ဟောင်ကောင်ကျွန်းရဲ့ ခေါင်းဆောင်သစ်အဖြစ် John Lee ကို ရွေးကောက်တင်မြှောက်လိုက်ပြီ ဖြစ်ပါတယ်။
မြန်မာကို လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး အာဆီယံအတိုင်ပင်ခံ အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို မဖိတ်ကြားခဲ့တဲ့အတွက် အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးဆိုင်ရာ ဥက္ကဋ္ဌ Charles Santiago က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အတိုင်ပင်ခံ အစည်းအဝေးကို အလွန်စိတ်ပျက်မိပြီး စိုးရိမ်မကင်းဖြစ်မိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မနေ့ မေလ ၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေ လူမြင်ကွင်းမှာ သွားလာကြတဲ့အခါ ခြေဆုံး ခေါင်းဆုံး ခေါင်းမြီးခြုံဖို့ တာလီဘန်တို့က စနေနေ့မှာ အမိန့်ထုတ်လိုက်ပါတယ်။
ယူကရိန်းအရှေ့တောင်ပိုင်း Mariupol ဆိပ်ကမ်းမြို့က သံမဏိစက်ရုံဝင်းအတွင်း ပိတ်မိနေတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်ကြီးတွေ အားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်း ကယ်ထုတ်နိုင်ခဲ့ပြီလို့ Kyiv က ဗွီအိုအေသတင်းထောက် Anna Chernikova က ပြောပါတယ်။
တရုတ်နိုင်ငံဟာ ရုရှားရဲ့ ယူကရိန်းကို ဝင်ရောက်ကျူးကျော်မှုကို အနီးကပ်လေ့လာရင်း ရလာတဲ့ စစ်သင်ခန်းစာတွေပေါ် အခြေခံပြီး သူ့ရဲ့ ထိုင်ဝမ်ကို ထိန်းချုပ်နိုင်ဖို့ လုပ်နေတဲ့ ရေရှည်စီမံကိန်းတွေအတွက် ချိန်ထိုးနေပုံရတယ်လို့ အမေရိကန် ဗဟိုထောက်လှမ်းရေး CIA အကြီးအကဲ Williams Burns က စနေနေ့မှာ ပြောပါတယ်။
ပင်လယ်နက်ဒေသထဲက ရုရှားထိန်းချုပ်ထားတဲ့ Snake Island မြွေကျွန်းအနီး ရုရှား ကမ်းတက်စစ်ရေယာဉ်တစင်းကို ပစ်ခတ်ဖျက်ဆီးလိုက်တဲ့ ဗွီဒီယိုကို ယူကရိန်းစစ်တပ်က စနေနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့ ရည်ရွယ်ချမှတ်ထားတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရေး အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ လာမယ့် မေလ ၁၁ ရက်နေ့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးမယ့်အကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေထဲက အဖွဲ့ ၅ ဖွဲ့ဟာ မြန်မာစစ်ကောင်စီက ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မယ်လို့ သိရပါတယ်။
ကျူးဘားနိုင်ငံ မြို့တော်က ထင်ရှားတဲ့ ဟိုတယ်ကြီး ပေါက်ကွဲမှုထဲ သေဆုံးသူ အနည်းဆုံး ၂၂ ဦး တိုးလာပါတယ်။
ရုရှားရဲ့ နာဇီတော်လှန်ရေးအောင်ပွဲ အခမ်းအနားမတိုင်ခင် ယူကရိန်းမှာ ထိုးစစ်ပိုပြင်းလာနိုင်တာ ပြင်ဆင်ထားဖို့ သတိပေးမှုတွေ ရှိနေပါတယ်။
