အမေရိကန်-အာဆီယံ ၂ ရက်ကြာ ထိပ်သီးစည်းဝေးပွဲကျင်းပဖို့ ဝါရှင်တန်ဒီစီမြို့မှာ တွေ့ဆုံနေချိန် နိုင်ငံတွင်း ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ခေါင်းဆောင်တွေအနေနဲ့ အလေးပေး ဆွေးနွေးကြဖို့ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမှာ မေ ၁၂-၁၃ ရက် ၂ ရက်ကြာ ကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲကျင်းပနေချိန် N UG - ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Wendy Sherman နဲ့ ဒီကနေ့ ဝါရှင်တန် ဒီစီမြို့မှာ တွေ့ဆုံဖို့ရှိပါတယ်။
အမေရိကန်အနေနဲ့ မြန်မာ့အရေးအာဆီယံဘုံသဘောတူညီချက်ကို ထောက်ခံပြီး သက်ဆိုင်ရာ အစုအဖွဲ့အားလုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေသလို မြန်မာ့အရေးဖြေရှင်းဖို့ အကြံပြုချက်အားလုံးကိုလည်း ကြိုဆိုတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jung Pak က VOA နဲ့ သီးသန့်မေးမြန်းစဉ်မှာပြောဆိုပါတယ်။
“တဖွဲ့ချင်းပြောတော့ သူ့တကွက်၊ ကိုယ့်တကွက်ပဲ ပြောနိုင်မယ်။ တနိုင်ငံလုံးကိစ္စပြောဖို့ အားမရှိဘူး။ Collectively တွေ့ခွင့်ရရင် PPST ကိုယ်စား လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးစားမယ်။ PPST လက်မှတ်ထိုးထားတဲ့ NCA ရဲ့အခြေခံမူ ၃ ချက်ကိုလည်း ကိုင်မယ်။ (ဗိုလ်မှူးကြီးခွန်ဥက္ကာ၊PPST ဦးဆောင်ကော်မတီဝင်)
အင်ဒိုနီးရှားရဲ့ စားအုန်းဆီတင်ပို့မှု မူဝါဒမရေမရာဖြစ်နေတဲ့အတွက် မလေးရှားနိုင်ငံဟာ အိန္ဒိယကို စားအုန်းဆီတင်ပို့ဖို့ အခွင့်အလမ်းတွေပိုရလာတယ်လို့ စားအုန်းဆီ လုပ်ငန်းရှင်များက ပြောဆိုပါတယ်။
အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းအနေနဲ့ မြန်မာ့အရေးကိစ္စမှာ သံတမန်ရေးအရ ပိုပြီး ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုဘက်က လိုလားတယ်လို့ အမေရိကန်အစိုးရရဲ့ အင်ဒို-ပစိဖိတ်ဒေသ ပေါင်းစပ် ညှိုနှိုင်းရေးမှူး Kurt Campbell က ပြောလိုက်ပါတယ်။
ဒီအပတ် သမ္မတရွေးကောက်ပွဲမှာအနိုင်ရပြီလို့ ယခင် အာဏာရှင်ရဲ့သား၊ သမ္မတလောင်း Ferdinand Marcos Jr. က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက် ပါတယ်။
စားအုန်းဆီသိုလှောင်ကန်တွေထဲက ဆီလက်ကျန် တန်ချိန် ၂၀,၀၀၀ နီးပါးကို ထုတ်ရောင်းပေးတာ မလုပ်ဘဲ လက်ရှိပမာဏအတိုင်းပဲ ဆက်ထားရှိရမယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနက မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များအသင်းကို ညွှန်ကြားလိုက်ပါတယ်။
မြို့တော် ကိုလမ်ဘိုမှာ ဆန္ဒပြသူတွေနဲ့ အစိုးရထောက်ခံသူတွေကြား အခုလိုတိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက်တနေ့ ဒီနေ့ ဗုဒ္ဓဟူးနေ့မှာတော့ တင့်ကားတွေအပါအဝင် လုံခြုံရေးတပ်ဖွဲ့တွေ ချထားလိုက်ပါတယ်။
