ဘရာဇီးနိုင်ငံမှာ သမ္မတသစ်လူလာဒါဆေးဗားလ်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီး တပတ်အကြာမှာပဲ သမ္မတဟောင်း ဘော်ဆိုနာရိုကိုထောက်ခံသူတွေက ဘရာဇီးအစိုးရအဆောက်အအုံတွေဖြစ်တဲ့ တရားရုံးချုပ်၊ လွှတ်တော်နဲ့ သမ္မတအိမ်တော်တွေကို မနေ့ ဇန်နဝါရီ ၈ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးတွင်း ပရိဘောဂ ပစ္စည်းတွေကို ဖျက်ဆီးခဲ့ပါတယ်။
ဘရာဇီးနိုင်ငံမှာ တရားရုံးချုပ်၊ လွှတ်တော်နဲ့ သမ္မတအိမ်တော်တွေကို မနေ့က ဝင်ရောက်စီးနင်းခဲ့တဲ့ သမ္မတဟောင်း ဂျိုင်ယာ ဘော်ဆိုနာရို (Jair Bolsonaro) ကို ထောက်ခံသူ အနည်းဆုံး ၂၀၀ လောက်ကို ဖမ်းဆီးလိုက်တဲ့အကြောင်း ဘရာဇီး အရာရှိတွေက ပြောဆိုပါတယ်။
ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) ဟာ အနောက်အုပ်စုက အရေးပါတဲ့ မဟာမိတ်နိုင်ငံတွေကို သွားရောက်မယ့် သီတင်းတပတ်ကြာ ခရီးစဉ်ကို ဒီကနေ့ ဇန်နဝါရီလ ၉ ရက်နေ့မှာ စတင်လိုက်ပါတယ်။
သူ့အနေနဲ့ နောက်တကြိမ် ပြစ်ဒဏ်ကျူးလွန်ပါက လွှတ်ပေးစဉ်က ကြွင်းကျန်ခဲ့တဲ့ ပြစ်ဒဏ်များပါ တပေါင်းတစည်းတည်း ကျခံရမယ်လို့ ခံဝန်ကတိနဲ့ လွှတ်ပေးခဲ့ပေမယ့် မစ္စတာရှောင်တာနယ်ဟာ အခုအခါမှာ သတင်းမီဒီယာတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မမှန်မကန် ပြောကြားနေတဲ့အတွက် အဲဒီလို ရုပ်သိမ်းရတာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဆွီဒင်နိုင်ငံက ကန်ဒဲလာ ကုမ္ပဏီတီထွင်တဲ့ ရေပေါ်လျှပ်ပျံ မော်တော်ဘုတ်ကို သဘောကျတဲ့သူများပါတယ်။ ရိုးရိုးမော်တော်ဘုတ်လိုအပ်တဲ့ စွမ်းအင်ထက် ၁၅ ဆ နည်းလို့ ရေပေါ်လျှပ်ပျံ မော်တော်ဘုတ်က လျှပ်စစ်နဲ့ မောင်းဖို့ အဆင်ပြေတာပါ။ ဒီမော်တော်ဘုတ်က သင်္ဘောစီးပြီး ခေါင်းမူးတာမျိုးလည်း မဖြစ်ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံကရင်ပြည်နယ်မြဝတီဘက်က သောင်ရင်းမြစ်ကိုဖြတ်ပြီးကူးလာတဲ့ ရိုဟင်ဂျာ ၇၁ဦးကို ဇန်ဝဝါရီလ ၇ ရက်နေ့ ၂ သုတ်ခွဲပြီး ဖမ်းမိခဲ့တာပါ၊ လူ၆၀ တသုတ်ဖမ်းမိပြီး၊ နောက်ထပ် လူ၁၁ဦး ကို ထပ်မံဖမ်းမိခဲ့ပါတယ်။
Orthodox ခရစ်ယန်တွေရဲ့ ခရစ်စမတ် အခါသမယ မှာ တရက်ခွဲကြာ တဖက်သတ် အပစ်အခတ်ရပ်ထားမယ်လို့ ရုရှား သမ္မတ Vladimer Putin က ကြေညာထားပေမယ့် တကယ့်လက်တွေမှာ ယူကရိန်းမှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေတယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ပြောပါတယ်။
အမေရိကန်-မက္ကဆီ နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ ရွေ့ပြောင်းနေထိုင်သူများအရေး ပဋိပက္ခကို ကိုယ်တိုင်လေ့လာကြည့်ရှုနိုင်ဖို့ သမ္မတ Joe Biden ဒီကနေ့ ဇန်နဝါရီ ၈ ရက်နေ့မှာ အမေရိကန်နယ်စပ်မြို့ဖြစ်တဲ့ El Paso ကို သွားရောက်မှာပါ။
တရုတ်နိုင်ငံကို လာရောက်ကြတဲ့ ခရီးသွားတွေအတွက် သတ်မှတ်ရက်အတွင်း သီးသန့်နေထိုင်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ကို တရုတ်အစိုးရက တနင်္ဂနွေနေ့က ပယ်ဖျက်လိုက်ပါတယ်။
