ရုရှားနိုင်ငံအရှေ့ပိုင်း ယာကူတီယာဒေသဟာ အပြင်းအထန်အေးတဲ့ရာသီဥတုနဲ့ ဇန်နဝါရီလအစောပိုင်းမှာ ရင်ဆိုင်နေရပါတယ်။ ဘယ်လောက်တောင် အေးသလဲဆိုရင် ခေါက်ဆွဲပြုတ်တပွဲကိုတောင် အိမ်အပြင်မှာ ချက်ချင်းအေးခဲသွားစေလောက်တဲ့အထိအေးတာပါ။
ဘရားဇီးနဲ့ ဘိုလီဗီးယားနယ်စပ် ကမ်းခြေတွေကနေ ပေါက်ဖွားလာတဲ့ သိန်းနဲ့ချီတဲ့ တောင်အမေရိကရေလိပ်တွေကိုတွေ့ရတာဖြစ်ပါတယ်။ လက်တင်အမေရိကတိုက်က ရေချိုလိပ်အမျိုးအစားတွေရဲ့ နှစ်စဉ်လိပ်ဥဥခြင်းနဲ့ ဥပေါက်တဲ့ရာသီဟာ ဒီအမေဇုန် အနောက်မြစ်ဝှမ်းမှာဖြစ်ပြီး ကမ္ဘာပေါ် လိပ်အကောင်ရေအများဆုံးတစုထဲ တွေ့ရတဲ့အချိန်လည်းဖြစ်ပါတယ်။
Maxar Technologies ကုမ္ပဏီက ၂၀၂၃ခုနှစ် ဇန်နဝါရီ ၁၀ ရက်က ထုတ်ပြန်လိုက်တဲ့ ဂြိုဟ်တုကနေရိုက်ကူးထားတဲ့ ဓါတ်ပုံ ၂ ပုံမှာတော့ ယူကရိန်းနိုင်ငံ ဆိုလီဒါမြို့တောင်ပိုင်းက ကျောင်းနဲ့ အဆောက်အအုံတွေရဲ့ တိုက်ပွဲမဖြစ်ပွားခင်နဲ့ ဖြစ်ပွားအပြီးအခြေအနေ နှိုင်းယှဉ်တွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဂျပန်နှစ်နိုင်ငံကြား မဟာဗျုဟာဆက်ဆံရေး ပိုမိုခိုင်မာအောင် တည်ဆောက်နေချိန် အရှေ့တရုတ်ပင်လယ်နဲ့ ထိုင်ဝမ်တဝိုက် တရုတ်စစ်တပ်ရဲ့ ခြိမ်းခြောက်မှုတွေကို ဟန့်တားဖို့ ဆောင်ရွက်မယ့် အစီအစဉ်တွေကို ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေးစနစ် ချို့ယွင်းမှုကြောင့် မနေ့ ဇန်နဝါရီ ၁၁ ရက်နေ့က လေယာဉ်ခရီးစဉ် ထောင်နဲ့ချီ နှောင့်နှေးတာ၊ ဖျက်ပစ်လိုက်ရတာတွေ ရှိခဲ့ပြီးတဲ့နောက် ဒီကနေ့မှာတော့ ပုံမှန်လည်ပတ်နိုင်ဖို့ မျှော်လင့်တဲ့အကြောင်း အမေရိကန် လေကြောင်းလိုင်းတွေက ပြောပါတယ်။
တရုတ်ပြည် ရှန်ဟိုင်းက Jinling Purple Mountain ဟိုတယ်မှာ ဧည့်သည်တစ်ယောက် ဟိုတယ်နဲ့ အဆင်မပြေဖြစ်ပြီး သူ့ကားနဲ့ အဝင်တံခါးကို တိုက်ဖျက်၊ အထဲမှာလည်း ပစ္စည်းတွေကို ဝင်တိုက်ခဲ့ပါတယ်။ ဘာကိစ္စကြောင့် သူအခုလို စိတ်ဆိုးသွားတာပါလဲ။
ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံအနေနဲ့ သူပိုင်နယ်ထဲ ဗုံးကျတဲ့အထိ မြန်မာစစ်တပ်ရဲ့ နယ်ကျော် ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှုတ်ချပြစ်တင်ဖို့ CAM အဖွဲ့က တောင်းဆိုပါတယ်။
ရုရှား လူ့အခွင့်အရေး ကော်မရှင်အကြီးအကဲ တာယာနာ မော်စကာကိုဗာ (Tatyana Moskalkova) နဲ့ တူရကီနိုင်ငံမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ယူကရိန်း လူ့အခွင့်အရေးကော်မရှင် အကြီးအကဲ ဒီမီထရိုလူဘီနက်စ် (Dmytro Lubinets) က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ရဲ့ နေအိမ်ကနေ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သမီးနဲ့ သားပိုင်ဆိုင်တဲ့ ပစ္စည်းအထောက်အထားတွေ ထိုင်းတာဝန်ရှိသူတွေ ရှာတွေ့ရှိခဲတဲ့အကြောင်း ရိုက်တာသတင်းမှာ ရေးပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) နုတ်ထွက်ပေးဖို့နဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပပေးဖို့ ဆန္ဒပြပွဲကြီးဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ရဲ့ အလှည်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ အင်ဒိုနီးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီး ရက်နိုမာဆူဒီက မြန်မာကိစ္စကိုင်တွယ်ဖို့ အင်ဒိုနီးရှားကဖွင့်မဲ့ အာဆီယံရုံးကို ဦးဆောင်သွားမယ်လို့ နှစ်စဉ်ပြောတဲ့ နှစ်သစ်မိန့်ခွန်းမှာ ဒီနေ့ ဇန်နဝါရီ ၁၁ ရက်နေ့မှာ ပြောကြားလိုက်တာပါ။
