ဈေးကွက်ထဲ အဝယ်လိုက်နေတဲ့ ရွှေတွေကို အခုလာမယ့် မိုးရာသီမှာ ပစ္စည်းပြတ်လတ်မှုမရှိစေဖို့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။ ရွှေဆိုင်အများစုမှာ အရောင်းရပ်ထားတဲ့ အတုံးအခဲနဲ့ အကျစ်ထည်တွေကိုတော့ အခုချိန်ထိ ဝယ်မရသေးပါဘူး။
ိထိုင်းမြန်မာနယ်စပ်ပရာကျွတ်ခီရီကန်ပြည်နယ်ထဲမှာ တရားမဝင်မြန်မာတွေကိုသယ်ဆောင်လာတဲ့ကားတစီးဟာ မေလ၆ရက်နေ့မနက် ၄နာရီကျော်အချိန်ကလုံခြုံရေးစစ်ဆေးရေးဂိတ်မှာအစစ်ဆေးမခံပဲမောင်းပြေးပြီးတဲ့နောက် ပစ်ခတ်ခံရမူဖြစ်ပြီး မြန်မာ၁ဦးသေဆုံးပြီး ၃ဦးပြင်းထန်တဲ့ဒဏ်ရာများရရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်းမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံကာကွယ်ရေး တပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပါတယ်။ မင်းကင်းမြို့နယ်ထဲက ကျေးရွာ စစ်ဘေးဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ အခက်အခဲတွေလည်း ရှိနေပါတယ်။
အစိုးရနှုတ်ထွက်ပေးဖို့တောင်းဆိုနေတဲ့ သီရိလင်္ကာနိုင်ငံမှာ တနင်္လာနေ့တုန်းက ဝန်ကြီးချုပ် Mahinda Rajapaska နှုတ်ထွက်သွားပါတယ်။
ရုရှားသမ္မတ Vladimir Putin ရဲ့ လုပ်ရပ်ကြောင့် ယူကရိန်းကို ဂျာမနီက လက်နက်တွေ ပံ့ပိုးပေးရုံမှတပါး တခြားရွေးစရာလမ်း မရှိပဲ ဖြစ်နေပြီလို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ သမ္မတရွေးကောက်ပွဲမှာ အာဏာရှင်သမ္မတဟောင်း မားကို့စ်ရဲ့ သား Bong Bong မားကို့စ် ခေါ် မားကို့စ် ဂျူနီယာ က မဲအရေအတွက် ၇၇ ရာခိုင်နှုန်းကျော်ရရှိနေပါတယ်။
လက်ရှိတိုင်းပြည်ရင်ဆိုင်နေရတဲ့အကြပ်အတည်းကို တွေ့ဆုံဆွေးအဖြေရှာမယ်ဆိုရင်၊ စစ်ကောင်စီရဲ့ထိုးစစ်အားလုံးအမြန်ဆုံးရပ်ဆိုင်ဆိုင်းပြီး၊ ပါသင့်ပါထိုက်တဲ့ အင်အားစု တွေအကုန်ပါဝင်ဖို့လိုအပ်ကြောင်း၊ KNU၊ KNPP၊ နှင့် CNF တိုင်းရင်းသားလက် နှက်ကိုင်အဖွဲ့ ၃ ဖွဲ့က မေလ ၉ ရက်နေ့မှာပူးတွဲကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။
တောင်ကိုရီးယား သမ္မတ Moon Jae-in ရဲ့ ရာထူးသက်တမ်း ဒီကနေ့ညမှာ ကုန်ဆုံးမှာဖြစ်ပြီး မနက်ဖြန် အင်္ဂါနေ့မှာ နောက်တက်လာတဲ့ ရွေးကောက်ခံသမ္မတYoon Suk-yeol က ကျန်းသစ္စာကျိန်းဆိုရင်း တဆက်တည်း တာဝန်လွှဲယူမှာဖြစ်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်ကို စစ်ရေးအရ ဝင်ရောက်တိုက်ခိုက်ခဲ့တာဟာ အနောက်အုပ်စုရဲ့မူဝါဒတွေကိုတွန်းလှန်မှုနဲ့ ကျူးကျော်မှုကိုတားဆီးဖို့ လိုအပ်ချက် အဖြစ် ပြောဆိုလိုက်ပါတယ်။
နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတွေထဲက ရဟတ်ယာဉ် ငှားရမ်းတာ၊ ဝယ်ယူတာနဲ့သက်ဆိုင်တဲ့အမှုကို ဒီကနေ့ နေပြည်တော်အထူးတရားရုံးမှာ စစ်ဆေးခဲ့ပြီး မေလ ၁၆ ရက်မှာ ထပ်ပြီးစစ်ဆေးဖို့ ရုံးချိန်းပေးထားပါတယ်။
မြန်မာနိုင်ငံတွင်း ပြဿနာအားလုံးရဲ့တရားခံဟာ ရွေးကောက်ခံအစိုးရကို အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကြောင့်ဖြစ်ပြီး မြန်မာစစ်တပ်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတယကြောင့် အမေရိကန်-အာဆီယံတွေ့တဲ့အခါ ဖိအားတိုးမြှင့်ဖို့ ကာင်း APHR က တိုက်တွန်းပါတယ်။