စပိန်နိုင်ငံ Gran Canaria ကျွန်းရဲ့ အတ္တလန်တိတ် သမုဒ္ဒရာကမ်းခြေ အပြင်ဘက်မှာ ရာဘာလှေနဲ့ အခုလို ရွှေ့ပြောင်းထွက်ပြေးလာသူ ၇၁ ဦးကို မနေ့က ကယ်တင်နိုင်ခဲ့ပြီး ပျောက်ဆုံးသူတွေ အများကြီးဆက်ရှိနေမှာ စိုးရိမ်နေကြပါတယ်။
မြန်မာနိုင်ငံမှာ အများဆုံးသုံးစွဲနေကြတဲ့ စာအုန်းဆီ ရှားပါးလာပြီး ဈေးနှုန်းတွေတက်နေတဲ့အတွက် သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်း ဆီရောင်းချသူတွေ မရောင်းချနိုင်ပဲ ဈေးကွက် ပေါက်ဈေးအတိုင်း ရောင်းချနေကြပါတယ်။ ဒီအကြောင်း စားသုံးဆီလုပ်ငန်းရှင်တွေကို မေးမြန်းပြီး ကိုခင်မောင်စိုးမင်း က စုစည်းတင်ပြထားပါတယ်။
ယူကရိန်း ကျူးကျော် စစ် အတွင်း ရုရှား တပ်ဖွဲ့တွေရဲ့ ကျူးလွန်တယ်လို့ စွပ်စွဲထားတဲ့ နိုင်ငံတကာ လူ့သားချင်းစာနာမှုနဲ့ လူ့အခွင့်ရေး ဆိုင်ရာ ဥပဒေ ချိုးဖောက်မှု အများအပြားဟာ စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း ယူကရိန်းနိုင်ငံတွင်းက ကုလသမဂ္ဂ စောင့်ကြည့်ရေး အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ်နဲ့ပုလဲမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ လေကြောင်းကနေ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။
မြန်မာစစ်တပ်နဲ့ ထိတွေ့လုပ်ဆောင်နေတာ၊ လူ့အခွင့်အရေးချိုးဖောက်တာနဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတာ စတဲ့ အထောက်အထားတွေ တွေ့ရှိရတဲ့ ကုမ္ပဏီ ၅၆ ခုကို ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေးဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က အမည်မည်း စာရင်းထဲ ထပ်မံ ထည့်သွင်းလိုက်ပါတယ်။
ဖင်လန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံတို့ဟာ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ ဒီလကုန်မှာ လျှောက်ထားမယ်လို့ မျှော်လင့်ထားကြပါတယ်။
ယူကရိန်းဒီမိုကရေစီနဲ့ ကာကွယ်ရေးဆိုင်ရာငှါးရမ်းခွင့် ဥပဒေလို့ အဓိပ္ပါယ်ရတဲ့ Ukraine Democracy and Defense Lend-Lease Act ကို ရီပတ်ဘလီကန် ပါတီရော၊ ဒီမိုကရက်ပါတီကပါ သဘောတူပြဌာန်းခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်က မေလ ၉ ရက်နေ့မှာ လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးမောင်ဝိတ်က ဒေါ်လာငွေ ၅ သိန်း လာဘ်ထိုးခဲ့တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်အမှုနှစ်မှုကို ဒီကနေ့ မေ ၁၀ ရက်နေ့ နေပြည်တော် အထူးတရားရုံးမှာ ကြားနာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၆ ရက်နေ့၊ သမ္မတဟောင်း Donald Trump ကို ထောက်ခံသူတွေ ဆန္ဒပြရင်း လွှတ်တော် ဝင်ရောက်စီးနင်းမှုအကြောင်း သတင်းရေးသားခဲ့တဲ့ ဝါရှင်တန်ပို့စ်သတင်းစာကို သတင်းလောကရဲ့ အမြင့်ဆုံး Pulizer Prize ဆု ချီးမြှင့်ခံရပါတယ်။
နောက်ထပ်ကြည့်ရှုရန်