အိမ်သာတက်သူတွေအတွက် ရွေးချယ်စရာတွေ အများကြီးပါတဲ့ အိမ်သာကမုတ်တွေ ကမ္ဘာမှာ ခေတ်စားနေတာ ကြာပေမဲ့ ဒီတခေါက်အိမ်သာခမုတ်ကတော့ စကားပါ အပြန်အလှန်ပြောလို့ရအောင် လုပ်ပေးထားတာပါ။ ဈေးလည်းတော်တော်ကြီးတဲ့ အိမ်သာကမုတ်ကို ခိုလာ Kohler ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး CES ကုန်စည်ပြပွဲမှာ ပြသထားပါတယ်။
ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန်ပြည်ထောင်စု ခေါင်းဆောင်တွေဟာ မက္ကစီကိုစီးတီးမြို့ ထိပ်သီးညီလာခံရဲ့ အင်္ဂါနေ့ အစည်းအဝေးမှာ ဒေသတွင်း လုံခြုံရေးနဲ့ စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု ကို အဓိကထားဆွေးနွေးကြမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်တဝန်း မိုးသည်းထန်စွာရွားသွန်းပြီး ရေကြီး၊ မြေပြိုမှုတွေ ဖြစ်ပေါ်နေတာမှာ ဒီကနေ့ ဇန်နဝါရီလ ၁၀ ရက်နေ့အထိ အသက် ၅ နှစ်အရွယ် ကလေးငယ်လေးတဦး အပါအဝင် သေဆုံးသူ ၁၄ ဦးရှိသွားပြီ ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာ (Prayut Chan-o-cha) က နောက်တကြိမ် ရွေးကောက်ပွဲအတွက် ဘန်ကောက်မြို့မှာ မနေ့က မဲဆွယ်စည်းရုံးမှုတွေ စတင်ပြီး ထိုင်းနိုင်ငံရင်ဆိုင်နေရတဲ့ ပြသနာတွေကို ဖြေရှင်းသွားမယ့်အကြောင်း မဲဆန္ဒရှင်တွေကို မဲဆန္ဒရှင်တွကို ကတိပေးပြောဆိုပါတယ်။
ကိုဗစ်ကမ္ဘာ့ကူးစက်ရောဂါ ပျံ့ပွားမှုကြောင့် ၃ နှစ်ရပ်နားထားရတဲ့ တောင်ကိုရီးယား ရေခဲငါးမျှားပွဲတော်ကို ပြန်ကျင်းပတော့ ပါဝင်သူတွေနဲ့ အထူးစည်ကားခဲ့တာပါ။ ရေခဲနေတဲ့ ကန်ထဲကနေ ငါးမျှားနိုင်ဖို့ ဆိုးလ်မြို့တော်နဲ့ ၇၅ မိုင်အကွာက ဝှတ်ထွန်မြို့က ပွဲတော်ကို လူတသိန်းကျော် ရောက်လာခဲ့ကြပါတယ်။
အာရှဒေသမှာ နိုင်ငံခြားခရီးသွား အများဆုံး ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံကရောက်လာမယ့် ခရီးသည်တွေကို ကြိုဆိုဖို့ အသင့်ပြင်နေခဲ့ကြပါတယ်။ ၂၀၂၃၊ ဇန်နဝါရီ ၅ ရက်နေ့မှာ တရုတ်ခရီးသွားတွေ ထိုင်းကို ကိုဗစ်နောက်ပိုင်း ပထမဆုံးအဖြစ် ရောက်လာခဲ့ကြတာပါ။
ထိုင်ဝမ်ကျွန်းကို ဦးတည်ပြီး စစ်လေယာဉ်တွေနဲ့ ရေတပ် သင်္ဘောတွေ ပါဝင်တဲ့ အကြီးစား ထိုးစစ် စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို တရုတ်က တနင်္ဂနွေနေ့က စပြီးပြုလုပ်ခဲ့ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံက ချမှတ်ခဲ့တဲ့ သဘောတူညီချက် ၅ ရပ် ကို အကောင်အထည်ဖော်ရေးဟာ အရေးကြီးပြီး စစ်ကောင်စီက ဒါကို အကောင်အထည်ဖော်ဖို့ အင်ဒိုနီးရှားနဲ့ မလေးရှား ခေါင်းဆောင် ၂ ဦးက တိုက်တွန်းလိုက်ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်