ရုရှားရဲ့ကျုးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းနိုင်ငံအတွက် ရှေ့လာမယ့် ၅ လအတွင်း နောက်ထပ် အကူအညီအဖြစ် ဒေါ်လာ ၃၃ ဘီလီယံ ပေးအပ်မယ့်အစီအစဉ်ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုပေးဖို့ အမေရိကန်သမ္မတ Joe Biden တောင်းခံလိုက်ပါတယ်။ ရုရှားရဲ့ရန်လိုမှုကို ခုခံကာကွယ်ရာမှာ ယူကရိန်းကို အကူအညီပေးနေတာပါ။” လို့သမ္မတကပြောသွားတာပါ။
မြန်မာစစ်ကောင်စီခေါင်းဆောင်နဲ့ ရုရှားဖယ်ဒရေးရှင်းအဖွဲ့ဝင် Tatarstan နိုင်ငံ သမ္မတတို့ ဒီနေ့တွေ့ဆုံပြီး စွမ်းအင်ကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး အဓိက သဘောတူခဲ့ကြတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
လူသိများတဲ့တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ဧပြီ ၂၇ ရက်နေ့ ညနေပိုင်းက NLD အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အမှုရုံးချိန်းတွေအတွက် အိုးဘိုထောင်တွင်း သွားရောက် အမှုလိုက်ပြီးမန္တလေးမြို့မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
NLD အစိုးရလက်ထက် ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းပေါ် စွဲဆိုထားတဲ့ အဂတိမှု ၅ မှုအတွက် တမှုကို ထောင်ဒဏ် သုံးနှစ်စီနဲ့ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်ချမှတ်လိုက်တယ်။
အမေရိကန်သမ္မတ Joe Biden ဟာ ရှေ့လထဲမှာ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို သွားရောက်ဖို့ရှိပြီး စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို အိမ်ရှင်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
ယူကရိန်းသမ္မတကို G-20 ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေရဲ့ လာမယ့်ထိပ်သီးပွဲဖိတ်ဖို့ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားက အတည်မပြုသေးပါဘူး။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ဧပြီလ ၂၇ ရက်က ထောင်ဒဏ် ၅ နှစ် ထပ်မံ ချလိုက်တာဟာ လုပ်ကြံချမှတ်တဲ့ စီရင်ချက်ဖြစ်တယ်လို့ အမေရိကန်အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell က မနေ့က အထက်လွှတ်တော် မြန်မာပြည်အရေးနဲ့ပတ်သက်တဲ့ မိန့်ခွန်းထဲ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ယူကရိန်းအပေါ် ကျုးကျော် တိုက်ခိုက်မှုအတွက် ကုလသမဂ္ဂရဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UNWTO) အဖွဲ့ဝင် အဖြစ်ကနေ ရုရှားကို ဆိုင်းငံ့ထား လိုက်ပါတယ်။ အဖွဲ့ဝင် ၁၅၉ နိုင်ငံထဲက အများစုက ရုရှားကို ထုတ်မယ့်အဆိုကို ထောက်ခံခဲ့ကြကြောင်းလည်း UNWTO ပြောခွင့်ရက ပြောပါတယ်။
စစ်ဒဏ်သင့် ဥရောပက ဒုက္ခသည်ကလေးငယ် အဖြစ်ကနေ အမေရိကန်မှာ ပထမဆုံး အမျိုးသမီး နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာတဲ့ ကွယ်လွန်သူ Madeleine Albright ရဲ့ ဗုဒ္ဓဟူးနေ့ ဈာပနအခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင်တွေ၊ အမေရိကန် နိုင်ငံရေးနဲ့ သံတမန်ရေး အသိုင်းအဝိုင်းက ထင်ရှားသူတွေ တက်ရောက်ကြပါတယ်။