ဂျာမဏီနိုင်ငံမှာ ဓာတုပစ္စည်းတွေနဲ့ တိုက်ခိုက်ဖို့ သံသယရှိသူ အီရန်လူမျိုးနှစ်ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဂျာမဏီ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ က ပြောပါတယ်။
ဂျပန်လေထီးတပ်ဟာ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနိုင်ငံတို့က စစ်တပ်တွေနဲ့ ဒီကနေ့ ဇန်နဝါရီ ၈ ရက်နေ့မှာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
ရိုဟင်ဂျာဒုက္ခသည် ၁၈၅ ယောက်ဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က ကမ်းခြေကို လှေနဲ့ တနင်္ဂနွေနေ့က ရောက်ရှိလာကြတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာဌာန ဒေသခံတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
တရုတ်နိုင်ငံမှာ COVID 19 ကူးစက်မှုတွေ မြင့်တက်နေချိန်၊ ဟောင်ကောင်နဲ့ နယ်စပ်ကို လာမယ့် တနင်္ဂနွေနေ့ ပြန်ဖွင့်ဖို့ ရှိတာမို့ ဟောင်ကောင်သားတွေ စိုးရိမ်တကြီး ဆေးတွေအလုအယက် ဝယ်နေကြပါတယ်။
တရုတ်နိုင်ငံက နည်းပညာအခြေခံ ဘဏ္ဍာရေးလုပ်ငန်းကြီးဖြစ်တဲ့ Ant Group ကို တည်ထောင်သူ Jack Ma အနေနဲ့ လုပ်ငန်းကြီးအပေါ် သူ့ရဲ့ ထိန်းချုပ်မှုတွေကို စွန့်လွှတ်တော့မှာဖြစ်တယ်လို့ Ant Group က ဒီနေ့ စနေနေ့မှာ ကြေညာပါတယ်။
သက်ကြီးပိုင်းတွေမှာ အဖြစ်များတဲ့ Alzheimer မှတ်ဉာဏ် ချို့ယွင်းအားနည်းမှုရောဂါ သက်သာစေမယ့် ဆေးသစ်တမျိုးကို အမေရိကန် သုံးစွဲခွင့်ပြုလိုက်ပါပြီ
ယူကရိန်းစစ်ပွဲ အရေးကြီးချိန် ရောက်နေပြီလို့ အမေရိကန်သမ္မတက ပြောဆိုပြီး ယူကရိန်းကို အဆင့်မြင့်သံချပ်ကာကား အပါအဝင် ဒေါ်လာ ဘီလျံချီ မကြုံစဖူး၊ အများဆုံး စစ်ရေးအကူအညီတွေ ပေးသွားမယ့်အကြောင်း ကြေညာပါတယ်။
အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် ကယ်လီဖိုးနီးယားပြည်နယ် ရီပတ်ဘလစ်ကန်အမတ် Kevin McCarthy စနေနေ့ အစောပိုင်းက ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်ရေးနေ့က နိုင်ငံရေးလှုပ်ရှားသူတချို့ကို ပြန်လည်လွှတ်ပေးခဲ့ပေမဲ့၊ စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့ ထောင်နဲ့ချီတဲ့နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေသေးတာကြောင့်၊ အားလုံးကိုပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးရုံး ဘန်ကောက်ရုံးခွဲက ကြေညာချက်တစောင်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ အနေနဲ့ မြန်မာ့အရေး ကူညီဆောင်ရွက်ဖို့၊ မြန်မာစစ်ကောင်စီ အပေါ်မှာ အာဆီယံ အဖွဲ့ကြီးမူအတိုင်း ပြတ်ပြတ်သားသား ဆက်ဆံဖို့ အမေရိကန် ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီ ရှိ ထိုင်းသံရုံးရှေ့မှာ မြန်မာဒီမိုကရေစီအင်အားစုတွေ တောင်းဆိုခဲ့ကြပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဟန့်တားရေး တင်းကျပ်တဲ့စည်းကမ်းတွေကို ပြန်လည်ရုပ်သိမ်းပေးခဲ့ပြီးတဲ့နောက် ရောဂါကူးစက်သူတွေ သိသိသာသာတိုးလာပြီး ဘေကျင်း၊ ရှန်ဟိုင်းစတဲ့ မြို့ကြီးတွေက ဆေးရုံတွေမှာ လူနာတွေပြည့်လျှံကုန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်