ဗြိတိန်နဲ့ ဂျပန်နိုင်ငံ ခေါင်းဆောင် ၂ ဦးဟာ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ တွေ့ဆုံခဲ့ကြပြီး ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်သစ်တရပ်ကို ကြေညာခဲ့ကြပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က လန်ဒန်မြို့ အမှတ် 10 Downing လမ်းနေအိမ်မှာ ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကို လက်ခံတွေဆုံ ဆွေးနွေးကြတာဖြစ်ပါတယ်။
ရုရှားအပေါ် စွမ်းအင်အတွက် မှီခိုနေရတာတွေကို လျှော့ချရာမှာ ဂျပန်နိုင်ငံနဲ့ တခြားနိုင်ငံတွေကိုပါ ကူညီနိုင်အောင် နျူကလီးယား စွမ်းအင် ပိုမိုထုတ်လုပ် သုံးစွဲမယ့်အကြောင်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကပြောလိုက်ပါတယ်။
“ကျနော်တို့ခန့်မှန်းတာ မေ ၈ ရက်ကနေ ၁၃ ရက်အတွင်းမှာ မြန်မာနိုင်ငံ တောင်ပိုင်းကို မုတ်သုံဝင်မယ်။ နောက်တဆင့် မြစ်ဝကျွန်းပေါ်ကိုတော့ ၁၄ ရက်ကနေ ၂၀ အတွင်းပေါ့နော်၊ ၂၁ ကနေ ၂၇ အဲရက်အတွင်းမှာတော့ အဲလို တဆင့်ချင်း မုတ်သုံကတော့ ဝင်လာမှာပေါ့လေ။ မိုးဦးကာလမှာ မိုးအသင့်အတင့်ရနိုင်တယ်။” မိုးဇလဗေဒဦးစီးဌာန တာဝန်ရှိသူ)
ယူကရိန်းနိုင်ငံ Mariupol မြို့က သံမဏိစက်ရုံမှာပိတ်မိနေတဲ့အရပ်သားတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနိုင်ဖို့အတွက် အဲဒီမြို့မှာ ဒီနေ့ တနေ့ကုန် အပစ်ရပ်ပြီး သောကြာနဲ့ စနေနေ့တွေမှာတော့ နေ့ဘက်တွေမှာ အပစ်ရပ်သွားမယ်လို့ ရုရှားဘက်က ကတိပြုလိုက်ပါတယ်။
တရုတ်နိုင်ငံ ဘေဂျင်းမှာ ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေး ကြိုးပမ်းမှုအနေနဲ့ ကြာသပတေးနေ့မှာ ကျောင်းတွေကို ဆက်ပြီးပိတ်ထားဖို့ အမိန့်ထုတ်ထားပါတယ်။
မြန်မာပြည်တွင်းက အတိဒုက္ခရောက်နေကြသူတွေကို လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ရေး အာဆီယံဆွေးနွေးပွဲကို မနက်ဖြန် ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့မှာ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ကမကထပြု ကျင်းပဖို့ရှိပြီး လူကိုယ်တိုင်ရော အွန်လိုင်းကပါ အစည်းအဝေးတက်ရောက်ကြမှာပါ။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ့ထားတဲ့ စာသင်ကျောင်းတွေထဲက ၁၇ ရာခိုင်နှုန်းလောက် ထိခိုက်ပျက်စီးခဲ့ရကြောင်း ယူနီဆက်ကပြောပါတယ်။ ဒီအရေအတွက်ဟာ ကျောင်း ၆ ကျောင်းမှာ ၁ ကျောင်းနှုန်း ဖြစ်တယ်လို့လည်း ပြောပါတယ်။
“ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီက အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ ဟာ မြန်မာတနိုင်ငံလုံးကို ပရမ်းပတာဖြစ်စေပြီး သူ အာဏာတည်မြဲဖို့ အားလုံးသော ရက်စက်ကြမ်းကြုတ်မှု မျိုးပေါင်းစုံကို ကျူးလွန်နေပါတယ်။” (မစ္စတာ Charles Santiago -အာဆီယံ ပါလီမန်အမတ်များ လူ့အခွင့်အရေး ဆိုင်ရာ ဥက္ကဋ္ဌ)
