ဒီသင်တန်းကနေ လာမယ့် သီတင်းပတ် ၅ ပတ်ကနေ ၈ ပတ်အတွင်း ရုရှားကို ခုခံတော်လှန်နိုင်မယ့် တိုက်ခိုက်ရေးစစ်သား ၅၀၀ လောက် မွေးထုတ်ပေးနိုင်မယ်လို့ အမေရိကန်ပူးတွဲစစ်ဦးစီးချုပ်များရဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး Mark Miley က ပြောပါတယ်။
တရုတ်နိုင်ငံက စစ်ရေးအင်အား ကြီးထွားလာနေတာကြောင့် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြီး ဂျပန်နဲ့ အိန္ဒိယနိုင်ငံတို့ဟာ ဒီကနေ့ တိုကျိုမြို့အနီးမှာ တိုက်လေယာဉ်တွေနဲ့ ပူးတွဲ စစ်ရေးလေ့ကျင်ခဲ့ကြပါတယ်။
စပိန်နိုင်ငံ မက်ဒရစ်မြို့က နာမည်ကြီးဈေးဝယ်စင်တာတခုအနီးမှာ တိရစ္ဆာန်အခွင့်အရေးတက်ကြွလှုပ်ရှားသူအဖွဲ့ Animal Naturalis ဟာ ဖက်ရှင်လုပ်ငန်းတွေမှာ သားမွေးနဲ့ သားရေအသုံးပြုမှုကို ရပ်တန့်ပေးဖို့ ဇန်နဝါရီ ၁၅ရက်နေ့က တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း ဒီနီပရိုမြို့က ရုရှားမစ်ဇိုင်းဒုံး ထိမှန်ပျက်စီးသွားတဲ့ လူနေတိုက်ခန်းတွဲ အဆောက်အဦထဲ အသက်မသေကျန်သူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ယူကရိန်း သမ္မတဗလာဒီမီယာဇလန်းစကီးက တနင်္ဂနွေနေ့က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်း စိတ်ဝမ်းကွဲပြားနေတာတွေ ၊ အစွန်းရောက်မှုနဲ့ မတရားမှုတွေကို ပြုပြင်နိုင်ရေး Martin Luther King Jr ရဲ့ဘဝကို ကြည့်ပြီးအတုယူကြဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြည်သူတွေကို ပြောကြားလိုက်ပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်း Dnipro မြို့က ရုရှားမစ်ဇိုင်းဒုံး ထိမှန်ပျက်စီးသွားတဲ့ လူနေတိုက်ခန်းတွဲ အဆောက်အဦထဲက အသက်မသေ ကျန်သူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ယူကရိန်းသမ္မတက ပြောလိုက်ပါတယ်။
နီပေါနိုင်ငံ Pokhara မြို့မှာ တနင်္ဂနွေနေ့က ခရီးသည်တင် လေယာဉ်တစင်းပျက်ကျခဲ့ရာ လူ ၆၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြို့ပြလေကြောင်းပျံသန်းရေး အာဏာပိုင်တွေက ပြောပါတယ်။
၂၀၂၁ ဖေဖော်ဝါရီလ အာဏာမသိမ်းမီ တစ်လအလိုမှာပဲ ကြားဖြတ်ဖမ်းယူရေးကိရိယာတွေ တင်သွင်းရောင်းချဖို့အတွက် မြန်မာနိုင်ငံတော်ပိုင် ဆက်သွယ်ရေးကုမ္ပဏီ MPT ရဲ့ တင်ဒါကို အစ္စရေး Cognyte Software Ltd က ရရှိခဲ့တယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။
နီပေါလ်နိုင်ငံအလယ်ပိုင်း၊ Pokhara မြို့မှာ ပြည်တွင်း ခရီးသည်တင်လေယာဉ်တစီး ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပျက်ကျသွားတဲ့အတွက် အနည်းဆုံး ၆၅ ယောက် သေဆုံးသွားတယ်လို့ မြို့ပြ လေကြောင်းအုပ်ချုပ်ရေးဌာနက ပြောပါတယ်။
မြန်မာစစ်တပ်က ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို တိုက်ခိုက်ရာမှာ အိန္ဒိယနိုင်ငံဘက်ကို ဗုံးနဲ့ ကျည်ကျရောက်ခဲ့တဲ့ အထောက်အထား မတွေ့ရဘူးလို့ မီဇိုရမ်အစိုးရက မနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့က ပြောလိုက်ကြောင်း The New Indian Express သတင်းမှာ ဖော်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါး ပိတ်ထားခဲ့တဲ့ အရေးပါတဲ့ တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်တချို့ကို ပြန်ဖွင့်လိုက်ပြီလို့ နယ်စပ်မှာရှိတဲ့ တာဝန်ရှိသူတွေက ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ ပြောဆိုတာကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ဖော်ပြပါတယ်။
