ထိုင်းအစိုးရအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတာတွေကို ရပ်တန့်ပြီး ဒုက္ခသည်တွေကို အကူအညီပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) က တိုက်တွန်းလိုက်ပါတယ်။
ဇန်နဝါရီ ၂၄ရက်နေ့က ကွန်ဂိုနိုင်ငံပိုင် ဂျက်လေယာဉ်တစ်စီးကို လေကြောင်းပိုင်နက်ကျော်ဖြတ်တယ်ဆိုပြီး ရဝမ်ဒါတပ်တွေက ပစ်ချဖို့ကြိုးစားခဲ့တာပါ။ ဗွီဒီယိုထဲမှာတော့ လေယာဉ်က ဒုံးကျည်ကိုကပ်လွတ်သွားပြီး ဆက်လက်ပျံသန်းနေတာတွေ့ရပါတယ်။ ကွန်ဂိုအစိုးရကတော့ ရဝမ်ဒါလေပိုင်နက်ထဲမှာ ပျံသန်းခဲ့တယ်ဆိုတာကို ငြင်းဆိုထားပါတယ်။
အမေရိကန်ဒုသမ္မတဟောင်း Mike Pence ရဲ့ Indiana ပြည်နယ် နေအိမ်မှာ လျှို့ဝှက်မှတ်တမ်းအဖြစ် သတ်မှတ်ထားတဲ့ စာရွက်စာတမ်းတချို့ ပြီးခဲ့တဲ့ သီတင်းပတ်က တွေ့ရှိခဲ့ကြောင်း သူ့ရဲ့ရှေ့နေက ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပြောပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်း ၁၄ ဖွဲ့ အပါအဝင် နိုင်ငံခြားအစိုးရတချို့ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့က မြန်မာ စစ်အာဏာရှင်စနစ်ကို ကူညီ ပုံဖော်ပေးနေကြတယ်လို့ Justice for Myanmar အဖွဲ့က ဒီနေ့ ပြောလိုက်ပါတယ်။
နယူးဇီလန်နိုင်ငံရဲ့ ၄၁ ယောက်မြောက် ဝန်ကြီးချုပ်အသစ်အဖြစ်နဲ့ ခရစ္စဟစ်ပ်ကင်စ် (Chris Hipkins) ဟာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါပြီ။
မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချတဲ့ တရုတ်နဲ့ အိန္ဒိယကုမ္ပဏီ ၂ ခုမှာ နော်ဝေးနိုင်ငံတော် ရံပုံငွေ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက ရင်းနှီးမြုပ်နှံမှုတွေလုပ်တော့မှာ မဟုတ်ဘူးလို့ နော်ဝေးဗဟိုဘဏ်က ပြောပါတယ်။
ဒီကနေ့ မနက်မှာပဲ ဂျာမန်ဝန်ကြီးချုပ်ရှော့ဖ်က Leopard 2 A6 တင့်ကား ၁၄ စီး ယူကရိန်းကို ပို့မယ့်အကြောင်း အစိုးရ အဖွဲ့အစည်းအဝေးမှာ ပြောခဲ့တာကို ဂျာမန်အစိုးရက အတည်ပြုလိုက်ပါတယ်။ တခြားတိုင်းပြည်တွေက အဲဒီလို တင့်ကားတွေပို့ခွင့်ျတာင်းဆိုချက်ကိုလည်း သဘောတူလိုက်ပါတယ်။
ဂျာမန်လုပ် Leopard တင့်ကားတွေ ယူကရိန်းကို လွှဲပြောင်း ပေးပို့နိုင်ရေး ခွင့်ပြုဖို့ ပိုလန်နိုင်ငံရဲ့ တရားဝင် တောင်းဆိုချက်ကို ဂျာမနီနိုင်ငံက ဒီကနေ့ အင်္ဂါနေ့မှာ လက်ခံရရှိပြီဖြစ်ပါတယ်။
ယူကရိန်းအစိုးရအဖွဲ့အတွင်း ရာထူးနဲ့ လူအပြောင်းအလဲတွေ လုပ်ဆောင်မယ်လို့ သမ္မတဗလော်ဒီမီယာဇလန်းစကီးက ဒီကနေ့ ပြောဆိုအပြီး မကြာခင်မှာဘဲ အဆင့်မြင့် ယူကရိန်းအရာရှိတချို့ ရာထူးက နှုတ်ထွက်သွားကြပါတယ်။
မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးသံတမန်အဖြစ် မစ္စဂျူလီတမ်နာ (Julie Turner) ကို အမေရိကန်က ခန့်ထားလိုက်တာကို လူ့အခွင့်အရေး အဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။ ဒီရာထူးနေရာ လစ်လပ်နေခဲ့တာ ၆ နှစ် ရှိခဲ့ပါပြီ။ ခုလိုခန့်ထားတာကို တနင်္လာနေ့ ညနေပိုင်းက အိမ်ဖြူတော်က ကြေညာခဲ့တာပါ။
