ပင်လယ်နက်ထဲက ခရုဇ် မစ်ဇိုင်း ဒုံးကျည်တပ်ထားတဲ့ ရုရှားရဲ့ မီးလောင်ပျက်စီးနေတဲ့ Moskav စစ်သင်္ဘော ဆိပ်ကမ်းဆီပြန်ဆွဲချိန် နစ်မြုပ်သွားတာဟာ ရုရှားအတွက် အကြီးအကျယ် အထိနာဆုံးရှုံးမယ့် လက္ခဏာတရပ် ဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။
မြန်မာနိုင်ငံက အခြေအနေတွေ မတည်ငြိမ်တာကြောင့် ဂျပန်မှာရောက်နေကြတဲ့ မြန်မာတွေကို ဆက်လက်နေထိုင်ခွင့်ပေးဖို့ ဂျပန် လူဝင်မှုကြီးကြပ်ရေးက သဘောတူလိုက်တယ်လို့ ဂျပန်အခြေစိုက် Asahi Shimbun သတင်းစာ ဒီကနေ့သတင်းတပုဒ်မှာ ရေးထားပါတယ်။
တရုတ်ရဲ့ကိုဗစ်လုံးဝကင်းစင်ရေးမူနဲ့ ရှန်ဟိုင်းမြို့ခံတွေကို သီတင်း ၂ ပတ်ကျော် အိမ်အပြင်ပေးမထွက်ဘဲ ရောဂါစစ်ဆေးခဲ့အပြီး စီးပွားရေးထိခိုက်မှာ စိုးရိမ်လာချိန်၊ မနေ့ကပဲ အခုလို တချို့နေရာတွေကို အစမ်းသဘော ပြန်ဖြန်လျော့ပေးလိုက်ပါတယ်။
“ကိုဗစ်စည်းကမ်းကို လိုက်နာကြပါအုံးလို့ ဒီလောက်ပဲ သတိပေးတာ။ ၄၀၀ ကျော်ရင် ဖမ်းဖို့ဆီးဖို့ ဆိုတာက သာမန်အားဖြင့် မဖြစ်နိုင်ဘူးထင်တယ်၊ ၄၀၀ ကျော်လား မကျော်လား မင်းသွားကြည့်၊ ကျော်ရင်ဖမ်း ဆိုပြီး ခိုင်းထားတာလည်း မရှိဘူး။” (ဦးလှသိန်း-ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့က ၃၆ လမ်း Brooklyn မြေအောက်ဘူတာရုံမှာ လူ ငါးယောက် သေနတ်နဲ့ အပစ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွါးနေတဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ မနေ့ကရော ဒီကနေ့ဧပြီလ (၁၂) ရက်နေ့မှာပါ စစ်ကောင်စီတပ်ကနေ ကျေးရွာတွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က နတ်ချောင်းရွာမီးရှို့ခံရသလို ဒီကနေ့မှာ နတ်ချောင်းရွာအနီးက အောင်ချမ်းသာနဲ့သာစည်ရွာပါ မီးရှို့ခံရတာပါ။
ဂျပန်က ရုရှားအပေါ် နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အင်္ဂါနေ့က အတည်ပြု ချမှတ်လိုက်တာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့သမီးနှစ်ဦးအပါအဝင် လူ ၄၀၀ နီးပါးလောက်ရဲ့ပိုင်ဆိုင်မှုတွေ ထုတ်ယူလွှဲပြောင်းခွင့်ကို ဂျပန်က ပိတ်ပင်လိုက်တဲ့အပြင် ရင်းနှီးမြှုပ်နှံမှုအသစ်တွေနဲ့ ဗော့ဒ်ကာအရက် တင်သွင်းမှုကိုပါ တားမြစ်လိုက်ပါတယ်။
အိန္ဒိယရဲ့ ရုရှားလောင်စာဆီဝယ်နှုန်းကို အမေရိကန်သမ္မတက အိန္ဒိယဝန်ကြီးချုပ်ကို တနင်္လာနေ့က ဗွီဒီယိုအားဖြင့် တွေ့ဆုံရာမှာ တောင်းဆိုခဲ့ပေမယ့် နှစ်နိုင်ငံလုံးက သဘောမတူကြတာတွေကို ဖော့ပြောထားကြပါတယ်။
အာဏာသိမ်းမှု၊ စစ်ကောင်စီက ကျူးလွန်တဲ့အကြမ်းဖက်မှုaတွနဲ့ ဆက်စပ်နေတဲ့ ဖြစ်ရပ်တွေအတွက် တာဝန်ခံမှု ရှိလာစေဖို့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပြီး မြှင့်တင် ဆောင်ရွက်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony J. Blinken က ပြောလိုက်ပါတယ်။
