တရုတ်နိုင်ငံမှာ နှစ်သစ်ကူးပွဲတော် ဒီသီတင်းပတ်ကုန် စတင်တော့မှာမို့ နိုင်ငံတဝန်း နှစ်သစ်ကူးပွဲတော် ပြင်ဆင်မှုတွေနဲ့ ပွဲတော် အရိပ်အငွေ့တွေ နေရာတိုင်းမှာ တွေ့နေရပါပြီ။ ယုန်နှစ်ကို ကြိုတဲ့နှစ်မို့ မီးရောင်စုံ အလှဆင်ထားတဲ့ လေထိုးယုန်ရုပ်ကြီးတွေကတော့ မြို့ကြီး နေရာအတော်များများမှာ တွေ့နိုင်ပါတယ်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့နယ် မိုးတားလေးကျေးရွာအနီးမှာ ဒီကနေ့လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး လေကြောင်း တိုက်ခိုက်တာတွေလည်း နေကြောင်း ဒေသခံတွေက ပြောပါတယ်။ PDF တပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကတော့ တိုက်ပွဲပြီးချိန် PDF တွေ တပ်ဆုတ်ချိန် လေကြောင်းက တိုက်ခိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
မြန်မာအပါအဝင် ကမ္ဘာတဝန်း နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ အမေရိကန်ပြည်ထောာင်စုမှာ အခြေချ နေထိုင်ခွင့်ရအောင် သာမန်အမေရိကန် နိုင်ငံသားတွေ ကိုယ်တိုင်က စပွန်ဆာလုပ် တာဝန်ယူခေါ်နိုင်တဲ့ အစီအစဉ်သစ်ကို အမေရိကန်နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၉ ရက်နေ့က ကြေညာပါတယ်။
မြန်မာစစ်တပ်ကို ရုရှားနိုင်ငံက ထောက်ခံအားပေးတာတွေ တိုးလုပ်လာရင် အမေရိကန်အနေနဲ့ မြန်မာပြည်သူတွေအပေါ် ကူညီနေတဲ့ ကြိုးပမ်းမှုကို နှစ်ဆတိုးအားပေးသွားလို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Derek Chollet က VOA နဲ့ သီးသန့် တွေ့ဆုံမေးမြန်းစဉ်မှာ ပြောဆိုလိုက်တာပါ။
မြန်မာစစ်ကောင်စီရဲ့ မကြာသေးခင်က နယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုအတွက် စိုးရိမ်ကြောင်း အိန္ဒိယနိုင်ငံက ပြောလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ပြိုင်ဖက် ရိုဟင်ဂျာ လက်နက်ကိုင်အုပ်စု ၂ ခု တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံးတဦးသေဆုံးကာ၊ တချို့ဒဏ်ရာရခဲ့ပြီး၊ ရာနဲ့ချီတဲ့ ဒုက္ခသည်နေအိမ်တွေမီးလောင်ပျက်စီးခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ တွေနဲ့ ကိုယ်တိုင်တွေ့ခဲ့သူတွေက ပြောဆိုပါတယ်။
နီပေါနိုင်ငံမှာ တနင်္ဂနွေနေ့က လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးခဲ့တဲ့သူတွေထဲမှာ အမေရိကန်နိုင်ငံသား နှစ်ဦးနဲ့ အမြဲတမ်း နေထိုင်ခွင့် (Greencard) ရထားသူ နှစ်ယောက်ပါတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ဇန်နဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့က ပြောကြားပါတယ်။
တောင်ကိုရီးယားမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေအနေနဲ့ စစ်လက်နက်ပစ္စည်းတွေ ယူကရိန်းကို ပို့ပေးဖို့ အမေရိကန်ကာကွယ်ရေးဌာနက ညွှန်ကြားလိုက်ပါတယ်။ အခုလို ပို့ပေးခြင်းအားဖြင့် တောင်ကိုရီးယားမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေရဲ့ လုပ်ငန်းတွေအပေါ် ထိခိုက်မှု လုံးဝရှိစေမှာမဟုတ်ဘူးလို့လည်း ပြောကြားပါတယ်။
နယူးဇီလန်ဝန်ကြီးချုပ် ဂျက်စင်ဒါ အာဒန် (Jacinda Ardern) က ရာထူးကနေ အနားယူတော့မှာဖြစ်ပြီး အထွေထွေရွေးကောက်ပွဲ ဝငင်တော့မှာ မဟုတ်ဘူးလို့ ဒီကနေ့ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ရုတ်တရက် ကြေညာလိုက်ပါတယ်။
