ကေအန်ယူ သထုံခရိုင်(တပ်မဟာ ၁ ) ဘီးလင်းမြို့ နယ်ထဲက လေးကေကျေးရွာထဲသို့ မေလ (၁)ရက်နေ့က စစ်ကောင်စီက လေကြောင်းကနေ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့အတွက် ဒေသခံတွေရဲ့အိမ်လောင်ခဲ့ပြီး အဲဒီဒေသမှာစစ်ဘေးဒုက္ခသည်၁၀၀၀၀ လောက် ဘေးလွတ်ရာ ကိုထွက်ပြေးတိမ်းရှောင်နေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အလွတ်သဘော ထိတွေ့ဆက်ဆံမှုမျိုး လုပ်ဆောင်သွားဖို့ အာဆီယံကို အဆိုပြုမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောတာကို ကိုးကားပြီး ကွာလာလမ်ပူ အခြေစိုက် မလေးမေးလ်သတင်းစာမှာ ဖော်ပြချက်ကို မြန်မာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကန့်ကွက်လိုက်ပါတယ်။
ယူကရိန်းနိုင်ငံ Kyiv မြို့တော်က အမေရိကန်သံရုံးကို မကြာခင်မှာပဲ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ကြောင်း ယူကရိန်းအနောက်ပိုင်း Lviv မြို့ကို ရောက်လာတဲ့ သံရုံးယာယီတာဝန်ခံ Kristina Kvien က တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေရှ့် နိုင်ငံ ကောဇ့်ဘဇားက ဒုက္ခသည် စခန်းတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်တွေထဲက ပထမဆုံး အသုတ် အနေနဲ့ ကလေးငယ် ၁၀,၀၀၀ တို့ဟာ မြန်မာ ကျောင်းသုံး သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားဖို့ စာရင်းပေးသွင်းထားကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေ အဖွဲ့ UNICEF က ပြောဆိုထားပါတယ်။
ယူကရိန်းကို အမေရိကန်ဒေါ်လာ ၃၃ ဘီလီယံ ကူညီဖို့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ မေတ္တာရပ်ခံချက်ဟာ ကွန်ဂရက် လွှတ်တော်မှာ ပါတီ ၂ ရပ်စလုံးရဲ့ ထောက်ခံမှုကို အခိုင်အမာ ရရှိနေပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးဝင်းမြင့်တို့နဲ့ တွေ့ဆုံခွင့်ပေးဖို့ အာဆီယံ အလှည့်ကျ ဥက္ကဌ ကမေ ္ဘာဒီးယား ဝန်ကြီးချုပ်က စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တနလာင်္နေ့မှာ တိုက်တွန်းပါတယ်။
ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida ဟာ ဒီနေ့ နေ့လယ် ပိုင်းမှာ ထိုင်းဝန်ကြီးချုပ် Prayuth Chan-ocha နဲ့တွေ့ဆုံပြီး စီးပွါးရေးဆိုင်ရာ ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုတွေနဲ့ ယူကရိန်းကို တိုက်ခိုက်တဲ့ ရုရှား စစ်အကြောင်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ ရဲတံခွန် သဘာဝဓာတ်ငွေ့လုပ်ငန်းစီမံကိန်းနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဂျပန်စွမ်းအင်ကုမ္ပဏီ ENEOS ဟာ မြန်မာနိုင်ငံမှာ ဆောင်ရွက်နေတဲ့ သဘာဝ ဓာတ်ငွေ့ လုပ်ငန်းစီမံချက်ကနေ ရုပ်သိမ်းတော့မယ်လို့ တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
Mariupol မြို့က သံမဏိစက်ရုံကနေ အရပ်သား ၁၀၀ ကို စတင် ခေါ်ထုတ်နိုင်ပြီး တနင်္လာနေ့ မှာ ယူကရိန်းက ထိန်းချုပ်ထားတဲ့ မြို့ Zaporizhzhia ကို ရောက်ဖို့ စီစဉ်ထားကြပါတယ်။