ပေ ၆၀ ခန့် ရှည်လျားတဲ့ သံတံတားတခုကို ဖြိုဖျက်ခိုးယူပြီး ရောင်းစားခဲ့ဟန်ရှိတဲ့ လူတစုကို အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။
ပါကစ္စတန်နိုင်ငံမှာ ၄ နှစ်နီးပါး အုပ်စိုးခဲ့တဲ့ Imran Khan ခေါင်းဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာ အယုံအကြည်မရှိအဆို ရှုံးနိမ့်သွားပြီး နောက်တရက်အကြာမှာပဲ အတိုက်အခံခေါင်းဆောင် Shehbaz Sharif ကို ဝန်ကြီးချုပ်အဖြစ် မဲခွဲဆုံးဖြတ်ဖို့ ပြင်ဆင်နေကြပြီ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နဲ့ တနင်္လာနေ့မှာ အွန်လိုင်းကနေ တွေ့ဆုံမှာဖြစ်ပြီး အိန္ဒိယအနေနဲ့ ရုရှားဆီက လောင်စာစွမ်းအင် တိုးမြှင့်ဝယ်ယူတာတွေ မလုပ်ဖို့ ရှင်းရှင်းလင်းလင်း ပြောကြားမှာဖြစ်ကြောင်း သမ္မတအိမ်ဖြူက ပြောပါတယ်။
ယူကရိန်းကို အမြန်သိမ်းပိုက်မယ့် ရုရှားရဲ့ အစီအစဉ် အထမမြောက်ဘဲ ဖြစ်နေတဲ့အတွက် ယူကရိန်းအရှေ့ပိုင်းကို ဆက်ပြီးတိုက်ခိုက်ဖို့ တပ်မှူးသစ်တယောက်ကို ရုရှားက ခန့်အပ်ဖို့ ပြင်နေပါတယ်။
ရုရှားတပ်တွေ ဝင်တိုက်နေတဲ့ ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသကနေ အချိန်မနှောင်းခင် ဘေးလွတ်ရာ ထွက်သွားကြဖို့ ဒေသခံအရာရှိတွေ ပန်ကြားနေချိန်မှာပဲ ရုရှားတပ်တွေက တနင်္ဂနွေနေ့မှာ အဲဒီဒေသက စာသင်ကျောင်းတကျောင်းနဲ့ လူနေအဆောက်အဦးတွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် စာနာမှုအရ အသိအမှတ်ပြုကတ်ပြား ထုတ်ပေးဖို့ ပြည်နယ်အာဏာပိုင်တွေ စီစဉ်နေကြပါတယ်။
လာမယ့် တနင်္ဂနွေ ဧပြီလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် ခရစ်တော် ထမြောက်တဲ့ အီစတာပွဲတော် အထိမ်းအမှတ်အနေနဲ့ ယူကရိန်းမှာ အပစ်အခတ်ရပ်စဲဖို့ ပုပ်ရဟန်းမင်းကြီး Francis က ပွဲတော်အကြို တနင်္ဂနွေ (Palm Sunday) ဝတ်ပြုဆုတောင်းပွဲမှာ ပန်ကြားလိုက်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ စနေနေ့က ထောင်သောင်းချီတဲ့ ပြည်သူတွေရော ခရစ်ယာန် ဘာသာရေးဆရာတွေပါ မြို့တော်ကိုလံဘိုရဲ့ လမ်းမေတွပေါ် ချီတက်ဆန္ဒပြရင်း သမ္မတ နုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။
အနာဂတ်မှာ ရုရှားရဲ့ ကျူးကျော်မှုတွေကို တိုက်ပွဲဝင်ဖို့အတွက် သူ့ရဲ့နယ်စပ်တွေမှာ တပ်တွေကို အမြဲတန်းချထားဖို့ စီမံကိန်းချနေကြောင်း နေတိုးအတွင်းရေးမှူးချုပ် Jens Stoltenberg က ပြောလိုက်ပါတယ်။
ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသက ပြည်သူတွေကို ချက်ချင်းထွက်ခွါကြဖို့ အဲဒီဒေသရဲ့ အုပ်ချုပ်ရေးမှူး Serhiy Gaidai က သတိပေးလိုက်ပါတယ်။
မက္ကဆီကိုသမ္မတ Andres Manuel Lopez Obrador က သူ့ရဲ့ ၆ နှစ်တာ သမ္မတသက်တမ်း ပြီးဆုံးတဲ့အထိ တာဝန်ယူစေချင်သလား၊ ရာထူးက ဆင်းပေးစေချင်သလား ဆိုတဲ့ လူထုသဘောထား ဒီကနေ့ ကောက်ယူပါတယ်။
နောက်ထပ်ကြည့်ရှုရန်