စစ်ကောင်စီ ဖိနှိပ်အုပ်ချုပ်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးတကြီး အကူအညီတွေပေးဖို့ လိုအပ်နေကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Saifuddin Abdullah က ဇန်နဝါရီ ၂၈ ရက်၊ စနေနေ့က ပြောကြားလိုက်ပါတယ်။
ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီတခုက စစ်တပ်ကပိုင်ဆိုင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီကို အခကြေးငွေ ပေးခဲ့တာဟာ အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ဂျပန်အစိုးရ အရာရှိတဦးက ဇန်နဝါရီ ၂၇ ရက်၊ သောကြာနေ့မှာ ပြောပါတယ်။
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို လက်မခံ၊ ဆန့်ကျင်ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။
ရောဂါသိပ်မပြင်းထန်တဲ့ ကိုဗစ်-19 ဝေဒနာရှင်တွေအတွက် ပြည်တွင်းဖြစ် သောက်ဆေးနှစ်မျိုးကို ထုတ်လုပ်ခွင့်ပြုလိုက်ကြောင်း တရုတ်အမျိုးသား ဆေးဝါးထုတ်လုပ်ကွပ်ကဲမှုဌာနက ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ကြေညာပါတယ်။
ရုရှားတွေဟာ Donetsk ဒေသ Kostaintynivka မြို့မှာရှိတဲ့ အရပ်သားပစ်မှတ်တွေကို မစ်ဇိုင်းဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် တုံ့ပြန်နိုင်အောင် တာဝေးပစ် မစ်ဇိုင်းဒုံးကျည်တွေ လိုအပ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့ ဗီဒီယို မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက် ဗုဒ္ဓဟူးနေ့မှာ ကျရောက်မယ့် မြန်မာနိုင်ငံ စစ်တပ် အာဏာသိမ်းတာ ၂ နှစ်ပြည့်တဲ့နေ့ နွေဦးတော်လှန်ရေး ၂ နှစ်ပြည့် ကာလကို ရည်စူးပြီး အမေရိကန် နဲ့ ကနေဒါရောက် မြန်မာတွေ မြို့ကြီးတချို့မှာ စနေနေ့က စုဝေး ဆန္ဒပြခဲ့ကြပါတယ်။
အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ် မြောက်ပိုင်း Morena ဒေသမှာ စနေနေ့ မနက်ပိုင်း ပုံမှန် လေ့ကျင့်သင်တန်းအတွင်း အိန္ဒိယလေတပ်က ဂျက်တိုက်လေယာဉ် ၂ စင်း တိုက်မိပြီး ပျက်ကျခဲ့တယ်လို့ လေတပ်တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုကို ခံနေရတဲ့ ယူကရိန်းကို တာဝေးပစ် မစ်ဇိုင်းဒုံးတွေနဲ့ စစ်သုံးလေယာဉ်တွေ တပ်ဆင်ပေး ဖို့ ယူကရိန်း တာဝန်ရှိသူတွေနဲ့ အနောက်တိုင်း မဟာမိတ်နိုင်ငံတွေ အမြန်ဆုံး အဖြေထွက်အောင် ဆွေးနွေးခဲ့ကြတယ်လို့ ယူကရိန်း သမ္မတ ရဲ့ အကြံပေး အရာရှိက စနေနေ့ က ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာ ပထမဆုံး နှာခေါင်းအစက်ချ ကိုဗစ်ကာကွယ်ဆေးကို ဒီသီတင်းပတ်ထဲ စအသုံးပြုနေပါပြီ။ ဒီဆေးကို လွန်ခဲ့တဲ့ ၄ လကစပြီး အရေးပေါ် အသုံးပြုခွင့် ပေးခဲ့ပေမဲ့၊ ပြီးခဲ့တဲ့လကမှ အပြည့်အဝ အသုံးပြုခွင့် ပေးခဲ့တာဖြစ်ပြီး ဒီလ ၂၆ ရက်နေ့မှာ စတင်ဖြန့်ဝေတာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတာ ၂ နှစ်ပြည့်ခါနီးချိန်မှာ လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှုတွေ မြန်မာနိုင်ငံနေရာ တော်တော်များများမှာ ဖြစ်ပွားနေပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်းကြား တိုက်ခိုက်မှုတွေ ပို