တောကြီးမွေဟောက်အပါအဝင် တွားသွားသတ္တဝါ ၅ မျိုးမှာတမျိုးဟာ ပျောက်ကွယ်တော့မယ့် အန္တရယ်နဲ့ ရင်ဆိုင်နေရတယ်လို့ မျိုးကွဲတွားသွားသတ္တဝါတွေကို လေ့လာပြီး ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ သဘာဝစာစောင် Journal of Nature မှာဖေါ်ပြထားပါတယ်။ တွားသွားသတ္တဝါ ၁၁,၀၀၀ ကျော်မှာ ၂၁%က မျိုးတုန်းမယ့် အန္တရယ်ရင်ဆိုင်နေရတယ်။
“ဒီဟာတွေကတော့ တရားဥပဒေ ယိုယွင်းလာနေတဲ့ ပြယုဂ်တွေပေါ့ဗျာ။ ဒလန်၊ဒလျှိုတို့ စွပ်စွဲတာတို့၊ Non CDM ဆိုပြီး အညှိုးထားတာတို့ အဲလိုဖြစ်ပြီး သတ်တာဖြတ်တာတွေ ရှိလာသလို တဘက်ကလည်း ဒီဟာတွေကို အစိုးရက မကာကွယ်နိုင်တော့ သူတို့နည်း သူတို့ဟန်နဲ့ ပြန်ပြီးတော့ လက်စားချေတဲ့ဟာမျိုးပေါ့။” (ဦးရဲထွန်း-နိုင်ငံရေးသုံးသပ်သူ)
၂၀၁၉ ကတည်းက ရုရှားကဖမ်းထားတဲ့ အမေရိကန် မရိန်းတပ်သားဟောင်း Trevor Reed ဒီကနေ့ ပြန်လွတ်လာပြီလို့ သမ္မတ Joe Biden က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။
“ဇင်ကလဲက စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းပဲ ကျန်တယ်။ ကျန်တာအကုန်လောင်သွားတယ်။ အခုမနက် ၁၀ လုံးလောက်ကျန်တာကို ဒီနေ့မနက် ထပ်ပြီးရှို့ပစ်တာ။ မနေ့က မီးရှို့ ရှို့ပြီး ၁၀ လုံးလောက်ကျန်တာကို ဒီကနေ့ မနက် ထပ်ရှို့တယ်။ ကုန်သွားပြီဗျ တအိမ်မှ မကျန်တော့ဘူး။ သံပေါက်ကလည်း အဲ့လိုအရှို့ခံရတယ်။” (မင်းကင်းဒေသခံ)
ဂျပန်စစ်ဘက်ရဲ့သင်တန်းတွေမှာ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်လေးဦး သင်တန်းသားအဖြစ် တက်ရောက်နေတဲ့အကြောင်း ဂျပန် ကာကွယ်ရေးဝန်ကြီး Nobuo Kishi က ပြောပါတယ်။
ရုရှားအစိုးရက ရှယ်ယာအများစုပိုင်ဆိုင်ထားတဲ့ Gazprom စွမ်းအင်ကုမ္ပဏီက ပိုလန်နဲ့ ဘူလ်ဂေးရီးယားနိုင်ငံတွေကို ဓာတ်ငွေ့ပို့နေတာ ဒီကနေ့ ရပ်ဆိုင်းလိုက်ပါတယ်။
အမေရိကန် ဒုသမ္မတ Kamala Harris ကိုဗစ်ပိုးတွေ့ခဲ့အပြီး ရုံးအလုပ်တွေကို အိမ်ကနေ ကောင်းကောင်း ဆက်လုပ်နေပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးတဦးဖြစ်တဲ့ Ms Pornpimol Kanchanalak ကို ခန့်အပ်လိုက်ပါတယ်။
အဓိက ဓါတ်ဆီ အပါအဝင် လောင်စာဆီတွေ ရုတ်တရက် အကန့်အသတ်နဲ့ ရောင်း ဈေးတက်ကုန်တဲ့အတွက် မော်တောယာဉ်တွေတင်မက မြန်မာနိုင်ငံအထက်ပိုင်းက ရေတင်စက်နဲ့ နွေစပါး ကို အားထားစိုက်ရနေတဲ့ လယ်ယာ အပါအဝင် စိုက်ပျိုးရေးလုပ်ငန်းတွေ သိသိသာသာ ထိခိုက်ကုန်ပါတယ်။ ကိုခင်မောင်စိုးမင်း က လက်ရှိအခြေအနေကို စုစည်းတင်ပြထားပါတယ်။
အမေရိကန်ဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က အမေရိကန် ကောင်စစ်ဝန်ရုံးကိုအသုံးချပြီး မြန်မာနိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်းတွေကို စစ် လက်နက်ထောက်ပံ့တာအပါအဝင် လျှို့ဝှက် စစ်ဆင်ရေးလုပ်ဖို့ စီစဉ်နေတယ် လို့ ထိုင်းအခြေစိုက်အဖွဲ့အစည်းတချို့ရဲ့ ပြောဆိုချက်ဟာ မမှန်ကန်ကြောင်း အမေရိကန်က ငြင်းဆိုလိုက်ပါတယ်။
ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အတွက် တကမ္ဘာလုံးက ဒီလောက် မြန်မြန်ဆန်ဆန် ယူကရိန်းကို ဝိုင်းပြီး ပံ့ပိုးပေးကြလိမ့်မယ်ဆိုတဲ့အချက်ကို သမ္မတ Vladimir Putin က ကြိုတင် စဉ်းစားထားခဲ့ပုံမရဘူးလို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin က ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်