ရှေးရိုးစွဲ Orthodox ခရစ်ယာန်တွေရဲ့ ခရစ်စမတ် အခါသမယအဖြစ် ယူကရိန်းမှာ ၃၆ နာရီကြာ အပစ်ရပ်စဲဖို့ ရုရှားသမ္မတ Vladimir Putin က ကြာသပတေးနေ့မှာ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ရုရှားသမ္မတရဲ့ ဇန်နဝါရီ ၆ ရက်နဲ့ ၇ ရက်အတွက် အပစ်အခတ်ရပ်စဲရေး ကြေညာချက်အပေါ်မှာတော့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သံသယနဲ့ တုံ့ပြန်ခဲ့တာပါ။
ဥတုရာသီအရေးတက်ကြွလှုပ်ရှားသူ နှစ်ဦးဟာ ဗုဒ္ဓဟူးနေ့က ပြင်သစ်ဝန်ကြီးချုပ်ရုံးရှေ့အဝင်တခါးကို ဆေးနဲ့ ပက်ဖြန်းခဲ့ပါတယ်။ ဒါဟာ Last Renovation (နောက်ဆုံးပြုပြင်ရေး) လို့ခေါ်တဲ့ အဖွဲ့ရဲ့ လှုပ်ရှားမှုဖြစ်ပြီး "ရာသီဥတုဆိုင်ရာပြစ်မှုတွေ" ကျူးလွန်နေတဲ့ နိုင်ငံတွေကို အသိရှိလာစေဖို့ရည်ရွယ်တာဖြစ်ကြောင်း ဆိုပါတယ်။
အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘူတာရုံတရုံမှာ ရွေးလျားနေတဲ့ရထားနဲ့ လူတစ်ယောက် တရွတ်တိုက်ဆွဲပါသွားတာကို ရထားအောက်ထဲရောက်မသွားအောင် စစ်သားတဦးက အချိန်မှီဆွဲယူလိုက်နိုင်ခဲ့ပါတယ်။ စစ်သားဟာ အိန္ဒိယမီးရထားကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးဖြစ်ပြီး ဘီဟာပြည်နယ်က ဒီဘူတာရုံမှာ နှစ်သစ်ကူးနေ့က တာဝန်ကျတာဖြစ်ပါတယ်။
ကုလားအုတ်ကို အမြတ်တနိုးမွေးမြူတတ်တဲ ဆော်ဒီအာရေးဗျနိုင်ငံမှာ ပိုင်ရှင်တွေမအားရင် လာအပ်ထားလို့ရတဲ့ ကုလားအုတ်ဇိမ်ခံဟိုတယ် ဖွင့်ထားပါတယ်။ တညတည်းခိုစရိတ် မနည်းလှပေမယ့် သေချာစိတ်ချရတဲ့နေရာဖြစ်တာရယ်၊ ဆော်ဒီနိုင်ငံကလည်း ချမ်းသာတာရယ်ကြောင့် ဒီဟိုတယ်က တတ်နိုင်သူတွေအတွက် အကြိုက်ဖြစ်ပါတယ်။
တရုတ်အစိုးရဟာ နိုင်ငံတွင်း ကူးစက်ပျံ့နှံ့ နေတဲ့ Covid မျိုးဗီဇဆိုင်ရာ အချက်လက်တွေကို မျှဝေဖို့ တွန့်ဆုတ်နေဆဲပဲလို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောပါတယ်။
အီရန်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ထောက်ခံခဲ့ပြီး အကြမ်းဖက်နှိမ်နင်းတာတွေကို ဝေဖန်ခဲ့တဲ့ အတွက် ဖမ်းဆီးခံခဲ့ရတဲ့ ထင်ရှားတဲ့ ရုပ်ရှင်သရုပ်ဆောင် Taraneh Alidoosti ပြန်လွတ်လာကြောင်း အီရန်နိုင်ငံက သတင်းတွေက ဖော်ပြပါတယ်။