ဘရာဇီးနိုင်ငံ ၊ Brasília မြို့တော် မှာ ဇန်နဝါရီလ ၈ ရက်နေ့က လွှတ်တော် အဓိကရုန်းဖြစ်စဉ်ကို စုံစမ်းစစ်ဆေးတဲ့အခါ သမ္မတဟောင်း JairBolsonaro ကိုလည်း ဆူပူအောင် လှုံဆော်ပေးသူတဦးအဖြစ် ထဲ့သွင်းထားဖို့ တရားရုံးချုပ်ကို အစိုးရ ရှေ့နေချုပ်ရုံး က တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် မှာ ကျင်းပတဲ့ One Championship လက်ဝှေ့ပွဲမှာ ပြိုင်ဘက် ဘရာဇီးလက်ဝှေ့သမား Gilberto Galvao ကို ပထမအချီမှာ အလဲထိုးအနိုင်ရရှိခဲ့တဲ့ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာ့စပါးအုန်း အောင်လအန်ဆန်း ဟာ လက်ဝှေ့စင်မြင့်ပေါ်ကနေ မြန်မာ့ငြိမ်းချမ်းရေးအတွက် ဆုတောင်းခဲ့ပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အနေနဲ့ ဟိုအရင် ဒုတိယ သမ္မတ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မော်ကွန်းတိုက်ကို အပ်နှံရမဲ့ အစိုးရစာရွက်စာတမ်းတွေကို Delaware ပြည်နယ် Wilmington မြို့က သူ့နေအိမ်မှာ သူရဲ့ရှေ့နေတွေက ထပ်မံပြီး ရှာတွေ့ခဲ့တယ်လို့ အိမ်ဖြူတော် က ပြောပါတယ်။
အီရန်ကာကွယ်ရေး ဒုဝန်ကြီးဟောင်း အီရန်နွယ်ဖွား၊ ဗြိတိန်နိုင်ငံသား Ali Reza Akbari ကို အီရန်က ကွပ်မျက်လိုက်ပါတယ်။ ၂၀၁၉ ခုနှစ် ကတည်းက ဖမ်းဆီးခံခဲ့ရတဲ့ Ali Reza Akbari ကို ဗြိတိန်အစိုးရအတွက် သူလျှိုလုပ်မှုနဲ့ အီရန်အစိုးရက စွဲချက်တင်ခဲ့တာပါ။
တူနီးရှားနိုင်ငံမှာ ဒီမိုကရေစီရေး တောင်းဆိုခဲ့ကြတဲ့၂၀၁၁ ခုနှစ် အာဏာရှင်ဆန့်ကျင်ရေး နွေဦးလှုပ်ရှားမှု နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီကနေ့မှာ တူနီးရှားပြည်သူ ထောင်နဲ့ချီ မြို့တော် Tunis မှာ ချီတက်ဆန္ဒပြကြပါတယ်။
တရုတ်နိုင်ငံမှာ ၁ လကျော်အတွင်း COVID-19 ကပ်ရောဂါနဲ့ ဆက်စပ်သေဆုံးသူ ၆ သောင်းနီးပါးရှိတယ်လို့ တရုတ်အစိုးရတာဝန်ရှိသူတွေ ဒီကနေ့ ပြောကြားပါတယ်။
မိုကြီး၊ ရေလျှံ၊ မြေပြိုမှုတွေ ဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်းက California ပြည်နယ်ထဲမှာ အခု စနေ၊ တနင်္ဂနွေနဲ့ လာမယ့်သီတင်းပါတ်ထဲ နောက်ထပ်မုန်တိုင်းတွေ ဝင်ဖို့ရှိနေတာကြောင့် ပြည်နယ်ထဲမှာ နေသူတွေ အထူးသတိရှိနေကြဖို့ ပြည်နယ်နဲ့ ပြည်ထောင်စုအစိုးရ တာဝန်ရှိသူတွေ သတိပေးထားပါတယ်။
ကြာသပတေးနေ့က ကွယ်လွန်သွားခဲ့တဲ့ တေးရေး-တေးဆို Lisa Marie Presley ရဲ့ ရုပ်အလောင်းကို သူ့ဖခင်နေထိုင်ခဲ့တဲ့ Graceland စံအိမ်ဝန်းကြီးထဲမှာ မြှုပ်နှံမှာဖြစ်ပါတယ်။ Rock & Roll ဂီတဘုရင်လို့ တင်စားကြတဲ့ ဖခင် Elvis Presley ၁၉၇၇ ခုနှစ်က ကွယ်လွန်သွားပြီးနောက်မှာ Graceland စံအိမ်ကြီးကို Lisa Marie အမွေရခဲ့တာပါ
Rock & Roll ဂီတဘုရင်လို့တင်စားကြတဲ့ အဆိုတော်ကြီး အဲဗစ်စ် ပရက်စလေ (Elvis Presley) ရဲ့ တစ်ဦးတည်းသောသမီး တေးရေး တေးဆို လီဆာမာရီပရက်စလေ (Lisa Marie Presley) ဟာ ကြာသပတေးနေ့က ရုတ်တရက်နှလုံးဖောက်ပြီး အသက် ၅၄ နှစ်အရွယ်မှာ သေဆုံးသွားပါတယ်။
နောက်ထပ်ကြည့်ရှုရန်