ပြင်သစ်နိုင်ငံမှာ ဒီကနေ့ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်သူ ၄၈ သန်းက ကိုယ်စားလှယ် ၁၂ ဦးထဲက နောက်သမ္မတသစ်ကို ရွေးချယ်ကြမှာ ဖြစ်ပါတယ်။
မြန်မာစစ်ကောင်စီ ပြောခွင့်ရက အောက်ခြေအုပ်ချုပ်ရေးအဖွဲ့တချို့မှာ ဖရဲသီးတွေ ရှိနေတယ်လို့ ပြောအပြီး စစ်ကောင်စီခေါင်းဆောင် ကိုယ်တိုင်ကလည်း တပ်တွင်းညီညွတ်ရေးကို အလေးထား ပြောလာတာက တပ်တွင်း ကွဲအက်မှာ စိုးရိမ်လာတာလို့ စောင့်ကြည့်သူတချို့က ဆိုပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan အပေါ် အယုံအကြည်မရှိ အဆိုကို စနေနေ့က ပါကစ္စတန် အောက်လွှတ်တော်ဖြစ်တဲ့ အမျိုးသားလွှတ်တော်က မဲခွဲ အတည်ပြုလိုက်တဲ့အတွက် သူဟာ ၄ နှစ်နီးပါး တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားပေးရတော့မှာ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ရုရှားတပ်တွေရဲ့ ပစ်ခတ်မှုတွေ တိုးလာနေချိန်မှာပဲ ဒေသခံတွေ အမြန် ဘေးလွတ်ရာ ထွက်ခွါကြဖို့ Luhansk ဒေသ အုပ်ချုပ်ရေးမှူး Serhiy Gaidai က စနေနေ့က ပန်ကြားလိုက်ပါတယ်။
ဝါရှင်တန်ဒီစီမြို့တော်မှာ စည်းရုံးလှုံ့ဆော်ရေး လုပ်ငန်းတွေ လုပ်နေတဲ့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း ပါဝင်တဲ့ NUG တာဝန်ရှိသူတွေနဲ့ ဝါရှင်တန်ဒီစီ အနီးတဝိုက်က ဒီမိုကရေစီအရေး ထောက်ခံအားပေးနေတဲ့ မြန်မာ့အင်အားစုတွေ တွေ့ဆုံဆွေးနွေးပွဲကို စနေနေ့ညနေက မယ်ရီလန်းပြည်နယ်မှာ ပြုလုပ်ခဲ့ပါတယ်။
ရုရှားတပ်တွေ ပြန်ဆုတ်ခွါသွားတဲ့ ယူကရိန်းမြို့ရွာ အတော်များများမှာ သေဆုံးနေတဲ့ ဒေသခံတွေရဲ့ အလောင်းတွေ တွေ့လာရတာဟာ ရုရှားသမ္မတ Vladimir Putin ရဲ့ နာမည်ဂုဏ်သတင်းအတွက် ဖျက်မရတဲ့ အစွန်းအထင်း ဖြစ်သွားပြီလို့ ယူကရိန်းနိုင်ငံ Kyiv ကို သွားရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က စနေနေ့မှာ ပြောပါတယ်။
တောင်တရုတ်ပင်လယ်တွင်းမှာ ငြိမ်းချမ်းမှုထိန်းသိမ်းရေး ထိန်းချုပ်လုပ်ဆောင်သွားကြဖို့ လိုတယ်ဆိုတာ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့ တရုတ်သမ္မတ Xi Jinping တို့ ဒီကနေ့ အလေးထားပြောဆိုခဲ့ကြတယ်လို့ ဖိလစ်ပိုင်သမ္မတရုံးက ပြောပါတယ်။
သီရိလင်္ကာမှာ နိုင်ငံခြားငွေပြတ် စီးပွားပျက်ကပ်အတွက် နိုင်ငံတကာအကူအညီ ဒေါ်လာ သန်း ၃,၀၀၀ ခန့် ရဖို့ ကြိုးပမ်းနေပါတယ်။
ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan ကို ရာထူးကဖယ်ရှားရေး အတိုက်အခံတွေတင်သွင်းတဲ့ အယုံအကြည် မရှိအဆိုကို မဲခွဲဆုံးဖြတ်တဲ့လုပ်ငန်းစဉ် စတင်ရေးအတွက် National Assembly လို့ခေါ်တဲ့ ပါကစ္စတန် အောက်လွှတ်တော်အစည်းအဝေး ဒီကနေ့ ပြန်ကျင်းပပါတယ်။
ဆော်ဒီအာရေးဘီးယားအနေနဲ့ Hajj (ခေါ်) မက္ကာဘုရားဖူးခရီးသွား တစ်သန်းအထိ ဒီနှစ်မှာ တိုးမြှင့်ခွင့်ပြုထားပါတယ်။
ကိုဗစ်ကပ်ဘေးကြောင့် အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမားတွေကို ကန့်သတ်ထားတဲ့ ထိုင်းနိုင်ငံမှာ ကန့်သတ်ချက်တွေ ပြန် ဖြေလျှော့လာနေတာနဲ့အမျှ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမား ၁၆၀,၀၀၀ ကျော် ထပ်တိုးလက်ခံဖို့ ရှိကြောင်း ထိုင်းအစိုးရအလုပ်အကိုင် ရှာဖွေရေးဌာနက ပြောပါတယ်။
