ယူကရိန်းမှာ အရပ်သားတွေကိုသတ်ဖြတ်မှုအပေါ် အိန္ဒိယနိုင်ငံက စီးပွါးရေးမိတ်ဘက်နိုင်ငံဖြစ်တဲ့ ရုရှားကို ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး နှစ်ရက်ကြာ ဆွေးနွေးပွဲအတွက် မြောက်အတ္တလန်တိတ် စာချုပ် NATO မဟာမိတ်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေ ဘရပ်ဆဲလ်စ်မြို့မှာ ရောက်နေကြချိန်မှာပဲ ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာ သန်း ၁၀၀ ပေးမယ့်အကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။
ဒိန်းမတ်နိုင်ငံမှာ သံတမန်အဖြစ် စာရင်းသွင်းထားတဲ့ ရုရှား ထောက်လှမ်းရေးအရာရှိ သူလျှို ၁၅ ဦးကို ဒိန်းမတ်နိုင်ငံက နှင်ထုတ်လိုက်ကြောင်းနဲ့ အဲဒီ ရုရှားနိုင်ငံသားတွေ ၁၄ ရက်အတွင်း ဒိန်းမတ်နိုင်ငံထဲက ထွက်ပေးရမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီနေ့ အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူကရိန်းနိုင်ငံတွင်း ရုရှားတပ်ဖွဲ့တွေရဲ့ ရက်စက်တဲ့လုပ်ရပ်တွေဟာ စစ်ရာဇဝတ်မှုမြောက်ပြီး အရေးယူသွားမှာဖြစ်ပေမယ့် လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ်တော့ မသတ်မှတ်သေးေ ကြာင်း မြန်မာနိုင်ငံနဲ့ယဉ်ပြီး မနေ့က အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်အစိုးရ အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ပြောပါတယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို လူမျိုးသုဉ်းသတ်ဖြတ်မှု အဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်လိုက်တဲ့အပေါ် ကျေးဇူးတင်တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီး Abdul Momen က မနေ့ ဧပြီလ ၄ မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ကို ပြောပါတယ်။
ရုရှားနဲ့မြန်မာစစ်တပ်တွေရဲ့ မြေမြှုပ်မိုင်းအသုံးပြုမှုတွေဟာ မြေမြှုပ်မိုင်းတားဆီးရေး နိုင်ငံတကာ သဘောတူညီချက် အောင်မြင်ဖို့ အဟန့်အတားဖြစ်စေကြောင်း ဧပြီ ၄ ရက် ကုလရဲ့ မြေမြှုပ်မိုင်းအသိပညာပေးနဲ့ ထောက်ပံ့ရေးဆိုင်ရာ နိုင်ငံတကာနေ့မှာ (ICBL) ညွန်ကြားရေးမှူး Hector Guerra က ပြောကြားလိုက်ပါတယ်။
လက်ရှိ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrew ကို ကုလလူ့အခွင့်ရေးကောင်စီက သက်တမ်းတနှစ် ထပ်တိုးပေးလိုက်ပြီး လူ့အခွင့်အရေးကောင်စီ ၅၀ နဲ့ ၅၁ ကြိမ်မြောက် ညီလာခံတွေမှာ နှုတ်တိုက် တင်သွင်းဖို့၊ တတိယကော်မီတီရဲ့ ၅၂ ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံမှာ အစီရင်ခံဖို့ ညွန်ကြားလိုက်ပါတယ်။
ရုရှားသမ္မတ Vladimir Putin ကို စစ်ရာဇဝတ်မှုမြောက်တဲ့တရားစီရင်မှုနဲ့ ရင်ဆိုင်ရမယ်လို့ အမေရိကန်သမ္မတ Joe Biden ပြောလိုက်ပြီး တရက်အကြာမှာပဲ ယူကရိန်းမှာ အရပ်သားတွေသတ်ဖြတ်ခံရတာနဲ့ပတ်သတ်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီနေ့ အင်္ဂါနေ့ အစည်းအဝေးမှာ ဆွေးနွေးကြဖို့ရှိပါတယ်။
တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့က လူဦးရေ ၂၆ သန်းစလုံး ကိုဗစ်ပိုးစစ်ဆေးနိုင်ဖို့ ထောင်နဲ့ချီတဲ့ စစ်ဘက်တပ်ဖွဲ့ဝင်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို တရုတ်အစိုးရက တနင်္လာနေ့မှာ စေလွှတ်ထားပါတယ်။
ပိုလန်နဲ့ ရိုမေးနီးယားနိုင်ငံတို့ဟာ ခိုလှုံလာကြတဲ့ ယူကရိန်း ဒုက္ခသည်တွေကို အစစကူညီပေးနေပြီး ဒုက္ခသည် ၆ သိန်း ၂ သောင်း ခွဲကျော်ဟာ ပိုလန်နိုင်ငံ အသိအမှတ်ပြု နေထိုင်ခွင့်ကဒ်ပြားတွေရရှိကြပြီး နိုင်ငံတော်ကပေးတဲ့ ဝန်ဆောင်မှုတွေကို အခမဲ့ ရရှိကြပါတယ်။
