အာဏာမသိမ်းမီက လူထု ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်အမတ်တွေက ဖွဲ့စည်းလိုက်ကြတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တရားဝင်မဟုတ်တဲ့ ထိတွေ့ဆက်ဆံမှုမျိုး လုပ်ဆောင်သွားဖို့ အာဆီယံကို အဆိုပြုမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောတာကို ကိုးကားပြီး ကွာလာလမ်ပူ အခြေစိုက် မလေးမေးလ်သတင်းစာက ဆိုပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း အပန်းဖြေကမ်းခြေ ပတ္တယားမြို့က စီးပွားရေးနဲ့ပတ်သက်တဲ့ အဆောက်အဦတခုကို စနေနေ့ မနက်လင်းခါနီးအချိန် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာမှာ တရုတ်နဲ့ မြန်မာနိုင်ငံသား အများစုပါဝင်တဲ့ လူ ၁၆ ဦးကို တရားမဝင် မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိပါတယ်။
မလေးရှားနိုင်ငံကို စက်လှေနဲ့ တရားမဝင် ဝင်ရောက်လာကြတဲ့ ရိုဟင်ဂျာ ၁၃၄ ဦး အပါအဝင် အထောက်အထားမဲ့ ရောက်လာသူ ၁၄၃ ဦးကို Perak ပြည်နယ် Kuala Kurau ရေပြင်မှာ အာဏာပိုင်တွေ ဖမ်းဆီးလိုက်ပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်း အထင်ရှားဆုံး တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်ထွန်ဦးဟာ အသက် ၇၉ ခုနှစ်အရွယ်နဲ့ ရန်ကုန်မြို့မှာ ဧပြီလ ၃၀ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ တိုင်းပြည်အကျပ်အတည်းကြီးနေချိန် ကွယ်လွန်တာမို့ ကြေကွဲစရာ ဖြစ်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောပါတယ်။
ယူကရိန်း အရှေ့တောင်ပိုင်း Mariupol ဆိပ်ကမ်းမြို့မှာရှိတဲ့ Azovstal သံမဏိစက်ရုံမှာ ပိတ်မိနေတဲ့ အရပ်သားတွေထဲက အယောက် ၂၀ ကို ဘေးလွတ်ရာ ပို့ပေးနိုင်ခဲ့တယ်လို့ ယူကရိန်း ပြည်တွင်းလုံခြုံရေးတပ် UNG ရဲ့ Azov တပ်ရင်းက ဒုတိယအကြီးအကဲ Sviatoslav Palamar က စနေနေ့မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဧပြီလ ၂၉ ရက်နေ့အထိဆိုရင် စစ်ကောင်စီလက်ချက်ကြောင့် နည်းအမျိုးမျိုးနဲ့ သေဆုံးသူပေါင်း ၁,၈၀၃ ယောက်ရှိပြီလို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။
ယူကရိန်းနိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရုရှားရဲ့ထိုးစစ်ကို ယူကရိန်းတပ်ဖွဲ့တွေ ဒီကနေ့ ကြံ့ကြံ့ခံ တွန်းလှန်ပြီး ထိန်းထားနေနိုင်တယ်လို့ ယူကရိန်းကလာတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy က လက်နက်ခဲယမ်းကူညီဖို့ ပန်ကြားတာကို ငြင်းပယ်ခဲ့ပြီး စစ်ပွဲကို အဆုံးသတ်ကြဖို့ ယူကရိန်းသမ္မတကိုရော ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကိုပါ သူတိုက်တွန်းခဲ့တယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက သောကြာနေ့မှာ ပြောပါတယ်။
ကမ္ဘာမှာ စားအုန်းဆီ အတင်ပို့ဆုံး အင်ဒိုနီးရှားနိုင်ငံက စားအုန်းဆီတင်ပို့မှု တားမြစ်လိုက်တာကြောင့် စားအုန်းဆီဈေးဟာ စံချိန်တင် မြင့်တက်သွားပါတယ်။
မြန်မာ့နိုင်ငံရေးမှာ ထင်ရှားတဲ့ ရှမ်းခေါင်းဆောင်တဦးဖြစ်သူ ခွန်ထွန်းဦးဟာ ရန်ကုန်မြို့၊ ၉ မိုင်က သူ့ရဲ့နေအိမ်မှာ ဒီကနေ့ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
ယူကရိန်းအရှေပိုင်းဒေသမှာ ရုရှားက ထိုးစစ်တွေ တိုးမြှင့်လာနေချိန်မှာပဲ၊ ယူကရိန်းတပ်ဖွဲ့တွေနဲ့အတူ တိုက်ခိုက်ပေးနေတဲ့ အမေရိကန်နိုင်ငံသား အသက် ၂၂ နှစ်အရွယ် မရိန်းတပ်သားဟောင်း Willy Joseph Cancel သေဆုံးသွားတဲ့ အတွက် ဝမ်းနည်းကြေကွဲရကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက သောကြာနေ့ မှာ ပြောပါတယ်။