အင်္ဂလန်မှာ သူနာပြုတွေက သူတို့ရဲ့ လုပ်ခလစာနဲ့ ပတ်သက်လို့ ဗုဒ္ဓဟူးနေ့ကစပြီး ၂ ရက်ကြာ သပိတ်ကို စတင်ဆင်နွှဲလိုက်ပါတယ်။ ငွေဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းတွေတက်ပြီး စားဝတ်နေရေးစားရိတ်တွေ ကြီးမားလာတာကြောင့် တခြားအစိုးရဝန်ထမ်းတွေကလည်း သပိတ်ဆင်နွှဲခဲ့ကြတာကို သူနာပြုတွေက လိုက်လံပူးပေါင်းလိုက်တာပဲ ဖြစ်ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက်ရယ်လန် (Janet Yellen) ဟာ တရုတ်ဘဏ္ဍာရေးဝန်ကြီး လျူဟော် (Liu He) နဲ့ ဆွစ်ဇာလန်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံပါတယ်။
ယူကရိန်းမြို့တော်ကိဗ် (Kyiv) အပြင်မှာ ဒီကနေ့ ရဟတ်ယာဉ်ပျက်ကျခဲ့တာကြောင့် လူ ၁၈ ဦး သေဆုံးသွားခဲ့တာမှာ ယူကရိန်းပြည်ထဲရေးဝန်ကြီး Denys Monastyrsky အပါအဝင် ဝန်ကြီးဌာနက အရာရှိတော်တော်များများလည်း သေဆုံးသူတွေထဲ ပါသွားတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ Samut Songkhram (စမွတ်ဆွန်ခရမ်) ခရိုင်မှာ ဇန်နဝါရီ ၁၇ ရက် မနက်ပိုင်း ရေနံတင်သင်္ဘောတစီးမီးလောင်တာကြောင့် အနည်းဆုံးလူ ၁ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင်ပဋိပက္ခနဲ့ မတည်ငြိမ်မှုတွေကြောင့် ဗြိတိန်နိုင်ငံသားတွေ ခရီးသွားမယ်ဆိုရင် အထူးသတိထားဖို့ အရင်က ထုတ်ပြန်ပြီးသား သတိပေးချက်ကို ယူကေနိုင်ငံခြားရေး၊ ဓနသဟာရနဲ့ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက မနေ့က နောက်ဆုံးအခြေအနေ ထပ်မံကြေညာပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုင်ဂူ (Sergei Shoigu) ဟာ ယူကရိန်းက ရုရှားတပ်တွေရဲ့ ဌာနချုပ်တခုကို ရောက်နေပြီး၊ ရုရှား ထိုးစစ်အခြေအနေ တင်ပြချက်ကို နားထောင်ဆွေးနွေးခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဗီယက်နမ်သမ္မတငွင်ရွှမ်ဖုခ် (Nguyen Xuan Phuc) ဟာ အင်္ဂါနေ့မှာ အနားယူလိုက်တယ်လို့ နိုင်ငံတော်ပိုင် မီဒီယာတွေက ဆိုပါတယ်။ သူ့ကို ရာထူးကဖြုတ်တော့မယ်လို့ ကောလဟလ သတင်းတွေ ထွက်ခဲ့တာ ရက်အတော်ကြာခဲ့ပါပြီ။
တရုတ်နိုင်ငံရဲ့ လူဦးရေတိုးပွားမှု မနှစ်က ကျဆင်းသွားကြောင်း တရုတ်အစိုးရက ပြောကြားလိုက်တာကြောင့် ဒါဟာ ကမ္ဘာ့ဒုတိယ စီးပွားအင်အားအကြီးဆုံးနိုင်ငံမှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် အခုလို လူဦးရေတိုးပွားမှုကျဆင်းခြင်း ဖြစ်ပါတယ်။
တာလီဘန်တွေရဲ့ တင်းကျပ်တဲ့ ဘာသာရေးစည်းကမ်းနဲ့အညီ အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့မှာ အဝတ်အထည်ဆိုင်ပိုင်ရှင်တွေက ဆိုင်မှာပြသထားတဲ့ အရုပ်မတွေရဲ့ မျက်နှာကို ခဲပတ်ပြားတွေနဲ့ ကာတာ၊ ဆံပင်တုတပ်ပေးတာ၊ ခေါင်းကို ပုဝါခြုံတာတွေလုပ်နေကြရတာဖြစ်ပါတယ်။
စပိန်နိုင်ငံမှာ တိရိစ္ဆာန်တွေကို စောင့်ရှောက်တဲ့ ဘုန်းတော်ကြီး စိန့်အန်သိုနီနေ့မရောက်ခင် နှစ်စဉ်ဇန်နဝါရီ ၁၆ ရက်နေ့မှာ မီးကွင်းဖြတ် မြင်းစီးပွဲတော်ကျင်းပကြပါတယ်။ ၁၈ ရာစုကတည်းက ကျင်းပလာခဲ့တဲ့ ရိုးရာပွဲတော်ဖြစ်ပြီး ဒေသခံတွေ အလေးထားပြီး အရွယ်စုံ ပါဝင်ကြတာပါ။
ကမ္ဘာ့ အလုပ်လက်မဲ့လူဦးရေ က ဒီနှစ် ၃ သန်း ထပ်တိုးလာမှာဖြစ်တာကြောင့် စုစုပေါင်း ၂၀၈ သန်း ရှိပြီး ၂၀၂၄ မှာလည်း အလားတူ ဖြစ်လိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ကြီး ILO က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်