စစ်ကောင်စီဘက်က ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကြောင့် တိုင်းပြည်အတွင်း အကြမ်းဖက်မှုတွေ ပိုတိုးလာနိုင်တယ်လို့ နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ Vedant Patel က ပြောကြားခဲ့ပါတယ်။
ကမ္ဘာတဝန်း နိုင်ငံတွေနဲ့ ပိုင်နက်တွေ စုစုပေါင်း ၁၈၀ မှာ အစိုးရရုံးတွေရဲ့ အဂတိလိုက်စားမှု အဆိုးဆုံးအဆင့်မှာ မြန်မာနိုင်ငံပါဝင်နေပြီး အဆင့် ၁၅၇ မှာ ရှိနေတယ်လို့ နိုင်ငံတကာ ပွင့်လင်းမြင်သာမှုရှိစေရေးအဖွဲ့ Transparency International ကပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ ပဋိပက္ခမှာ ဓားစာခံအဖြစ် အာဆီယံကို မြန်မာနိုင်ငံက အသုံးချမှာကိုတော့ အဖြစ်ခံမှာ မဟုတ်ဘဲ တိုးတက်မှုမရှိဘူးဆိုရင် ပြတ်ပြတ်သားသား လုပ်ဆောင်မယ်လို့ အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒို အာဏာသိမ်း ၂ နှစ် ပြည့် မှာ ပြောကြားလိုက်ပါတယ်။
အာဏာသိမ်း ၂ နှစ်ပြည့် ဒီနေ့၊ မြန်မာနိုင်ငံ တလွှားမှာ လမ်းတွေရှင်း၊ ဆိုင်တွေ ပိတ်ပြီး အသံတိတ် သပိတ်ကို ဒီမိုကရေစီ လှုပ်ရှားမှု ထောက်ခံကြတဲ့ ပြည်သူတွေက ဆင်နွှဲလိုက်ကြပါတယ်။ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင်တွေရဲ့ ခေါ်သံအတိုင်း ပြည်သူတွေက သူတို့ရဲ့ ဆန္ဒ ကို ထုတ်ဖော်လိုက်ကြတာပါ။
မြန်မာပြည်သူတွေ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး စတဲ့ ကဏ္ဍစုံမှာ ဘေးဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့ရစေတဲ့ စစ်အာဏာသိမ်းမှု ၂ နှစ် အဖြစ်နဲ့ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်၊ ယူကရိန်း၊ ဆားဘီးယား.. စတဲ့ နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
အာဆီယံ ကာကွယ်ရေးဝန်ကြီးများနဲ့ မိတ်ဖက်နိုင်ငံများ အစည်းအဝေးမှာ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနကို ဖိတ်ကြားထားတာဟာ အဆင့်မြင့် အကြီးတန်းအရာရှိအဆင့်တွေကို ဖိတ်ကြားတာမဟုတ်ဘဲ လုပ်ငန်းအဆင့်အရာရှိတွေကိုပဲ ဖိတ်ကြားတာဖြစ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံက ကာကွယ်ပြောဆိုသွား ပါတယ်။
၂၀၂၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘဲလ်ဆုအတွက် ဆန်ကာတင် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအမည်စာရင်း ၅ ခုကို သီးခြားလွတ်လပ်တဲ့ သုတေသနအဖွဲ့တခုဖြစ်တဲ့ PRIO က ဒီကနေ့ ထုတ်ပြန်တာမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းလည်း ပါဝင်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Melissa Brown ဟာ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်တို့ အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်အချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။
၂၀၂၃ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့မှာကျရောက်တဲ့ စစ်အာဏာသိမ်း ၂နှစ်ပြည့်မှာ ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့ ရန်ကုန်မြို့တွင်း အသံတိတ်သပိတ်ဆင်နွှဲခဲ့ကြပြီး နေရာအနှံ့လူသွားလူလာခြောက်ကပ်နေတာကိုတွေ့ရပါတယ်။
