ထင်ရှားတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ ဧဒင်ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌ ဦးချစ်ခိုင်ကို ပြည်ထောင်စုဝန်ကြီးဟောင်းတွေဖြစ်ကြတဲ့ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ သတ္တုတွင်းဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးတို့နဲ့အတူ အဂတိလိုက်စားမှုစွဲချက်နဲ့ အရေးယူဆောင်ရွက်နေတယ်လို့ မြန်မာစစ်ကောင်စီက ပြောပါတယ်။
ဘာသာရေးလွတ်လပ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေအဖြစ် ထပ်မံသတ်မှတ်ဖို့ အမေရိကန်ပြည်ထောင်စု ဘာသာရေး လွတ်လပ်မှုကော်မရှင် USCIRF က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်တွန်းထားတဲ့ ၁၅ နိုင်ငံမှာ မြန်မာနိုင်ငံ ဆက်လက်ရှိနေပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ဖိနှိပ်မှုတွေ ပိုတိုးလာကြောင်း ဖော်ပြထားပါတယ်။
ဂျာမနီအစိုးရက ရုရှားသံတမန်တွေကို နှင်ထုတ်ခဲ့တာကို လက်စားချေတုန့်ပြန်တဲ့ အနေနဲ့ အရေအတွက်တူ ဂျာမနီသံတမန် ၄၀ ကို မလိုလား အပ်သူတွေအဖြစ် ရုရှားက နှင်ထုတ်လိုက်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
၂ လကြာနေပြီဖြစ်တဲ့ ယူကရိန်းကို ရုရှား ဝင်ရောက်ကျူးကျော်မှု အတွင်း ရုရှားဘက်က စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခြင်းရှိမရှိ နိုင်ငံတကာစုံစမ်းစစ်ဆေးမှုမှာ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ဆောင်ရွက်မှာ ဖြစ်ကြောင်း ICC နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခတွေ ကူညီဖြေရှင်းပေးဖို့ ASEAN ကချမှတ်ထားတဲ့ အချက် ၅ ချက် ကို မြန်မာ အာဏာသိမ်း စစ်ကောင်စီက ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့အတွက် အခြေ အနေတွေ တိုးတက်လာခြင်း မရှိဘူးလို့ ပြင်သစ် အစိုးရက ပြစ်တင်ဝေဖန်လိုက်ပါတယ်။
အိန္ဒိယနဲ့ EU ဥရောပသမဂ္ဂတို့အကြား ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအတွက် ပူးတွဲကောင်စီတရပ်ကို ထူထောင်ဖို့ တနင်္လာနေ့မှာ သဘောတူ လိုက်ပါတယ်။
စိမ်းလန်းစိုပြေရေးနဲ့ ငြိမ်းချမ်းရေး လှုပ်ရှားမှု Green Peace လှုပ်ရှားသူတွေဟာ ရုရှားနို င်ငံကနေ နော်ဝေနိုင်ငံကို လောင်စာဆီတွေ သယ်ဆောင်လာတဲ့ သင်္ဘောကို တနင်္လာနေ့က ကမ်းမကပ်နိုင်အောင် ပိတ်ဆို့တားဆီး ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အကျင့်ပျက်ခြစားမှုကို တနင်္လာနေ့မှာ မဆုံးဖြတ်သေးဘဲ တရားရုံးက ရွှေ့ဆိုင်းလိုက်တယ်လို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။
နိုင်ငံတကာ အာကာသစခန်း ISS ကိုသွားတဲ့ ပထမဆုံး ပုဂ္ဂလိက အာကာသ လေ့လာရေးအဖွဲ့ဟာ အခု တနင်္လာနေ့မှာတော့ ကမ္ဘာမြေကို ပြန်လည်ထွက်ခွာလာပါပြီ။