ဖက်ဒရယ် ဒီမိုကရေစီပဋိညာဉ်၊ လူသားချင်း စာနာထောက်ထားရေနဲ့ NUG ဆောင်ရွက်နေတဲ့အစီအစဉ်တွေနဲ့ အမေရိကန် ထိန်းချုပ်ထားတဲ့ မြန်မာ့ ငွေကြေးကိစ္စတွေကို အမေရိကန်အစိုးရနဲ့ ဆွေးနွေးဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဟာ ဝါရှင်တန်ဒီစီကို တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့ကြပါတယ်။
သီရိလင်္ကာနိုင်ငံမှာ စားသောက်ကုန်၊ လောင်စာနဲ့ ဆေးဝါးရှားပါးမှုတွေ ပိုဆိုးလာတာကြောင့် သမ္မတနုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆိုသံတွေ နိုင်ငံတဝန်း အရှိန်ကောင်းလာချိန်မှာပဲ အာဏာခွဲဝေအုပ်ချုပ်ဖို့ အတိုက်အခံတွေကို သမ္မတက တနင်္လာနေ့မှာ ကမ်းလှမ်းလိုက်ပါတယ်။
ဂျာမနီနိုင်ငံမှာ အသက် ၆၀ အရွယ် အမျိုးသားတဦးဟာ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပေါင်း ၉၀ ထိုးပြီး ဆေးထိုးပြီးကြောင်း လက်မှတ်တွေကို ဆေးမထိုးလိုသူတွေ လိမ်ညာ အသုံးပြုနိုင်အောင် ရောင်းစားခဲ့ပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ် Sacramento မြို့မှာ တနင်္ဂနွေနေ့မနက် အရုဏ်မတက်ခင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး ၆ ဦးသေဆုံးရသလို ၁၀ ဦးလောက် ဒဏ်ရာတွေ ရခဲ့ကြတယ်လို့ Sacramento ရဲချုပ် Kathy Lester က ပြောပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ကြီးထွားလာနေတဲ့ စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းဖို့ ကြိုးပမ်းနေချိန် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ရပ်တန့်ဖို့အတွက် လူမှုကွန်ရက် မီဒီယာတွေကို အမှောင်ချထားချိန်မှာပဲ သမ္မတနဲ့ သူ့ရဲ့အစ်ကို ဝန်ကြီးချုပ်တို့ကလွဲပြီး ကျန်အစိုးရအဖွဲ့ဝင် အားလုံး တနင်္ဂနွေနေ့က နုတ်ထွက်သွားပါတယ်။
ရုရှားတပ်တွေ ဆုတ်ခွါသွားတဲ့ နေရာတွေက ယူကရိန်းလမ်းမတွေပေါ်မှာ တွေ့ရတဲ့ လူသေအလောင်းတွေနဲ့ ပတ်သက်ပြီး ဒါဟာ လူမျိုးတုံးသတ်ဖြတ်မှု Genocide ဖြစ်ကြောင်း ယူကရိန်းသမ္မတက အမေရိကန် CBS ရုပ်သံ မေးမြန်းခန်းမှာ ပြောကြားခဲ့တဲ့အပြင် ယူကရိန်းဟာ ရုရှားတပ်တွေရဲ့ ဖျက်ဆီးတာ၊ မျိုးဖြုတ်တာကို ခံနေရတယ်လို့ ပြောပါတယ်။
ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်းက Bucha မြို့ကလေးမှာ အရပ်သားတွေ သေဆုံးနေတဲ့ ပုံတွေကို ကြည့်ပြီး အလွန်ထိတ်လန့် တုန်လှုပ်ရကြောင်းနဲ့ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ထိရောက်တဲ့ တာဝန်ခံ တာဝန်ယူမှု ရှိစေဖို့အတွက် သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။
ယူကရိန်း အရှေ့တောင်ပိုင်းက Mariupol မြို့ကို ရုရှားက ဝိုင်းတိုက်ခိုက်နေချိန်မှာ ကျန်နေသေးတဲ့ မြို့သူမြို့သားတွေဟာ ထွက်လမ်းကို စောင့်နေကြရပါတယ်။
ယူကရိန်းရဲ့ ပင်လယ်နက်ဆိပ်ကမ်းမြို့ Odessa မြို့က လောင်စာဆီချက်စက်ရုံနဲ့ လှောင်ကန်တွေကို တနင်္ဂနွေနေ့က တိုက်ခိုက်ခဲ့တယ်လို့ ရုရှားစစ်တပ်က ပြောပါတယ်။
ရုရှားရဲ့ ယူကရိန်းစစ်နဲ့ ပတ်သက်ပြီး ထောက်လှမ်းရေးရဲ့ လျှို့ဝှက်သတင်းတွေကို အများပြည်သူသိရှိအောင် ထုတ်ပြန်နေတာဟာ ပမာဏအားဖြင့်ရော ထုတ်ပြန်တဲ့ နှုန်းအားဖြင့်ပါ အရင်တုန်းက မရှိခဲ့ဖူးဘူးလို့ ဗြိတိန် အီလက်ထရောနစ် ထောက်လှမ်းရေးဌာန အကြီးအကဲ Jeremy Fleming က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်