပြီး ဒေသခံကျန်းမာရေးအဖွဲ့ကပဲ ကုသပေးနေရပါတယ်။ စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေးသလို မီးရှို့ခံရတဲ့ရွာတွေ ပြန်လည်ထူထောင်ရေး မလုပ်နိုင်သေးပဲဖြစ်နေပါတယ်။
"နိုင်ငံတကာခရီးသည် လာဖို့ဆိုတာက ယုံကြည်မှုက အင်မတန်အရေးကြီးတယ်။ ယုံကြည်မှုဆိုတာက အဲဒီနိုင်ငံရဲ့ ခရီးစဉ်ဒေသတခုကို လာဖို့အတွက် သူတို့အတွက် လုံခြုံမှုတွေ၊ သူတို့လိုချင်တဲ့ ဝန်ဆောင်မှုတွေ၊ လုံခြုံမှုဆိုတဲ့နေရာမှာ ဒီကျန်းမာရေးကအစ ကျန်တာတွေအကုန် ပါတာပေါ့နော်။” (မန္တလေးအခြေစိုက် ခရီးသွားလုပ်ငန်းရှင်)
အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတက်ဖို့ ရောက်နေကြတဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ Joe Biden က ဝါရှင်တန် ဒီစီမြို့မှာ တဦးချင်း သီးခြားစီ တွေ့ဆုံသွားမယ်လို့ အမေရိကန်အစိုးရ အဆင်မြင့်အရာရှိတဦးက မနေ့ ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။
ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ရွေးချယ်တင်မြှောကက်ခံထားရတဲ့ အစိုးရအဖွဲ့အဖြစ် ထိတွေ့ဆက်ဆံဖို့ အရေးကြီးတဲ့အကြောင်း မလေးရှားနိုင်ငံခြားရေး ဝန်ကြီး Saifuddin Abdullah က မနေ့က BenarNews ဌာနနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုတာကို RFA လွတ်လပ်တဲ့ အာရှအသံက ပြန်လည် ထုတ်လွှင့်သွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်