ထိုင်းနိုင်ငံမှာ အိမ်နီးချင်းနဲ့ တခြားနိုင်ငံတွေကို ပို့ဖို့ စီစဉ်ထားတဲ့ Methamphetamine မူးယစ်ဆေးဝါး တတန်ကျော်ကို ဇန်နဝါရီလ အစောပိုင်းတုန်းက နေရာ ၃ ခုကနေ သီးခြားဖမ်းဆီးရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တရုတ်နှစ်သစ်ကူးပွဲတော်ဟာ ကမ္ဘာတလွှားနေရာဒေသစုံမှာ ဆင်နွှဲကြတဲ့ပွဲတော်ဖြစ်ပြီး ပြည်တွင်းရော ပြည်ပမှာပါနေထိုင်တဲ့ တရုတ်လူမျိုးတွေ မိသားစုရှိရာပြန်ပြီး သိုက်သိုက်ဝန်းဝန်း ပြန်ဆုံတွေ့ကြတဲ့ ကာလဖြစ်ပါတယ်။ ကိုဗစ်တင်းကြပ်မှုတွေ ဖြေလျော့ပေးပြီး တရုတ်ပြည်အနှံ့ ကျင်းပတဲ့ပွဲတော်တွေမှာ လူတွေစည်စည်ကားကား တွေ့ရပါတယ်။
ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း လုံခြုံရေးဆိုင်ရာ ဆိုးရွားဆုံးအခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လာမယ့် ၅ နှစ်အတွင်း စစ်ရေးတည်ဆောက်မှုတွေ လုပ်ဆောင်ဖို့ အသစ် ချမှတ်ခဲ့တဲ့ လုံံခြုံရေးဆိုင်ရာ မဟာဗျူဟာနဲ့အညီလုပ်ဆောင်ဖို့ ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဂျာမနီနိုင်ငံလုပ် တင့်ကားတွေကို ယူကရိန်းနိုင်ငံကို ပေးပို့နိုင်ဖို့အတွက် နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့တစ်ဖွဲ့ကို ပိုလန်နိုင်ငံက ဖွဲ့စည်းနေတယ်လို့ ပိုလန် ဝန်ကြီးချုပ်က တနင်္လာနေ့က ပြောပါတယ်။
အက်စတိုးနီးယားနိုင်ငံဟာ ရုရှားမုန်းတီးရေး ရောဂါရနေတယ်လို့ စွပ်စွဲလိုက်ပြီး၊ အက်စတိုးနီးယားသံအမတ်ကြီးကို ထွက်သွားဖို့ ရုရှားအစိုးရက တနင်္လာနေ့မှာ အမိန့်ထုတ်လိုက်ပါတယ်။ ယူကရိန်းကို ဝင်ရောက်ကျူးကျော်ပြီးကတည်းက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံက သံအမတ်ကြီးတစ်ယောက်ကို ရုရှားက နှင်ထုတ်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ကာဖိုးနီးယားပြည်နယ် Monterey Park မှာ ဇန်နဝါရီ ၂၁ ရက်၊ စနေနေ့ညပိုင်းက ပစ်ခတ်မှုကျူးလွန်တယ်လို့ သံသယရှိ သေနတ်သမားသေဆုံးသွားပြီလို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Los Angeles မြို့အနီး တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပနေတဲ့ ကပွဲတခုမှာ စနေနေ့ ညနှောင်းပိုင်းက လူ ၁၀ ယောက် သေဆုံးခဲ့တဲ့ ပစ်ခတ်မှု ကျုးလွန်သူကို အာဏာပိုင်တွေ ဆက်လက် ရှာဖွေနေပါတယ်။
မက်ထရစ်တန်ချိန် ၁ ထောင်လောက်ရှိတဲ့ Lithium ဓာတ်သတ္တုပါ ကျောက်တုံးတွေကို တရားမဝင်ခိုးထုတ်ဖို့ ကြိုးပမ်းမှု စွပ်စွဲချက်နဲ့ တရုတ်နိုင်ငံသား ၂ ဦးအပါအဝင် လူ ၅ ဦးကို အာဖဂန်နစ္စတန ်တာလီဘန်တို့က ဖမ်းဆီးလိုက်ပါတယ်။ နိုင်ငံအရှေ့ပိုင်း Jalalabad နယ်စပ်မြို့မှာ ဖမ်းဆီးလိုက်တာပါ။
အကြမ်းဖက် ပဋိပက္ခတွေ ပေါ်ပေါက်နေတဲ့ မြန်မာနဲ့ ကမ္ဘာတလွှား ငြိမ်းချမ်းရေးအတွက် တနင်္ဂနွေနေ့က ကျရောက်တဲ့ တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် ဟောကြားရာမှာ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။
ယူကရိန်းအတွက် Leopard 2 အမျိုးအစား တင့်ကားတွေ ပေးပို့ရေး အတည်ပြုပေးဖို့ ဖိအားပေးမှုတွေ များပြားနေချိန်မှာပဲ ဂျာမန်ဝန်ကြီးချုပ် Olaf Scholz ဟာ ပြင်သစ် သမ္မတ နဲ့ တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံမှာ ထိပ်သီးဆွေးနွေးကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်