စစ်အာဏာသိမ်းပြီး နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီက သေစေလောက်တဲ့ အင်အားသုံးဖိနှိပ်ချုပ်ချယ်မှုတွေ ပိုတိုးလုပ်ဆောင်လာတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ HRW က ဒီကနေ့ပြောပါတယ်။
ထိုင်းနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုတို့ ပူးတွဲ သဘာပတိအဖြစ်ဆောင်ရွက်မယ့် အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေပါဝင်တဲ့ အစည်းအဝေးမှာ မြန်မာနိုင်ငံ ပါဝင်တက်ရောက်ဖို့ ဖိတ်ကြားထားပြီး ကန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒီလို ဖိတ်ကြားတာကို ကာကွယ်ပြောဆိုနေပါတယ်။
စစ်ကောင်စီက အသစ်ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဟာ ဒီမိုကရေစီစံနစ်ကို စော်ကား တိုက်ခိုက်လိုက်တဲ့ ဥပဒေဖြစ်ကြောင်း AHRP အာဆီယံ ပါလီမန်အမတ်များအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေဟာ အနာဂတ်မှာ စစ်တပ်က ထင်သလို ထိန်းချုပ်လုပ်ဆောင်မယ့် ရွေးကောက်ပွဲတွေမှာ စစ်တပ်က သေချာပေါက် အနိုင်ရဖို့ အရှက်မဲ့ ကြိုးပမ်းချက်တစ်ရပ် ဖြစ်တယ်လို့ နိုင်ငံခြားရေးန အတိုင်ပင်ခံ ဒဲရစ်ရှိူလေး (Derek Chollet) က ဒီနေ့ ပြောလိုက်ပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူပြီး မြန်မာနိုင်ငံလက်ရှိအခြေအနေဟာ သာမန်မဟုတ်သောအခြေအနေတွင် ရှိနေတယ်လို့ သုံးသပ်ဆုံးဖြတ်ခဲ့ကြပါတယ်။
ယူကရိန်းကို စစ်ရေးအရ ကူညီထောက်ပံ့မှုတွေတိုးပေးဖို့အတွက် နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg က တောင်ကိုရီးယားနိုင်ငံကို ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ပက်ရွှာဝါ (Peshawar) မြို့က ရဲတပ်ဖွဲ့ဝင်းထဲမှာရှိတဲ့ ဗလီတစ်ခုမှာ ဒီကနေ့ ဇန်နဝါရီ ၃၀ ရက်နေ့မှာ အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၄ ဦး သေဆုံးပြီး ၁၅၀ ဒဏ်ရာရသွားပါတယ်။
ပဋိပက္ခကြောင့် စီးပွားရေး လုပ်ငန်းတွေ ပြတ်တော်ကနေတာနဲ့ အတူ၊ မြန်မာ့စီးပွားရေးဟာ အတော်ကြီး မရေရာ မသေချာတဲ့ အခြေအနေဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။ မနှစ် ၂၀၂၂ ခုနှစ်တုန်းကတော့ မြန်မာ့စီးပွားရေး ဖွံဖြိုးမှုက ၃ ရာနှုန်း ရှိပြီး၊ ၂၀၂၃ မှာလည်း ဒီနှုန်းပဲ ဖြစ်ဖွယ်ရှိတယ်လို့ ခန့်မှန်းပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်တာ ကာလအတွင်း ဥပဒေမဲ့ ဖမ်းဆီး၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်တာတွေ ဆက်တိုက် ပြုလုပ်နေတဲ့အတွက် မြန်မာ့အရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို အရှိန်မြင့် လုပ်ဆောင်ကြဖို့ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
ခရစ်ယာန်တွေနဲ့ ဘုရားကျောင်းတွေကို စစ်ကောင်စီရဲ့ တိုက်ခိုက်မှု မကြာမီက မြင့်တက်လာပြီးတဲ့နောက် စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့် မှာ မြန်မာနိုင်ငံအတွက် ၃ ရက် ဆက်တိုက် ဆုတောင်းကြဖို့ ပုပ်ရဟန်းမင်းကြီးက တောင်းဆိုလိုက်ပါတယ်။
သြစတြေးလျ အိုးပင်းတင်းနစ် (Australian Open) ပြိုင်ပွဲမှာ Novak Djokovic ဗိုလ်စွဲပြီး ဂရန်းစလမ်း (Grand Slam) ချန်ပီယံဆုကို ၂၂ ကြိမ်မြောက် အနိုင်ရသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်