ပြင်သစ်သမ္မတရွေးကောက်ပွဲမှာ Emmanuel Macron က ပြင်သစ်နိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ဒုတိယအကြိမ်ရွေးကောက်ခံရတဲ့ ပထမဆုံးသမ္မတအဖြစ် လက်ယာစွန်း သမ္မတလောင်း Marine Le Pen ကို အနိုင်ရရှိသွားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ဟာ ယူကရိန်း သမ္မတ Zelenskyy နဲ့ သုံးနာရီကျော် တွေ့ဆုံခဲ့ရာမှာ ခေတ်မီလက်နက်တွေနဲ့ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အကူအညီပေးဖို့ အမေရိကန်ဝန်ကြီးတွေက ကတိကဝတ် ပြုခဲ့ကြပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းရှိတဲ့ နာဂတိုင်းရင်းသားတွေနဲ့ အိန္ဒိယဘက်ခြမ်း နေထိုင်ကြတဲ့ နာဂလူမျိုးတွေ ညီညွတ်ကြောင်း ပြသတဲ့အနေနဲ့ အိန္ဒိယနယ်စပ် မဏိပူပြည်နယ် Ukhrul မြို့မှာ ရိုးရာယဉ်ကျေးမှု ပွဲတော်တခု တနင်္ဂနွေနေ့က ကျင်းပခဲ့ကြပါတယ်။
ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်တဲ့ ချစ်ကြည်ရေးတံတား အမှတ် ၁ ထိပ် မြဝတီမြို့ဘက်ခြမ်းမှာ ဧပြီ ၂၃ စနေနေ့ညက ကားဗုံးထောင်ပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် ထိုင်းနိုင်ငံဘက်က နယ်စပ်ဒေသကို လုံခြုံရေး တင်းကျပ်ထားလိုက်ကြောင်း Bangkok Post သတင်းစာက ရေးပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ တနင်္ဂနွေနေ့က အစ္စရေးလ်ဝန်ကြီးချုပ် Naftali Bennett နဲ့ တယ်လီဖုန်းဆက်သွယ်ပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးခဲ့သလို လာမယ့်လတွေအတွင်း အစ္စရေးလ်ကို လာရောက်လည်ပတ်ဖို့ အစ္စရေးလ်ဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်ကိုပါ လက်ခံလိုက်ပါတယ်။
တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ ၂၀၂၀ ပြင်သစ်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ Emmanuel Macron က ရေတွက်ပြီးမဲ ၅၈ ရာခိုင်နှုန်းကျော်ရနေပြီး သူ့ပြိုင်ဘက် Marine Le Pen က ၄၁ ရာခိုင်နှုန်းကျော် ရနေတဲ့အတွက် အခုရွေးကောက်ပွဲမှာ အနိုင်ရနေရပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken၊ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့နဲ့ kyiv မြို့တော်မှာ တွေ့ဆုံခဲ့ချိန်မှာပဲ ရုရှားတပ်တွေက Mariupol ဆိပ်ကမ်းမြို့က သံမဏိစက်ရုံအပြင် ယူကရိန်းအရှေ့ပိုင်း ဒေသတွေကို တနင်္ဂနွေနေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဂျပန်နိုင်ငံမြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်အတွင်း ခရီးသည် ၂၆ ယောက်နဲ့အတူ တိမ်းမှောက်သွားတဲ့ အပျော်စီးသင်္ဘောပေါ်က ခရီးသည် ၁၀ ယောာက် သေဆုံးသွားတယ်ဆိုတာ အတည်ပြုနိုင်ကြောင်း ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။
လက်ရှိပြင်သစ်သမ္မတ Emmanuel Macron နဲ့ အဓိက လက်ယာစွန်း အတိုက်အခံခေါင်းဆောင် Marine Le Pen တို့ ၂ ဦးရဲ့ တကျော့ပြန် သမ္မတ ရွေးကောက်ပွဲအတွက် ပြင်သစ်မဲဆန္ဒရှင်တွေ ဒီကနေ့ မဲပေးနေကြပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့ဟာ ယူကရိန်းကို ဒီနေ့ တနင်္ဂနွေနေ့မှာ လာရောက်မယ်လို့ ယူကရိန်းသမ္မတက စနေနေ့က ပြောပါတယ်။ ဒါပေမဲ့ အမေရိကန်ဘက်ကတော့ အတည်ပြုချက် မပေးပါဘူး။
နောက်ထပ်ကြည့်ရှုရန်