ပြင်းထန်လာနေချိန်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken အဲ့ဒီဒေသကို သွားရောက်ဖို့ ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ် Memphis မြို့မှာ အသက် ၂၉ နှစ်အရွယ် Tyre Nichols ကို သေလောက်အောင် ရဲအရာရှိ ၅ ယောက် ဝိုင်းရိုက်နေတဲ့ Video ပုံတွေကို Memphis မြို့ ရဲဌာနက သောကြာနေ့နှောင်းပိုင်းက ထုတ်ပြန်ခဲ့ပြီးနောက် ရဲတွေရဲ့ ရက်စက်တဲ့လုပ်ရပ်ကို ဆန့်ကျင်ဆန္ဒပြပွဲတွေ မြို့တချို့မှာ ရှိခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် နယ်စပ်ဒေသမှာ ခိုလှုံနေတဲ့ မြန်မာနိုင်ငံသားအယောက် ၈၀ ခန့်ကို အိန္ဒိယ အာဏာပိုင်တွေက သောကြာနေ့က ဖမ်းဆီးလိုက်ပါတယ်။ သူတို့ကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ တရားစွဲဆိုပြီး အင်ဖာမြို့ကို ပို့ဆောင်ခဲ့တဲ့အကြောင်း ရန်ကုန်ကလာတဲ့ ဒီသတင်းကို အလိမ္မာက တင်ပြထားပါတယ်။
အီဂျစ်နိုင်ငံမှာ ရှေးအကျဆုံးဖြစ်နိုင်တဲ့ မံမီရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ နာမည်ကြီး ရှေးဟောင်း သုတေသနပညာရှင် တစ်ဦးက ပြောကြားလိုက်ပါတယ်။
ဝါရှင်တန်မြို့တော်က သမ္မတအိမ်တော် အိမ်ဖြူတော်မှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် Joe Biden နဲ့ သမ္မတကတော် ဂျေးလ်ဘိုင်ဒန် (Jill Biden) တို့ တရုတ်နှစ်သစ်ကူးပွဲ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ထားတဲ့ အစိုးရကို ဖယ်ရှားပြီး စစ်တပ် အာဏာသိမ်းခဲ့တာ ၂ နှစ် ကြာလာချိန်မှာ တိုင်းပြည်တွင်း အကျပ်အတည်းတွေဟာ စဉ်းစားကြည့်လို့ မရနိုင်လောက်အောင် ဆိုးဝါးဆုတ်ယုတ်လာခဲ့တယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Volker Türk က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ Tennessee ပြည်နယ် Memphis မြို့မှာ အသက် ၂၉ နှစ်အရွယ် အာဖရိကန်နွယ်ဖွား ယာဉ်မောင်းတယောက်ကို ရဲ ၅ ယောက်က ရက်ရက်စက်စက် ရိုက်နှက်ခဲ့တဲ့ ရုပ်သံ ဗွီဒီယိုဖိုင်ကို Memphis ရဲဌာနက ဒီကနေ့ ထုတ်ပြန်ဖို့ ရှိနေချိန်မှာပဲ တည်တည်ငြိမ်ငြိမ် တုံ့ပြန်ကြဖို့ သမ္မတဂျိုးဘိုင်ဒန်က တိုက်တွန်းထားပါတယ်။
ဂျပန်နိုင်ငံမြောက်ပိုင်းမှာ ဆီးနှင်းတွေအကြီးအကျယ် ဆက်ကျနပြီး ပင်လယ်ပြင်မှာလည်း လှိုင်းကြီး၊ လေထန်နေပါတယ်။ နှင်းတွေကျပြီး အပူချိန်ဟာ စံချိန်တင်လောက်အောင် ကျဆင်းနေတာကြောင့် ဂျပန်နိုင်ငံတဝန်းမှာ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ ထိခိုက်နေပြီး ခရီးစဉ် အတော်များများ ဖျက်ထားရပါတယ်။
ဂျပန်နဲ့ တောင်ကိုရီးယားအကြားက ပင်လယ်ပြင်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ကဖြစ်သွားတဲ့ သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၈ ဦး သေဆုံးသွားတယ်လို့ တရုတ်အရာရှိတွေက ပြောပါတယ်။
Facebook နဲ့ Instagram လူမှုကွန်ယက်တွေပေါ်မှာ ၂ နှစ်ကြာပိတ်ထားတဲ့ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပ် (Donald Trump) ရဲ့ အကောင့်ကို ပြန်ဖွင့်ပေးမယ်လို့ Facebook ရဲ့ မိခင် Meta ကုမ္မဏီက ကြေညာခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်