NLD ပါတီဝင်တွေ သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန် စွပ်စွဲမှုတွေကတော့ ရှိနေပြီး “သွေးသောက်များ” ဆိုတဲ့ အဖွဲ့တခုကတော့ သူတို့သတ်ဖြတ်ခဲ့တယ်ဆိုတာ တယ်လီဂရမ်လူမှုကွန်ရက်မှာ ဝန်ခံထားပါတယ်
ထိုင်းနိုင်ငံမှာ ကိုဗစ်အခြေအနေတွေ တိုးတက်လာတာနဲ့အမျှ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ် ၂ ခုစလုံးကို မကြာခင် အပြည့်အဝ ပြန်ဖွင့်နိုင်ဖို့ Tak ခရိုင်က ကုန်လှောင်ရုံနဲ့ ဈေးဆိုင်တွေကို အာဏာပိုင်တွေ တနင်္ဂနွေနေ့မှာ သန့်ရှင်းရေး စလုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခ ပြဿနာတွေ ပြေလည်စေရေးအတွက် ဗီယက်နမ်နဲ့ ဂျပန် နှစ်နိုင်ငံကြား အတူလက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
သတင်းထောက်တွေ တာဝန်ထမ်းဆောင်နေချိန်အတွင်း သေဆုံးခဲ့ရတာ၊ အဖမ်းဆီးခံရတာတွေအတွက် ချီးကျူးဂုဏ်ပြုကြောင်း ပုပ်ရဟန်းမင်းကြီး Francis က တနင်္ဂနွေ မေဒေးနေ့မှာ မိန့်ကြားလိုက်ပါတယ်။
ဂျာမနီဟာ ရုရှားရဲ့ လောင်စာဆီပေါ် မှီခိုနေရမှုကင်းအောင် လုပ်ဆောင်ရာမှာ တိုးတက်မှုရှိလာပြီဖြစ်ပြီး အခုနွေအကုန်လောက်ဆိုရင် ရုရှားဆီက ရေနံစိမ်းတင်သွင်းမှုအပေါ် လုံးဝ မှီခိုစရာမလိုတဲ့ အခြေအနေ ရောက်သွားမယ်လို့ မျှော်လင့်ကြောင်း ဂျာမနီအစိုးရက ပြောပါတယ်။
ယူကရိန်းတောင်ပိုင်း Mariupol ဆိပ်ကမ်းမြို့က ရုရှားတပ်တွေ ပိတ်ဆို့ထားတဲ့ Azovstal သံမဏိစက်ရုံဝင်းထဲမှာရှိတဲ့ ယူကရိန်းအရပ်သား အယောက် ၁,၀၀၀ ထက်မနည်းကို ဘေးလွတ်ရာ ကယ်ထုတ်ဖို့ လုပ်နေတယ်လို့ ကုလသမဂ္ဂက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ဗီယက်နမ်နဲ့ ဂျပန်နိုင်ငံတို့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးကို နှစ်နိုင်ငံ သဘောတူ တောင်းဆိုလိုက်ပြီး စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ကြဖို့ တနင်္ဂနွေနေ့က သဘောတူလိုက်ကြကြောင်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ပြောပါတယ်။
တရုတ်နိုင်ငံ၊ Hangzhou မြို့မှာ ကျင်းပမယ့် အာရှအားကစားပြိုင်ပွဲမှာ ယှဉ်ပြိုင်ဖို့ သူ့နိုင်ငံက အားကစားသမားတွေကို စေလွှတ်မှာ မဟုတ်ဘူးလို့ သြစတြေးလျက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
တရုတ်အစိုးရရဲ့ ကိုဗစ်ကူးစက်သူ လုံးဝကင်းစင်ရေး ပေါ်လစီကြောင့် မြို့ကြီးအတော်များများမှာ Lockdown တွေ ချမှတ်ထားတဲ့အတွက် တရုတ်နိုင်ငံသားတွေဟာ မေဒေး အလုပ်သမားနေ့ကို တိတ်ဆိတ်စွာ ဆင်နွှဲနေကြရပါတယ်။
အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားငွေလဲလှယ်ရေး ဥပဒေကို ချိုးဖောက်ပြီး နိုင်ငံခြားကို တရားမဝင် ငွေကြေးလွှဲပြောင်းမှုတွေ လုပ်ဆောင်မှုနဲ့ တရုတ်နိုင်ငံအခြေစိုက် Xiaomi တယ်လီဖုန်းကုမ္ပဏီထံက အမေရိကန်ဒေါ်လာ ၇၂၅ သန်းကို သိမ်းဆည်းလိုက်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။
အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ဟာ ယူကရိန်းသမ္မတနဲ့ ဒီနေ့ တွေ့ဆုံခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်