ကိုဗစ်ကင်းစင်ရေး မူဝါဒကို အစိုးရက ရုပ်သိမ်းလိုက်ပြီးတဲ့နောက် မိသားစု ဆုံစည်း၊ ဘုရားကျောင်းကန်တွေကို လူတွေ အုံလိုက်ကျင်းလိုက်သွားလာကြပြီး တရုတ်ပြည်အနှံ့မှာ နှစ်သစ်ကူးပွဲကို ဆင်နွှဲနေကြပါတယ်။
အမေရိကန်နိုင်ငံ California ပြည်နယ် Monterey Park မှာ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပနေတုန်း ပစ်ခတ်ခဲ့တဲ့အတွက် လူ ၁၀ ယောက် သေဆုံးသွားတယ်လို့ Los Angeles ခရိုင်ရဲဌာနက ပြောပါတယ်။
ဒီနှစ် ဇန်နဝါရီလ ၈ ရက်နေ့က လကျ်ာစွန်း ဆန္ဒပြသူတွေ အုံကြွတာကို တချို့တပ်တွေက ခွင့်ပြုခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောပြီးတဲ့နောက် ဘရာဇီးလ် သမ္မတက ဘရာဇီးလ် ကာကွယ်ရေးဦးစီးချုပ်ကို စနေနေ့က ရာထူး ဖယ်ရှားလိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အိမ်ကို ဖက်ဒရယ်စုံစမ်းထောက်လှမ်းရေးဗျူရို FBI က ဝင်ရောက်ရှာဖွေရာမှာ လျှို့ဝှက်အဆင့် သတ်မှတ် စာရွက်စာတမ်းတွေကို ထပ်မံတွေ့ရှိရပါတယ်။
စစ်ကောင်စီတပ်က စစ်အင်အားထပ်မံ ဖြည့်တင်းနေပြီး တိုက်ကုန်း၊ ဗောဓိကုန်း ရွာ၂ရွာကို မီးရှို့နေကြောင်း ဒေသခံတွေက ပြောပါတယ်။
ယူကရိန်းကို Leopard တင့်ကားတွေ ပေးဖို့ ဂျာမဏီက မဆုံးဖြတ်နိုင်ပဲ ဖြစ်နေတာ အတွက် ဥရောပဒေသက တာဝန်ရှိသူတွေက ဝိုင်းဝန်းဝေဖန်နေကြပါတယ်။
ထိုင်းနဲ့မြန်မာ နယ်စပ်ဒေသတကြောမှာ မူးယစ်ဆေးဝါး တိုက်ဖျက်မှုကို ၂ နိုင်ငံ စစ်တပ်တွေ လက်တွဲဆောင်ရွက်ကြဖို့ ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီက ထိုင်း- မြန်မာ ၂ နိုင်ငံ အဆင့်မြင့် အရာရှိများကော်မတီ ၈ ကြိမ်မြောက် အစည်းအဝေးမှာ သဘောတူညီမှု ရခဲ့တယ်လို့ ဘန်ကောက် Post သတင်းမှာ ဖေါ်ပြပါတယ်။
အားလုံး အတူတကွ ငြိမ်းချမ်းရေးလမ်းကို လျှောက်လှမ်းဖို့ လိုအပ်နေပြီလို့ ဘာသာရေးခေါင်းဆောင်တွေ ကိုယ်စား ရန်ကုန်က ခရစ်ယန် ရဟန်းအမတ် Cardinal Charles Bo ၊ မန္တလေးက ဂိုဏ်းချုပ်ဆရာတော် မာကိုတင်ဝင်း နဲ့ တောင်ကြီးက ဂိုဏ်းချုပ်ဆရာတော် Basilio Athai တို့ က ပူးတွဲပန်ကြားလွှာတစောင် စနေနေ့က ထုတ်ပြန်လိုက်ပါတယ်။
အိန္ဒိယနဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံနဲ့ နီပေါနိုင်ငံ နယ်နိမိတ်တွေက လုံခြုံရေးဆိုင်ရာ အခက်အခဲတွေ အပါအဝင် အိန္ဒိယရဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို အိန္ဒိယ ပြည်ထဲရေးဝန်ကြီး Amit Shah က နယူးဒေလီမြို့တော်မှာ ပြုလုပ်တဲ့ ဆွေနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။
တရုတ်နှစ်သစ်ကူးမိန့်ခွန်းမှာ သမ္မတ Xi Jinping က အမေရိကန်ကို သွယ်ဝိုက်ပြီး သတိပေးလိုက်ပါတယ်။ တရုတ်အနေနဲ့ ထိုင်ဝမ် ခွဲထွက်ရေးနဲ့ ဝင်စွက်ဖက်မူတွေကို အလေးအနက် ခုခံတုံ့ပြန်သွားမယ်လို့ သမ္မတ Xi က နှစ်သစ်ကူးမိန့်ခွန်းစကားထဲမှာ ပြောကြားသွားတာပါ။