နိုင်ငံခြားဝင်ငွေတွေကို တရက်အတွင်း မြန်မာငွေနဲ့ ပြန်သွင်းပေးရမယ်လို့ ဗဟိုဘဏ်က ပြီးခဲ့တဲ့ တနင်္ဂနွေ ဧပြီလ ၃ ရက်နေ့မှာ ထုတ်ပြန်အပြီး ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့အတူ ဂျပန်၊ စင်္ကာပူနဲ့ ဥရောပနိုင်ငံတွေက စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြသလို အမေရိကန်နဲ့ တခြားစီးပွားအဖွဲ့တွေကလည်း ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအတွေအတွက် အမေရိကန် ပြည်ထောင်စုက လက်နက်တွေဝယ်ပြီး မူးယစ်ဆေးဝါး အလဲအလှယ်လုပ်ဖို့ ကြိုးစားခဲ့တဲ့ ဂျပန်ယာကူဇာဂိုဏ်းတခုက ခေါင်းဆောင်တယောက်ကို ဖမ်းဆီးလိုက်တဲ့အကြောင်း အမေရိကန်တရားရေးဌာနက မနေ့က ကြေညာပါတယ်။
BA.2 Omicron မျိုးကွဲ ဗီဇပိုးသစ်ဟာ တွေ့ဖူးသမျှ ဗိုင်းရပ်စ်ပိုးတွေထဲမှာ ကူးစက်နှုန်း အမြန်ဆုံးဖြစ်ပြီး အထူးစိုးရိမ်ရတဲ့အကြောင်းနဲ့ ဆေးရုံတက် ကုသသူတွေ၊ သေဆုံးသူတွေ တွေ့ရနိုင်တယ်လို့ Texas ပြည်နယ် Baylor ဆေးပညာ College က ဒေါက်တာ Peter Hotez က သတိပေးပြောဆိုလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ဘေးကင်းလုံခြုံစွာ အမြန်ဆုံး ပြန်နိုင်ရေး မြန်မာဘက်က ဆောင်ရွက်လာအောင် အမေရိကန်က ဖြစ်နိုင်တဲ့ နည်းလမ်းစုံသုံးပြီး စည်းရုံးပေးဖို့ အမေရိကန်လွှတ်တော်မတ်တွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ A K Abdul Momen က တောင်းဆိုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ၊ Bucha မြို့မှာ ရုရှားတပ်ဖွဲ့တွေက အရပ်သားတွေကို စနစ်တကျ ကြိုတင်စီစဉ်ပြီး သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေ ထွက်ပေါ်လာပြီးတဲ့နောက် ရုရှားကို လူ့အခွင့်အရေးကောင်စီက ထုတ်ရေးမထုတ်ရေး ကုလသမဂ္ဂ အထွေထွေညီလာခံက ဒီကနေ့ ဧပြီလ ၇ ရက်နေ့နှောင်းပိုင်းမှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေပါတယ်။
မြန်မာနိုင်ငံအတွင်း လတ်တလောဖြစ်နေတဲ့ စစ်တပ်ရဲ့အကြမ်းဖက် နှိပ်ကွပ်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရက မြန်မာနိုင်ငံဘက် ပြန်မောင်းထုတ်နေတယ်လို့ ပြန်ပို့ခံရတဲ့ ဒုက္ခသည်တွေအပါအဝင် ထိုင်းအာဏာပိုင်တွေ နဲ့ တွေ့ဆုံ မေးမြန်းပြီး အေပီသတင်းမှာ ဖော်ပြထားပါတယ်။
ရိုက်တာသတင်းဌာနက ဖော်ပြလိုက်တဲ့ အင်းစိန်ထောင်ထဲမှာ အချုပ်သား အကျဉ်းသားတွေ နေထိုင်ရတဲ့ အခြေအနေတွေကို မှင်အပြာနဲ့ ပုံကြမ်းရေးဆွဲထားတဲ့ ဓာတ်ပုံပေါင်း ၁၄ ပုံဟာ ထောင်တွင်းမှာ အဖမ်းခံခဲ့ရတဲ့ အကျဉ်းသားတွေရဲ့ နေ့စဉ် နေထိုင်ဖြတ်သန်းနေရတဲ့ အခြေအနေတွေကို မီးမောင်းထိုးပြနေပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားဝင်ငွေထိန်းချုပ်တဲ့ ဥပဒေသစ်တရပ်ချမှတ်ပြီး မြန်မာကျပ်နဲ့ လဲရမယ်ဆိုတဲ့ ဗဟိုဘဏ်ရဲ့ အမိန့်သစ်ကြောင့် ဥရောပနိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေ လုပ်ငန်း ဆက်လက်လည်ပတ်ဖို့ အခက်တွေ့နိုင်ကြောင်း ရန်ကုန် ဥရောပသမဂ္ဂ ကိုယ်စားလှယ်ရုံးက ဧပြီ ၅ ရက်နေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
အင်းစိန်ထောင်တွင်း နေရာနဲ့လူဦးရေမမျှဘဲ ကြပ်ညပ်နေတဲ့အခြေအနေမှာ စိတ်မသက်မသာဖြစ်နေကြပုံရတဲ့ အမျိုးသားတွေကို မှင်ခြစ်ရေးဆွဲထားတဲ့ပုံကြမ်းတွေ ဧပြီလ ၁၇ ရက်ဝန်းကျင်က ထွက်ပေါ်လာပါတယ်။
နောက်ထပ်ကြည့်ရှုရန်