စစ်ကောင်စီအတွက် ဝင်ငွေအထောက်အပံ့ ဖြစ်နိုင်တာကြောင့်ဆိုပြီး တရုတ်အစိုးရ နောက်ခံပြုထားတဲ့ ဝမ်ပေါင်ကုမ္ပဏီရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်ပြီးရပ်တန့်ထားဖို့ စစ်ကိုင်းတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေး တိုက်တွန်းပါတယ်။
ရေငုတ်သင်္ဘောကနေ ပစ်ခတ်တယ်လို့ ယူဆရတဲ့ အဝေးထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတခု မြောက်ကိုရီးယားဘက်က လုပ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်ဘက်က အခု စနေနေ့ ထုတ်ပြန်ပါတယ်။
ယူကရိန်းနိုင်ငံ Mariupol မြို့က Azovstal သံမဏိစက်ရုံအတွင်းမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ဘေးလွတ်ရာကို နောက်ထပ် ရွှေ့ပြောင်းတာတွေ စတင်လုပ်ဆောင်နေပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ထိုးစစ်ကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို နေရပ်အတင်းအကျပ် ပြန်ပို့တာမျိုးမလုပ်ဘဲ အကာအကွယ်ပေးဖို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း တခုဖြစ်တဲ့ Fortify Rights အဖွဲ့က ထိုင်းအစိုးရကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း လူသားချင်းစာနာကူညီမှုအကူအညီပေးရေး အာဆီယံဒေသညှိနှိုင်းဆွေးနွေးပွဲကို ဒီနေ့ ကျင်းပရာမှာ အကူအညီပေးရေးကိစ္စ အဟန့်အတားတွေအများကြီးကြုံရပေမယ့် တိုးတက်မှုတော့ရခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်သူ Prak Sokhonn က ပြောပါတယ်။
အတိုးနှုန်းမြင့်တက်မှုတွေနဲ့ ငွေကြေးဖောင်းပွမှုတွေကြောင့် Wall Street စတော့ရှယ်ယာစီးကွက်မှာ စိုးရိမ်မှုတွေတိုးလာပြီး ဒီနေ့မှာတော့ အာရှ အစုရှယ်ယာတွေလည်း ဒီနေ့ ထိုးကျသွားပါတယ်။
သိရီလင်္ကာနိုင်ငံမှာ အဆိုးဝါးဆုံး စီးပွားရေးအကြပ်အတည်းကြောင့် သမ္မတ Gotabaya Rajapaksa နုတ်ထွက်ပေးဖို့ ဆန္ဒပြတောင်းဆိုနေကြစဉ်မှာ ကြာသပတေးနေ့က သိရီလင်္ကာလွှွတ်တော်ထဲကို ဝင်ရောက်ဖို့ ကြိုးစားတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ် နှိမ်နင်းခဲ့ပါတယ်။
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့က ရုရှားသံရုံး ဝန်ထမ်းတွေ လွန်ခဲ့တဲ့ ၁ လလောက်က နှင်ထုတ်ခံခဲ့ရတာကို လက်တုံ့ပြန်တဲ့ အနေနဲ့ မော်စကိုမြို့တော်မှာရှိတဲ့ ဒိန်းမတ်သံရုံးက ဝန်ထမ်း ၇ ယောက်ကို နှင်ထုတ်လိုက်ကြောင်း ရုရှားက ကြေညာလိုက်ပါတယ်။ နှင်ထုတ်ခံရသူတွေ ၂ ပတ်အတွင်း ထွက်ခွာရမှာ ဖြစ်ကြောင်း ရုရှားက ပြောပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က ဂျူးဆန့်ကျင်ရေး မှတ်ချက်စကားပြောကြားခဲ့တာကို ရုရှားသမ္မတ Vladimir Putin က အစ္စရေးဝန်ကြီးချုပ် Naftali Bennett ကို တောင်းပန်လိုက်ပါတယ်။ ဟစ်တလာကိုယ်တိုင်က ဂျူးသွေးပါကြောင်း ဝန်ကြီး Lavrov က ဒီသီတင်းပတ် အစောပိုင်းက အီတလီရုပ်သံ သတင်းထောက်ကို ပြောကြားခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်