စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ်ဘက်မှာ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးအတွင်း ဒေသခံကာကွယ်ရေးတပ်လို့ သင်္ကာမကင်းဖြစ်သူတွေကို ဖမ်းဆီးနေပြီး အဲဒီအထဲကတချို့ကတော့ ပြန်လွတ်မြောက်လာပါတယ်။
မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင် ၇ နိုင်ငံရှိတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု BIMSTEC အဖွဲ့လုပ်ငန်းလည်ပတ်မှု အသုံးစရိတ်အတွက် အိန္ဒယနိုင်ငံက အမေရိကန်ဒေါ်လာ တသန်း ထောက်ပံ့ထည့်ဝင်မယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi က ဒီကနေ့ ကြေညာပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ဟာ တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ မျက်နှာချင်းဆိုင် ဆွေးနွေးပြီးတဲ့နောက် ရုရှားနဲ့ယူကရိန်းတို့ဟာ ဘုံနားလည်မှုနဲ့ တသဘောတည်းအဆင့်ကို ရောက်နေပြီလို့ တူရကီနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
အာဏာသိမ်းအပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေ ထိုးကျသွားခဲ့တယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ Amnesty International က ဆိုပါတယ်။
အမေရိကန်နိုင်ငံရောက် စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ဟာ အမေရိကန်သမ္မတဘိုင်ဒန်၊ ဒုတိယသမ္မတ ကင်မလာဟဲရစ်တို့နဲ့ ဒီကနေ့ ဝါရှင်တန်ဒီစီမှာ တွေ့ဆုံဆွေးနွေးကြတဲ့အခါ မြန်မာနိုင်ငံကိစ္စလည်း ပါဝင်မယ် လို့ အမေရိကန်အစိုးရ အကြီးတန်းတာဝန်ရှိသူတဦးက ပြောပါတယ်။
ရုရှားနဲ့ယူကရိန်းတို့ အင်္ဂါနေ့က တူရကီနိုင်ငံ အစ္စတန်ဘူမြို့မှာ ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးကြတဲ့ပွဲမှာ တူရကီသမ္မတ Recep Tayyip Erdogan က အပစ်အခတ်ရပ်စဲကြဖို့ နှစ်ဘက်စလုံးကို တောင်းဆိုလိုက်ပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ မိန်းခလေးတွေ အထက်တန်းကျောင်းတက်ခွင့်ကို ငြင်းပယ်တဲ့အတွက် စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကချမှတ်လိုက်ပြီး ကျောင်းသူတွေအတွက် အချိန်မဆိုင်းငံ့ဘဲ ကျောင်း ပြန်ဖွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
ကြာသပတေးနေ့ကနေ တနင်္ဂနွေနေ့အထိ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ တရုတ်နိုင်ငံကို လာရောက်ကြမယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့က ပြောပါတယ်။
မနေ့ညက အော်စကာဆုပေးပွဲမှာ အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့တဲ့ မင်းသား Will Smith က ကျန်းမာရေးမကောင်းတဲ့ဇနီးသည်ရဲ့ဆံပင်ပုံစံကို နောက်ပြောင်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူကို စင်ပေါ်တက်ပြီး ပါးရိုက်ခဲ့တဲ့သတင်းက ထိပ်ဆုံးရောက်ခဲ့ပါတယ်။
တူရကီနိုင်ငံမှာ ရုရှားနဲ့ဆွေးနွေးပွဲလုပ်ခါနီးမှာပဲ သူ့တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ရေးကို ဦးစားပေးမယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် စစ်ကောင်စီကို ရာဇဝတ်မှုနဲ့ တူရကီနိုင်ငံ Istanbul မြို့က အစိုးရ ရှေ့နေရုံးမှာ အမှု တင်မယ်လို့ “မြန်မာနိုင်ငံ တာဝန်ခံမှုစီမံချက်” လို့ အဓိပ္ပါယ်ရတဲ့ Myanmar Accountability Project, MAP အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
နေပြည်တော်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအရ မလာနိုင် ဘူးလို့ တရားသူကြီးက အသိပေးခဲ့တာဟာ ဒေါ်အောင်ဆန်းစုကြည် အနီးဝန်းကျင်မှာရှိသူတချို့ ကိုဗစ်ရောဂါကူးစက်ခံနေရတာကြောင့်ဖြစ်ပုံရပြီး ဒေါ်အောင်ဆန်းစုကြည် ကိုဗစ် ဖြစ်မဖြစ် ဆိုတာတော့ အတိအကျ မသိရပါဘူး။
ကချင်လူမျိုး ၇ ဦးအပါအဝင် ခရီးသည်တွေနဲ့ လေယာဉ်ဝန်ထမ်း စုစုပေါင်း ၁၃၂ ယောက် သေဆုံးခဲ့တဲ့ တရုတ် Eastern လေကြောင်းလိုင်း MU5735 လေယာဉ်နဲ့ လိုက်ပါသွားသူတွေအတွက် အောက်မေ့ဘွယ် အခမ်းအနား မနေ့က ကျင်းပပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံမှာ ကလေးတွေကို အတင်းအဓမ္မ ပြုကျင့်မှုအတွက် ဆော်ဒီနိုင်ငံသားတဦးနဲ့ မြန်မာအမျိုးသားတဦးကို ကွပ်မျက်ခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံတွင်းက ပုဂ္ဂလိက ရုပ်သံလွှင့်လုပ်ငန်းတွေအနေနဲ့ VOA အမေရိကန်အသံနဲ့ BBC ဗြိတိသျှအသံလွှင့် ကော်ပိုရေးရှင်းတို့ရဲ့ သတင်းအစီအစဉ်တွေ ထုတ်လွှင့်မှုကို တာလီဘန်က တားမြစ်လိုက်ပါတယ်။
အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား နျူကလီးယား သဘောတူညီချက်တခု ရရှိဖို့ နီးစပ်လာပြီ ဆိုတာကို သူ့အနေနဲ့ မယုံကြည်ကြောင်း အီရန်ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Robert Malley က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။
အီရန်နဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေကြား နျူကလီးယား သဘောတူညီချက်ကို ပြန်လည်စတင်လာနိုင်ခြေ ရှိနေချိန်မှာပဲ အစ္စရေးလ်နဲ့ အာရပ်ပင်လယ်ကွေ့ မဟာမိတ်တွေရဲ့ စိုးရိမ်မှုကို ချေဖျက်နိုင်ရေး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ကြိုးပမ်းနေပါတယ်။
ယူကရိန်းအပေါ် ကျူးကျော်ခဲ့တဲ့အတွက် ရုရှားကို ပြင်းပြင်းထန်ထန် ရှုတ်ချပေမယ့် အမေရိကန်က ရုရှားသမ္မတကို ဖြုတ်ချဖို့ ကြိုးစားမှာမဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
BIMSTEC လို့ အင်္ဂလိပ်လို အတိုအားဖြင့်သိကြတဲ့ ဘင်္ဂလားပင်လယ်အော်ဒေသ နိုင်ငံများ နည်းပညာနဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ အစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌ သီရိလင်္ကာနိုင်ငံရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံခြားရေးဝန်ကြီး တက်ရောက်မှာ ဖြစ်ပါတယ်။
အကြမ်းဖက်အဖွဲ့တွေနဲ့ သူတို့ကို ထောက်ခံပံ့ပိုးနေသူတွေကို အမြစ်ဖြတ် ချေမှုန်းသွားမယ်လို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်မှာ ဒီကနေ့လုပ်တဲ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပြောဆိုသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်