မြန်မာစစ်တပ်ကို လက်နက်ရောင်းနေတဲ့ ရုရှားကုမ္ပဏီတွေကို ပိတ်ဆို့အရေးယူသင့်တယ်လို့ BURMA CAMPAIGN UK အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးမှာ ပါဝင်ဆောင်ရွက်ကြသူအားလုံး လုံခြုံစိတ်ချပြီး အဟန့်အတားမရှိ ဆောင်ရွက်နိုင်ရေးဟာ စေ့စပ်ညှိနှိုင်းဖို့ မလိုလောက်အောင် အရေးကြီးတဲ့အချက် ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယား အဝေးထိန်းမစ်ဆိုင်းဒုံးတခု ဒီနေ့ပစ်လွှတ်လိုက်တာကို ဂျပန်ဝန်ကြီးချုပ် Fumio Kishida က လုံးဝကို လက်ခံနိုင်စရာမရှိဘူးလို့ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ကြောင်း ဂျပန် Kyodo သတင်းဌာနမှာ ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေကြားမှာပဲ ဆက်လက် သတင်းဖော်ပြနေကြတဲ့ သတင်းသမားတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အသိအမှတ်ပြု ပြောဆိုလိုက်ပါတယ်။ Foreign Press Center မှာ လုပ်တဲ့ ကမ ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားမှာ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ သတင်းမီဒီယာကို ဆက်လက် အကာအကွယ်ပေးဖို့ ကြိုးပမ်းသွားမယ့်အကြောင်း ကုလသမဂ္ဂက ပြောလိုက်ပါတယ်။ သမားတွေ ဘေးကင်းလုံခြုံမှုနဲ့ အကာအကွယ် ပိုရရှိရေး ဆက်လက်ဆောင်ရွက်နေကြောင်း UNESCO အဖွဲ့က ကမ ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ပြောဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်နဲ့ မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့က အွန်လိုင်ကတဆင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ကို တွေ့ဆုံခွင့်ရဖို့ မေးမြန်းတောင်းဆိုခဲ့ရာမှာ လတ်တလော မဖြစ်နိုင်သေးဘူးလို့ မြန်မာစစ်ခေါင်းဆောင်ဘက်က တုံ့ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ နိုဘယ်ဆုလို့လည်း သိကြတဲ့ ဂွမ်ဂျူးလူ့အခွင့်အရေးဆုကို ၂၀၂၂ ခုနှစ်အတွက် ဒေါက်တာစင်သီယာမောင်ကို ချီးမြှင့်လိုက်ကြောင်း မေ ၁၈ အောက်မေ့ဖွယ် ဖောင်ဒေးရှင်းက ကြေညာလိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာ ၂ ရက်ကြာကျင်းပတဲ့ ဂျာမနီအစိုးရအဖွဲ့ အထူးအစည်းအဝေးတရပ်ကို Meseberg မြို့မှာ ကျင်းပပြီး ဆွီဒင်နဲ့ ဖင်လန် ဝန်ကြီးချုပ်တွေ က ဧည့်သည်တော် အဖြစ် တက်ရောက်ကြပါတယ်။
ဒီလ နှောင်းပိုင်းမှာ ယူကရိန်းအရှေ့ပိုင်းကို ရုရှားက သူ့နယ်မြေထဲသိမ်းသွင်းဖို့ အစီအစဉ်ရှိတယ်လို့ အမေရိကန်အကြီးတန်း တာဝန်ရှိသူတဦးက သတိပေးလိုက်ပါတယ်။
နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) ရဲ့ ၂၀၂၂ နှစ်ပတ်လည်အစီရင်ခံစာမှာ မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့် အဆင့် ၁၇၆ နဲ့အဆိုးဆုံး ၅ နိုင်ငံထဲပါသွားပြီး လုံခြုံရေးအရ ကမ္ဘာ့အဆိုးဝါးဆုံး အဆင့် ၁၈၀၊ တရားဥပဒေပြဌာန်းမှု ၁၇၈၊ လူမှုရေး ၁၇၄၊ စီးပွါးရေး ၁၅၅ နဲ့ နိုင်ငံရေးနယ်ပယ်အဆင့်ကတော့ ၁၄၉ ဖြစ်ပါတယ်။
“ဥပုသ်သီလ ဆောက်တည်မှုကတဆင့် တခြားသူတွေရဲ့ ဒုက္ခတွေအပေါ် စာနာမှုကို မွတ်ဆလင်တွေ ပြသခဲ့ကြပါတယ်။ ကမ္ဘာကြီးနဲ့ အတိဒုက္ခရောက်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့နေရာဖြစ်ဖို့ ရက်ရက်ရောရော ပေးလှူကြဖို့ ခိုင်မာတဲ့ သန္နိဌာန်ကို ချမှတ်ခဲ့ကြတာတွေ တွေ့မြင်ခဲ့ရပါတယ်...” (သမ္မတ Joe Biden )
ဖိလစ်ပိုင် နိုင်ငံမှာ ရှိနေတဲ့ သက်တမ်း ကုန်လုနီးပါး Sputnik V Covid ကာကွယ်ဆေး အလုံးရေ ၅ သန်းကို မြန်မာနိုင်ငံကို လှူဒါန်းဖို့ စဉ်းစားနေကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဆိုင်ရာ အကြီးတန်း တာဝန်ရှိသူက တနလာင်္နေ့မှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်