G 20 စက်မှုထိပ်သီး နိုင်ငံ ၂၀ ရဲ့ လာမယ့် နိုဝင်ဘာ ဘာလီမှာ ကျင်းပမယ့် စီးပွါးရေးဖိုရမ်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ဒီအစည်းဝေးကို တက်ရောက်ဖို့ မသေချာကြောင်းနဲ့ ရုရှားသမ္မတ Vladimir Putin မပါမှပဲ တက်ရောက်နိုင်ချေရှိတဲ့ သဘော သမ္မတအိမ်ဖြူက သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားကို စစ်ရေးလျှို့ဝှက်ချက်တွေပေးဖို့ ကြိုးစားမှုနဲ့ တောင်ကိုရီးယားလက်ရှိ တာဝန်ထမ်းဆောင်ဆဲ့ တပ်မတော်အရာရှိတဦးနဲ့ စီးပွါးရေးလုပ်ငန်းရှင်တဦးတို့ကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ဂျပန်ဝန်ကြီးချုပ် Fumio Kishida ဟာ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေဆီ ဒီကနေ့ ခရီးစထွက်သွားပြီဖြစ်ပြီး အရှေ့တောင် အာရှ သုံးနိုင်ငံခရီးစဉ်ပြီးတဲ့နောက် ဥရောပဒေသကို ခရီးဆက်မှာဖြစ်ပါတယ်။
“KNLA ဟာ KNU ရဲ့ ထိန်းကွပ်မှုအောက်မှာရှိတဲ့ စစ်ဘက်အဖွဲ့ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘယ်လို အပေးအယူမျိုးမှမရှိပါဘူး။ ကျနော်တို့မူဝါဒက ရှင်းပါတယ်။ အဲဒီကိစ္စ ကျနော်တို့ မလုပ်ပါဘူး၊ အဲဒီသတင်းကြားတော့ ကျနော်တို့ သိပ်အံ့သြသွားပါတယ်။ ဘယ်လိုမှကို မပတ်သက်ပါဘူး။” (ပဒိုစောတာနီး - KNU ပြောခွင့်ရ)
ကမ္ဘာကြီး ပူနွေးလာပြီး ဥတုရာသီ ပြောင်းလဲမှုကြောင့် ၂၀၇၀ မှာ သတ္တဝါမျိုးစိတ်တွေကြား ဗိုင်းရပ်စ်ပိုးအသစ် ထောင်နဲ့ချီ ပေါ်ပေါက်လာနိုင်သလို ဒါဟာ တိရိစ္ဆာန်ကနေ လူသားတွေဆီ ကူးစက်တဲ့ရောဂါတွေ တိုးလာမယ့်အန္တရာယ်ကို ပြနေတာလို့ သိပ္ပံပညာရှင်တွေ တွေ့ရှိချက်ကို The Nature သိပ္ပံဂျာနယ်မှာ ဖေါ်ပြထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ဧပြီ ၂၇ ရက်နေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာကို ကြည့်ရင် အာဏာသိမ်းစစ်တပ်က သူ့ရဲ့အတုအယောင် တရားရေးစနစ်ကိုအသုံးချပြီး နှိမ်နင်းနေတာသိနိုင်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က VOA ကို ပြောကြားပါတယ်။
ကုလသမဂ္ဂအကြီးအကဲ ရောက်ရှိနေတဲ့ Kyiv မြို့တော်အပါအဝင် ယူကရိန်းနိုင်ငံ နေရာတော်တော်များများကို ကြာသပတေးနေ့မှာ ရုရှားက ဗုံးကြဲတိုက်ခိုက်ပါတယ်။ မကြာသေးခင်က ရုရှားတပ်တွေ ဆုတ်ခွာသွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ယူကရိန်းမြို့တော်ကို တိုက်ခိုက်ခံရမှုမှာ အနည်းဆုံး ၁ ဦးသေပြီး ၊ အများအပြား ဒဏ်ရာရခဲ့ကြပါတယ်။
ဂျာမနီဟာ တူညီတဲ့ စံတန်ဖိုးတွေရှိတဲ့ အင်ဒို-ပစိဖိတ်ဒေသတွင်း နိုင်ငံတွေနဲ့ ခိုင်မာတဲ့ ဆက်ဆံရေး ရှိချင်သလို ၊ ယူကရိန်းကို ရုရှားဝင်ကျူးကျော်မှု အဆုံးသတ်ရေးအတွက်လည်း လက်တွဲ လုပ်ဆောင်လိုတဲ့ ဆန္ဒရှိကြောင်း ဂျာမနီဝန်ကြီးချုပ် Olaf က ဂျပန်ဝန်ကြီးချုပ် Fumio Kishida နဲ့ တွေ့ဆုံမှုအပြီး တိုကျိုမှာ ပြောပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့ကျုးကျော်တိုက်ခိုက်မှုကို ဟန့်တားအဆုံးသတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပျက်ကွက်ခဲ့ကြောင်း Kyiv မြို့ကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကပြောလိုက်ပါတယ်။ “ဒါဟာ အင်မတန်မှ စိတ်ပျက်ဒေါသထွက်စရာ ဖြစ်ရတယ်” လို့ ယူကရိန်းသမ္မတနဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
နောက်ထပ်ကြည့်ရှုရန်