ဗွီအိုအေမြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်သူ ဦးစည်သူအောင်မြင့်ရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေတယ်လို့ အကျဉ်းဦးစီးဌာနက ပြောပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ရုရှားသမ္မတ၊ ယူကရိန်းသမ္မတတို့နဲ့ လာမယ့်ရက်တွေမှာ သီးခြားစီ တွေ့ဆုံမှာဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ပါကစ္စတန်မှာ ၁ နှစ်ကျော် ကာလအတွင်း ပိုလီယိုအရိုင်းပိုး ကူးစက်ခံရသူတဦး ပထမဆုံးအကြိမ် တွေ့ရှိကြောင်း ပါကစ္စတန် အာဏာပိုင်တို့က အတည်ပြုလိုက်ပြီး ဒါဟာဆိုရင် ကူးစက်မြန် ပိုလီယိုတိုက်ဖျက်ရေးမှာ ဆုတ်ယုတ်မှုတခုလည်း ဖြစ်ပါတယ်။
အာရှပင်လယ်ပြင်အတွင်း ကင်းလှည့်နေတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘောပေါ်ကို စနေနေ့က သွားရောက်ခဲ့တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်း လုံခြုံရေးကို ထိန်းသိမ်းမှုမှာ အမေရိကန်ကို ကူညီဖို့အတွက် ဂျပန်နိုင်ငံက စစ်အင်အား တိုးမြှင့်မယ့်အကြောင်း ကတိပြု ပြောကြားလိုက်ပါတယ်။
အာဆီယံခေါင်းဆောင်တွေနဲ့ မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်တို့အကြား သဘောတူညီခဲ့တဲ့ အချက် ၅ ချက်ကို သိသိသာသာ အကောင်အထည် ဖော်နိုင်ခြင်း မရှိတာဟာ အခုဆိုရင် တနှစ်အထိ ကြာမြင့်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဧပြီလ ၂၂ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ကာကွယ်ရေးဝန်ကြီး Lloyd Austin တို့ဟာ Kyiv ကို တနင်္ဂနွေနေ့မှာ လာရောက်မှာဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့တဖက်ကမ်း ကရင်ပြည်နယ် မြဝတီမြို့က အမှတ် ၁ ချစ်ကြည်ရေးတံတားထိပ်မှာ ဧပြီလ ၂၃ ရက် ည ၁၀ နာရီကျော်အချိန်က အကြီးစားပေါက်ကွဲမှုဖြစ်ပြီး အဆောက်အဦနဲ့ ကားတွေ ပျက်စီးသွားပါတယ်။
စစ်တပ်က အာဏာသိမ်းယူခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီနှစ် ဧပြီလ ၂၂ ရက်နေ့အထိဆိုရင် မြန်မာနိုင်ငံတဝန်း စစ်ကောင်စီလက်ချက်ကြောင့် အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသူအရေအတွက် ၁,၇၈၂ ယောက်ရှိပြီလို့ စောင့်ကြည့် မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။
ယူကရိန်းနိုင်ငံမှာ ရုရှားတပ်တွေ ဝိုင်းထားတဲ့ Mariupol မြို့ထဲကနေ အရပ်သားတွေကို ဒီကနေ့ ကယ်ထုတ်ဖို့ လုပ်နေပါတယ်။
ပြင်သစ်သမ္မတရွေးကောက်ပွဲ နောက်ဆုံးအကျော့အဖြစ် တနင်္ဂနွေနေ့မှာ ပြင်သစ်မဲဆန္ဒရှင်တွေ မဲပေးကြရမှာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး “သတင်းမှား” ဖြန့်ချိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထင်ရှားတဲ့ ရုရှားအတိုက်အခံတဦးကို အာဏာပိုင်တွေက သောကြာနေ့မှာ ဖမ်းဆီးခဲ့ပြီး အမှုဖွင့်ပြီးတော့ ရမန်ယူ ချုပ်ထားလိုက်တယ်လို့ AP သတင်းတပုဒ်မှာ ရေးထားပါတယ်။
