အမေရိကန်မှာ ဧပြီလ ၂၀၊ ဗုဒ္ဓဟူးနေ့စာရင်းအရ COVID-19 ကပ်ရောဂါ အတည်ပြုလူနာပေါင်း ၈၀.၈ သန်း ကျော်သွားပြီး ကိုဗစ်ကြောင့် သေဆုံးသူဦးရေ ၉၉၀,၀၀၀ ကျော်သွားပြီလို့ ကမ္ဘာ့ကပ်ရောဂါ COVID-19 ကူးစက်မှုတွေကို စောင့်ကြည့်မှတ်တမ်းယူနေတဲ့ အမေရိကန်အခြေစိုက် Johns Hopkins ဆေးတက္ကသိုလ်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ယူကရိန်းအပေါ် အကြောင်းမဲ့ ကျုးကျော် တိုက်ခိုက်ခဲ့တယ်ဆိုပြီး ဇွန်လနှောင်းပိုင်းမှာ ကျင်းပမယ့် ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘဲလာရုစ် အားကစားသမားတွေ ပါဝင်ခွင့် တားမြစ်လိုက်ကြောင်း အားကစားပွဲ တာဝန်ရှိသူတွေ ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ အင်္ဂါနေ့က ရဲနဲ့ ဆန္ဒပြသူတွေအကြား အဓိကရုန်းတွေဖြစ်ခဲ့ပြီး ဆန္ဒပြသူတဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးသွားမယ်လို့ သီရိလင်္ကာ အာဏာပိုင်တွေက ကတိပြု ပြောဆိုလိုက်ပါတယ်။
အမေရိကန်မှာ သမ္မတ Joe Biden အစိုးရတက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ဟာ တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်။
ယူကရိန်းနဲ့ ရုရှားကြား ငြိမ်းချမ်းရေး လမ်းစရှာနိုင်အောင် ရုရှားသမ္မတ Vladimir Putin ယူကရိန်းသမ္မတ Volodymyr Zelenskiy တို့နဲ့ သီးခြားစီ တွေ့ဆုံဆွေးနွေးလိုကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကစာပေးပို့ အကြောင်းကြားလိုက်ပါတယ်။
CDM အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရတဲ့ ကျန်းမာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိနှစ်ဦးဖြစ်တဲ့ ဒေါက်တာထားထားလင်းနဲ့ ဒေါက်တာစိုးဦး တို့ကို မြန်မာစ်ကောင်စီက အဂတိလိုက် စားမှုစွဲချက်နဲ့ ထောင်ဒဏ်တွေ အသီးသီးချမှတ်လိုက်ပါတယ်။
ရုရှားတပ်တွေဝိုင်းထားတဲ့ ယူကရိန်းနိုင်ငံ၊ Mariupol မြို့ထဲကနေ အရပ်သားတွေကို ကယ်ထုတ်ရေး ရုရှားနဲ့ကနဦးသဘောတူညီချက်တခုရပြီလို့ ယူကရိန်းအစိုးရက ဒီကနေ့ပြောပါတယ်။
တောင်ကိုရီးယား ရွေးကောက်ခံသမ္မတ Yoon Suk-yeol ဟာ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန် Sung Kim နဲ့ အင်္ဂါညနေပိုင်းက ညစာ စားရင်း တွေ့ဆုံခဲ့ကြတယ်လို့ ရွေးကောက်ခံသမ္မတ Yoon တာဝန်လွှဲပြောင်းရယူရေး ဆိုင်ရာအဖွဲ့ တာဝန်ရှိသူတဦးက ဒီကနေ့ပြောပါတယ်။
မလေးရှားနိုင်ငံ၊ ပီနန်းပြည်နယ်မြောက်ပိုင်း၊ Sungai Bakap လူဝင်မှုဆိုင်ရာ ယာယီ ထိန်းသိမ်းရေးစခန်းကနေ တံခါးတွေနဲ့ အတားအဆီးတွေကို ချိုးဖျက်ပြီး ရိုဟင်ဂျာ ၅၈၂ ယောက် ထွက်ပြေးသွားခဲ့သူတွေအနက် အဝေးပြေးလမ်းမကို ဖြတ်ကူးဖို့ ကြိုးစားသူ ၆ ယောက် ယာဉ်တိုက်ခံရပြီး သေဆုံးခဲ့ပါတယ်။
ယူကရိန်း အရှေ့ပိုင်းမှာ ထိုးစစ် အသစ် စတင်ကြောင်း ရုရှား တာဝန်ရှိသူတွေက ကြေညာလိုက်တဲ့ အင်္ဂါနေ့မှာဘဲ အမေရိကန်နဲ့ NATO မဟာမိတ်တွေက ရုရှား အစိုးရ အပေါ်မှာ တိုးမြှင့် ဖိအားပေးသွားမယ့် အကြောင်း အမေရိကန် သမ္မတ Joe Biden က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေကြောင့် အမေရိကန် စေတနာ့ဝန်ထမ်းအဖွဲ့ Peace Corps ရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းမယ့်အကြောင်း ကြေညာလိုက်ပါတယ်။
