အသတ်ခံခဲ့ရတဲ့ IS စစ်သွေးကြွအဖွဲ့ ခေါင်းဆောင်အတွက် လက်စားချေတဲ့အနေနဲ့ ယူကရိန်းစစ်ပွဲကို အသုံးချပြီး ဥရောပဒေသမှာ တိုက်ခိုက်ကြဖို့ IS အဖွဲ့က သူ့နောက်လိုက်တွေကို ပန်ကြားလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံအနေနဲ့ စစ်သွေးကြွတွေကို နားခိုရာနေရာ ပေးမထားဖို့ ပါကစ္စတန်က တနင်္ဂနွေနေ့မှာ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။
G-7 စက်မှုထိပ်သီး ၇ နိုင်ငံအနေနဲ့ ယူကရိန်းကို ဒေါ်လာငွေ ဘီလီယံ ၅၀ အကူအညီပေးဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ရဲ့ စီးပွားရေးအကြံပေး Oleh Ustenko က တနင်္ဂနွေနေ့မှာ ပန်ကြားလိုက်ပါတယ်။
ယူကရိန်းနိုင်ငံရဲ့ မဟာဗျူဟာကျ ဆိပ်ကမ်းမြို့ Mariupol ကို ယူကရိန်းတို့ ထိန်းချုပ်ထားဆဲပဲလို့ ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။
နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်တဲ့ နည်းပရိယာယ်ပိုင်းဆိုင်ရာ လက်နက်ပုံစံ အသစ်တရပ်ကို စမ်းသပ်ပစ်လွှတ်ရာမှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က ကြည့်ရှုခဲ့တယ်လို့ မြောက်ကိုရီးယား နိုင်ငံတော်ပိုင် မီဒီယာက တနင်္ဂနွေနေ့မှာ ပြောပါတယ်။
တရုတ်နိုင်ငံ China Eastern လေကြောင်းလိုင်းဟာ ဘိုးရင်း 737-800 ခရီးသည်တင် လေယာဉ်ကို တနင်္ဂနွေနေ့က ပြန်လည်ပြေးဆွဲခဲ့တယ်လို့ လေကြောင်းပျံသန်းမှု ခြေရာခံ အချက်အလက်တွေအရ သိရပါတယ်။
အနာဂတ်မှာ ရုရှား ဒါမှမဟုတ် တရုတ်လို ရန်သူနဲ့တိုက်ရမယ့် အနာဂတ်တိုက်ပွဲတွေအတွက် ယူကရိန်းစစ်ပွဲကရတဲ့ သင်ခန်းစာတွေကို အသုံးပြုပြီး အမေရိကန်စစ်တပ်ဟာ သူ့စစ်သားတွေကို လေ့ကျင့် ပြင်ဆင်ပေးနေပါတယ်။
ဗာတီကန် စိန့်ပီတာရင်ပြင်မှာ စနေနေ့ညက ကျင်းပခဲ့တဲ့ အီစတာ ဝတ်ပြုဆုတောင်းပွဲအတွင်း ယူကရိန်းအရေး၊ ပါလက်စတိုင်း အရေးကိစ္စအပြင် မြန်မာအရေး ကိစ္စတွေအတွက်ပါ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဝတ်ပြုဆုတောင်းပေးခဲ့ပါတယ်။
စစ်ကောင်စီကလွှတ်လိုက်တဲ့ အကျဉ်းသား ၁,၆၀၀ ကျော်ထဲမှာ ရာဇဝတ်မှု ကျူးလွန်သူတွေကို လွှတ်တာဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတွေ မပါသလို လွှတ်လိုက်တဲ့အထဲမှာ နိုင်ငံခြားသားတွေ ပါဝင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တန်နယ်လည်း မပါဝင်ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း တနှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေက ဝါရှင်တန်ဒီစီမြို့တော်မှာ မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် တောင်းဆို ဆန္ဒပြကြပါတယ်။
ယူကရိန်းနိုင်ငံ မြို့တော် Kyiv နဲ့ တခြားမြို့ကြီးတွေမှာ စနေနေ့က ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ထိမှန်ခဲ့ပါတယ်။ ယူကရိန်းဆိပ်ကမ်းမြို့ဖြစ်တဲ့ Mariupol ရဲ့ အခြေနေကတော့ သိပ်ကိုဆိုးနေတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့မှာ ပြောပါတယ်။
ဗြိတိန်ဝန်ကြီးချုပ် Boris Johnson၊ နိုင်ငံခြားရေးဝန်ကြီး Liz Truss၊ ကာကွယ်ရေးဝန်ကြီး Ben Wallace နဲ့ တခြားသော ဗြိတိန်အစိုးရအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးသမား ၁၀ ဦးကို ပြည်ဝင်ခွင့် တားမြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့မှာ ပြောပါတယ်။
စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong က သူ့နေရာကို ဆက်ခံ တာဝန်ယူမယ့်သူဟာ ဘဏ္ဍာရေးဝန်ကြီး Lawrence Wong ဖြစ်တယ်လို့ မနေ့ စနေနေ့က ပြောဆိုလိုက်ပါတယ်။
အမေရိကန်-အာဆီယံ ထိပ်သီး အထူးအစည်းအဝေးတရပ်ကို လာမယ့် မေလ ၁၂ ရက်နဲ့ ၁၃ ရက်နေ့တွေ ဝါရှင်တန်ဒီစီမှာ ကျင်းပမယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူ Jen Psaki က ထုတ်ပြန်ပါတယ်။
အမေရိကန်မှာ ကိုဗစ်ပိုးတွေ့မှုသစ် ပြန်တက်လာနေပြီး လာမယ့်သီတင်းပတ်တွေအတွင်း လှိုင်းတခုဖြစ်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းလိုက်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းပြည်တခုလုံးကို ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တွေဟာ ကျေးလက်ဒေသ အတော်များများကို ထိန်းချုပ်ထားနိုင်တယ်လို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။
တရုတ် အာကာသသူရဲကောင်း ၃ ဦးဟာ ကမ္ဘာပတ်လမ်းပေါ်က တရုတ် အာကာသစခန်းသစ်မှာ ၆ လကြာနေထိုင်ပြီး အခု စနေနေ့မှာတော့ ကမ္ဘာမြေပေါ် ပြန်ဆင်းသက်လာနိုင်ပါပြီ။
ယူကရိန်းမြို့တော် Kyiv ကို ရုရှားဘက်က ဒီမနက် ပြင်းပြင်းထန်ထန် ပြန်တိုက်ခိုက်ခဲ့ပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်တောင်ပိုင်းကို ဧပြီ ၇ ရက်ကစလို့ စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းစစ်ဆင်မှု လုပ်ခဲ့ရာမှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ရက်သတ္တပတ်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
ဒုဝန်ကြီးအဆင့်၊ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ၊ ရွှေနဲ့ဒေါ်လာငွေကြေးဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ကို ဦးဆောင်ရသူလည်းဖြစ်တဲ့ ဒေါ်သန်းသန်းဆွေဟာ သင်္ကြန်မတိုင်ခင် ဧပြီလ ၇ ရက်က ရန်ကုန်နေအိမ်မှာ သေနတ်နဲ့ပစ်ခံခဲ့ရပြီး တပ်မတော်ဆေးရုံမှာ ကုသမူခံယူနေခဲ့ပြီး အခု သက်သာလာပြီဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်