ရုရှားအနေနဲ့ ယူကရိန်းစစ်ပွဲမှာ နျူကလီးယား လက်နှက်အသုံးပြုလာခဲ့မယ်လိုဆိုရင် ပြင်းထန်တဲ့နောက်ဆက်တွဲ တုန့်ပြန်မှုတွေနဲ့ရင်ဆိုင်ရမယ်လို့ အမေရိကန်ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီ ရှားမင်း Wendy Sherman ကသောကြာနေ့မှာ သတိပေးပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်စ် ဂျွန်ဆင်ဟာ အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒရာမိုဒီနဲ့ နယူးဒေလီမြို့တော်မှာ ဒီကနေ့ တွေ့ဆုံပြီး ဗြိတိန်အနေနဲ့ အိန္ဒိယနဲ့ ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့် လုပ်ဆောင်သွားဖို့ကိစ္စ ကမ်းလှမ်းဖို့ ရှိနေတာပါ။
ယူကရိန်းနိုင်ငံမှာ လစာတွေ၊ ပင်စင်တွေနဲ့ တခြားအစိုးရ လုပ်ငန်းတွေအတွက် သုံးစွဲနိုင်ဖို့ ဘဏ္ဍာရေးအကူအညီ နောက်ထပ် ဒေါ်လာ သန်း ၅၀၀ ပေးအပ်မှာဖြစ်ကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။
မြန်မာဗဟိုဘဏ်က ကန့်သတ်လိုက်တဲ့ နိုင်ငံခြားငွေလဲမူထဲ နိုင်ငံခြားရင်းနှီးမြုပ်နှံမူတွေကို ကင်းလွတ်ခွင့်ပေးပြီး ပြည်တွင်းလုပ်ငန်းတွေကို မပေးတဲ့အတွက် နိုင်ငံခြားကုမ္ပဏီတွေနဲ့ တန်းတူယှဉ်ပြိုင်နိုင်တော့မှာ မဟုတ်ဘူးလို့ ပြည်တွင်းလုပ်ငန်းရှင်တွေက ထောက်ပြလိုက်ပါတယ်။
ကုလသမဂ္ဂရဲ့ ပုံမှန် ကလေးသူငယ် ကာကွယ်ဆေးထိုးနှံတဲ့ အစီစဉ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာဆန်ချာကျွန်းက ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်တွေကို ဒီသီတင်းပတ်ထဲမှာ ကာကွယ်ဆေး ထိုးနှံပေးနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ UNICEF က ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပိုလန်ကာကွယ်ရေးဝန်ကြီး Mariusz Blaszczak ရဲ့ အမေရိကန် ခရီးစဉ်အတွင်း ပိုလန်နိုင်ငံရဲ့ ကာကွယ်ရေး စွမ်းရည် တိုးမြှင့်မယ့် အစီအစဉ်တွေကို အလေးထား ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံက စစ်ပွဲပဋိပက္ခအတောအတွင်း စစ်ကောင်စီတပ်တွေကြောင့် မီးလောင်ပျက်စီးသွားတဲ့ ခရစ်ယာန်ဘာသာရေး အဆောက်အဦပေါင်း ၇၀ ကျော်သွားပြီလို့ ကုလလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး OCHA က ထုတ်ပြန်ထားသလို အာရှကက်သလစ် အသင်းတော်များ သတင်းလွှာကလည်း ဒါကိုအလေးထားပြီး ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
နိုင်ငံခြားငွေလဲလှယ်မှုဆိုင်ရာကန့်သတ်ချက် ကင်းလွတ်ခွင့်စာရင်း စစ်ကောင်စီထုတ်ပြန် ရာမှာ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံထားသူတွေ၊ သံရုံးတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေနဲ့ NGO အဖွဲ့အစည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်