]ဒီပဲယင်းမြို့နယ်ထဲက မဲအိုးကျေးရွာကို ဝင်ပြီးတော့ ..အခု မီးခိုးတွေလည်း မြင်နေရတယ်။ အရင်က စစ်ကောင်စီက ဝင်မီးရှို့တာတွေလည်း မဖြစ်ဘူးဖူးဗျ။ ဒီလိုပဲ အေးဆေးနေတဲ့ရွာဗျ။ မီးရှို့နေတာကိုမြင်နေရတယ်။ ဘယ်နှစ်အိမ် မီးရှို့ခံရတယ်ဆိုတာတော့ မပြောနိုင်ဘူး။ မကြည့်ရဲဘူး။ အကုန်လုံးတော့ ရှောင်နေကြရပြီပေါ့။” (ဒေသခံ)
ဂြိုဟ်တုပစ်ဒုံးကျည်ကို စမ်းသပ်မှာမဟုတ်ဘူးလို့ အမေရိကန်ပြည်ထောင်စုက ဧပြီလ ၁၈ ရက် တနင်္လာနေ့က ကြေညာလိုက်ပါတယ်။
ဝါရှင်တန်ဒီစီမှာ ဒီအပတ်ကျင်းပမယ့် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့အစည်းအဝေးမှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen ဟာ ယူကရိန်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။
မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းပဋိပက္ခတွေနဲ့ ယူကရိန်းအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ စင်္ကာပူနဲ့ လက်တွဲဆောင်ရွက်သွားဖို့ရှိကြောင်း နယူးဇီလန်ဝန်ကြီးချုပ် Jacinda Ardern က ဒီနေ့ ပြောကြားလိုက်ပါတယ်။
မေလ ၂၁ ရက်နေ့ ကျင်းပမယ့် ဩစတြေးလျရွေးကောက်ပွဲမှာ အတိုက်အခံပါတီအနိုင်ရမယ်ဆိုရင် ထောင် နဲ့ချီတဲ့ ခိုလှုံခွင့်ရှာဖွေသူတွေဟာ လှေတွေနဲ့ သြစတြေးလျကို ရောက်လာဖို့ ကြိုးပမ်းကြလိမ့်မယ်လို့ လက်ရှိဝန်ကြီးချုပ်က တနင်္လာနေ့မှာ သတိပေးလိုက်ပါတယ်။
NLD အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက် တင်ထားတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းဆီက ရွှေနဲ့ ဒေါ်လာတွေ လက်ခံယူတယ်လို့ဆိုတဲ့ အဂတိလိုက်စားမှုအတွက် အပြီးသတ်အမိန့်ကို ဧပြီ ၂၆ ရက်မှာ အမိန့်ချမယ်လို့ တရားရုံးက သတ်မှတ်လိုက်ပါတယ်။
ယူကရိန်းအနောက်ပိုင်း မြို့ Lviv ကို ရုရှားတပ်တွေက တနင်္လာနေ့က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၆ ယောက် သေဆုံးခဲ့ပြီး ဒုံးကျည် ၃ စင်းက စစ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ထိခဲ့တယ်လို့ Lviv ဒေသ အုပ်ချုပ်ရေးမှူး မာ့ခ်ဆင်း ကိုဇာစကီ Maksym Kozystkiy က ပြောပါတယ်။
စနေနေ့က ဟောင်ကောင် ပင်လယ်ပြင်မှာ ဖြစ်ပွားခဲ့တဲ့ ရေနံတင်သဘောၤ ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ မြန်မာနိုင်ငံသား သဘောင်္သား တဦးနဲ့ အင်ဒိုနီးရှား နိုင်ငံသား သင်္ဘောသား နှစ်ဦးပါဝင်တဲ့အကြောင်း ဟောင်ကောင် သတင်းတွေမှာ ဖေါ်ပြပါတယ်။
သီရိလင်္ကာနိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က လူပေါင်း ၂၆၀ ကျော် သေဆုံးခဲ့ရတဲ့ IS တို့ရဲ့ လှုံ့ဆော်မှုနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့သူတွေကို ဖော်ထုတ်အရေးယူဖို့ နှေးကွေးနေခဲ့တဲ့ ကိစ္စအပေါ် သမ္မတနုတ်ထွက်ရေး တောင်းဆို ဆန္ဒပြနေသူတွေက ဝေဖန် ထောက်ပြလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်