စစ်ကောင်စီတပ်တွေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေရှိနေတဲ့ ဒေသတွေအပေါ် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပိုစိပ်စိပ် လုပ်လာတာကြောင့် အရပ်သားထိခိုက် သေဆုံးမှုတွေ ပိုများလာနေပါတယ်။
လူမှုကွန်ယက်ပေါ်တင်ဖို့ ဗြိတိန်ဝန်ကြီးချုပ် မော်တော်ကားထဲ ရိုက်ကူးခံခဲ့တဲ့ Video အတိုလေးမှာ ကားထိုင်ခုံခါးပါတ် မပါတ်ထားတဲ့အတွက် ဝန်ကြီးချုပ် Rishi Sunak ကို ရဲက ဒဏ်ငွေရိုက်လိုက်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း Narathiwat ပြည်နယ်ထဲမှာ ခွဲထွက်ရေးသမားတွေနဲ့ ထိုင်းအစိုးရတပ်တွေကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း ၃ ယောက် သေဆုံးတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ဒီနေ့ ပြောကြားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သောကြာနေ့က ကိုယ်ဝန်ဖျက်ချခွင့်ကို ဆန့်ကျင်တဲ့ အင်အားစုတွေက “အသက်ရှင်သန်ခွင့် အတွက် နှစ်ပတ်လည်ချီတက်ပွဲ” အဖြစ် ဝါရှင်တန်မြို့တော်မှာရှိတဲ့ အမျိုးသားရင်ပြင်မှာ အနယ်နယ် အရပ်ရပ်က လာရောက်စုရုံးခဲ့ကြပါတယ်။
အိန္ဒိယကနေ သီရိလင်္ကာအတွက် ချေးငွေ အာမခံချက် ထပ်မံတိုးမြှင့်ပေးလိုက်တဲ့အတွက် သီရိလင်္ကာနိုင်ငံရဲ့ အကြပ်အတည်းကို ဖြေရှင်းဖို့အတွက် လိုအပ်နေတဲ့ ချေးငွေ အမေရိကန်ဒေါ်လာ ၂ ဒဿမ ၉ ဘီလီယံ ကို IMF နိုင်ငံတကာငွေကြေး ရံပုံငွေအဖွဲ့ ကနေ ချေးယူနိုင်ဖို့ ပိုမိုနီးစပ်သွားပါတယ်။
ဂျာမနီ အနေနဲ့ Leopard အမျိုးအစား တိုက်ခိုက်ရေး တင့်ကားတွေကို ဒီအချိန်မှာ ပေးမှာ မဟုတ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး LIoyd Austin နဲ့ ကြည်းတပ် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark A Milley တို့က သောကြာနေ့က ပြောပါတယ်။
အာဆီယံအဖွဲ့ကြီး အနေနဲ့ အကြောင်းကိစ္စတခုတည်းကိုသာ မူတည်ပြီး အဓိကထား ဆွေးနွေးတဲ့အဖွဲ့အစည်း မဟုတ်တဲ့အတွက် မြန်မာနိုင်ငံရေးကိစ္စကိုပဲ ဇောင်းပေးလုပ်ဆောင်မှာ မဟုတ်ဘူးလို့ အလှည့်ကျ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံ က ပြောပါတယ်။
ဥရောပ သမဂ္ဂ EU အနေနဲ့ အီရန်နိုင်ငံက အစ္စလမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ IRGC ကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ထပ်မံပြီးချမှတ်ဖို့ မျှော်လင့်နေတဲ့အကြောင်း ဥရောပ ကောင်စီ EC အရာရှိတွေက သောကြာနေ့က ပြောပါတယ်။
ဂူဂဲလ် (Google) နည်းပညာ ကုမ္ပဏီကြီးရဲ့ မိခင်ကုမ္ပဏီ အယ်ဖာဘတ် (Alphabet) က နိုင်ငံတဝန်းမှာရှိတဲ့ လုပ်သားအင်အား ၁၂,၀၀၀ လျှော့ချသွားမယ်လို့ ဒီကနေ့ ကြေညာပါတယ်။ ဒါဟာ ကုမ္ပဏီဝန်ထမ်းဦးရေရဲ့ ၆ % ကို လျှော့ချသွားမှာပါ။
အမေရိကန်အစိုးရ လည်ပတ်နိုင်ဖို့ ကန့်သတ်ထားတဲ့ ချေးငွေပမာဏ ဒေါ်လာ ၃၁.၄ ထရီလီယံ ကြာသပတေးနေ့က ပြည့်သွားတဲ့အတွက် နောက်ထပ် ချေးငွေပမာဏ ထပ်တိုးပေးဖို့ အိမ်ဖြူတော်နဲ့ ရီပတ်ဗလစ်ကန်အမတ်တွေကြား အခြေအတင်ဖြစ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်