တောင်ပစိဖိတ်ပင်လယ်ထဲက ဆော်လမွန်ကျွန်းစုနိုင်ငံမှာ တရုတ်က စစ်တပ်အခြေစိုက်စခန်းတခု တည်ဆောက်မယ့်အရေးကို မဟာမိတ်နိုင်ငံတွေနဲ့အတူ ဟန့်တားကာကွယ်သွားမယ်လို့ သြစတြေးလျဝန်ကြီးချုပ် Scott Morrison က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။
လူမှောင်ခိုကူးသူတွေကတဆင့် မလေးရှားနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ မြန်မာနိုင်ငံသား ၈၉ ဦးကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း Narathiwat ပြည်နယ် Tak Bai မြို့မှာ ဖမ်းမိသွားတာပါ။
နာမည်ကျော် အိုင်ယာလန်ရော့ခ်ဂီတအဖွဲ့ U2 က Bono နဲ့ သူ့တွဲဘက် The Edge ဂစ်တာသမား တို့ဟာ တနင်္ဂနွေနေ့က ယူကရိန်းနိုင်ငံ မြို့တော် Kyiv က ဘူတာရုံမှာ မိနစ် ၄၀ ကြာ အခမဲ့ တေးဂီတဖျော်ဖြေပွဲ ပြုလုပ်ပြီး ရုရှားရန်ကို ခုခံတွန်းလှန်နေတဲ့ ယူကရိန်း တိုက်ခိုက်ရေးသမားတွေကို ဂုဏ်ပြုခဲ့ပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်မှုကြောင့် ပြည်ပကို ထွက်ပြေးရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို ဆန်းစစ်ဖို့ ဥရောပကိုလာရောက်တဲ့ ၄ ရက်ကြာခရီးစဉ် တတိယနေ့ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ အမေရိကန်သမ္မတကတော် Jill Biden ဟာ ကြိုတင်မကြေညာဘဲ ယူကရိန်းကို သွားရောက်ခဲ့ပြီး ယူကရိန်းသမ္မတကတော် Olena Zelenska နဲ့ တွေ့ဆုံခဲ့ပါတယ်။
ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသမှာ တနင်္ဂနွေနေ့က ရုရှားတပ်တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် Bilohorivka မှာရှိတဲ့ လူ ၉၀ လောက် ခိုလှုံနေတဲ့ စာသင်ကျောင်းတကျောင်းဟာ မြေပေါ်မှာ ပြားပြားဝပ်ပျက်စီးသွားပြီး အဲဒီထဲက ၃၀ လောက်ကိုပဲ ကယ်တင်နိုင်ခဲ့တယ်လို့ Luhansk အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အမေရိကန်နဲ့ G-7 ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ ခေါင်းဆောင်တွေဟာ ရုရှားဆီက ရေနံဆက်မဝယ်ဖို့ ဒါမှမဟုတ် တင်ပို့မှုပိတ်ပင်ဖို့ တနင်္ဂနွေနေ့မှာ သဘောတူလိုက်ကြပြီး ဒါဟာ သီတင်း ၁၀ ပတ်ကြာနေပြီဖြစ်တဲ့ ယူကရိန်းကို ရုရှားကျူးကျော်မှုအတွက် ရုရှားရဲ့ ပင်မဝင်ငွေရလမ်းကို တိုက်ရိုက်ပစ်မှတ်ထား အရေးယူတာ ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ G-7 စက်မှုထိပ်သီး ၇ နိုင်ငံက ခေါင်းဆောင်တွေနဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ အွန်လိုင်းက တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
အဝေးရောက် မီဒီယာခေတ် ပြန်လာပြီဆိုပေမဲ့ အနာဂတ်က မရေမရာရှိနေဆဲပဲ ဖြစ်တယ်လို့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေကြတဲ့ မြန်မာသတင်းစာဆရာတွေက ဆိုကြပါတယ်။
ဒီအပတ်ထဲမှာကျင်းပမယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ကပ်ဘေးအလွန် စီးပွားရေး နာလန်ထရေးကို ထိုင်းနိုင်ငံဝန်ကြီးချုပ်က အဓိကထား ဆွေးနွေးမှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်