အမေရိကန် အောက်လွှတ်တော်မှာ အမတ်ဦးရေ အများစုရခဲ့တဲ့ ရီပတ်ဘလစ်ကင်ပါတီက အောက်လွှတ်တော် ဥက္ကဌအဖြစ် ခန့်အပ်ရမယ့် သူကို အခုထိ ရွေးချယ်လို့ မရသေးပါဘူး။
ပေါ်တူဂီဘောလုံးအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒို ဆော်ဒီအာရေးဗျကလပ်အသင်းကို ပြောင်းသွားပြီးတဲ့နောက် ဇန်နဝါရီလ ၃ ရက်နေ့ကတော့ ပျော်ပွဲရွှင်ပွဲအခမ်းအနားနဲ့ ပရိသတ်ရှေ့မှောက် ထွက်လာခဲ့ပါတယ်။ လူ ၂ သောင်းခွဲဆန့် ဘောလုံးကွင်းတခုလုံး အပြာ၊အဝါလွှမ်းထားတဲ့ လူပင်လယ်ကြီး သူ့နာမည်ကို ဟစ်အော်စောင့်ကြိုနေခဲ့တာပါ။
ကားတွေ ချောက်ထဲကျတတ်ပြီး ဖြစ်လိုက်ရင်လည်း အသက်မရှင်တတ်ဘူးဆိုတဲ့ ကမ်းရိုးတန်းနေရာမှာ နှစ်ဆန်း ၂ ရက်နေ့က တက်စလာ လျှပ်စစ်ကားချောက်ထဲကျတော့ ကားပေါ်လိုက်ပါလာသူ အားလုံး အသက်ရှင်ရက်ကယ်တင်နိုင်ခဲ့တာ တကယ့်ကို ဘုရား၊ သိကြားမတာပဲလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စု တက်နက်ဆီပြည်နယ် ကောလိပ်ဒေးလ်မြို့မှာ ထရပ်ကားနဲ့ ရထားဝင်တိုက်မိပြီး ရထားစက်ခေါင်း ၃ တွဲနဲ့ ကုန်တင်တွဲ ၁၀ တွဲ လမ်းချော်ထွက်၊ တိမ်းမှောက်ခဲ့ပါတယ်။ လမ်းကအမျိုးသားတဦး မထင်မှတ်ဘဲ ဗွီဒီယိုရိုက်နေခဲ့လို့ ဒီဖြစ်ရပ်ကို ဗွီဒီယိုမှတ်တမ်းရခဲ့ပါတယ်။
ဂျပန်ဘုရင်နာရူဟီတိုနဲ့ မိဖုရားမာဆာကိုတို့ကို ဂျပန်နိုင်ငံ တိုကျိုမြို့တော် ဘုရင့်နန်းတော်မှာ ၂၀၂၃ ဇန်နဝါရီ ၂ ရက်နေ့ကကျင်းပတဲ့ နှစ်သစ်ကြိုဆိုပွဲအခမ်းအနားအတွင်း တွေ့ရတာဖြစ်ပါတယ်။ ၂၀၂၁နဲ့ ၂၀၂၂ ခုနှစ်တွေတုန်းက ကိုဗစ်ကပ်ဘေးကြောင့် ပိတ်ပင်ထားရတဲ့အတွက် အခုအခမ်းအနားဟာ ၃ နှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ကွယ်လွန်သွားတဲ့ ကမ္ဘာကျော်ဘောလုံးသမားကြီးပီလီကို ချစ်တဲ့လူထုပရိသတ် သူ့ကို နောက်ဆုံးလာနှုတ်ဆက်ကြတာပါ။ သူကစားခဲ့တဲ့ ဘောလုံးကလပ်အသင်းတည်ရှိတဲ့ အားကစားကွင်းမှာ သူ့ရုပ်အလောင်းကို ၂ ရက်တာ ထားရှိပေးခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ Donetsk ဒေသတွင်းက ရုရှား ထိန်းချုပ်ရာ ဒေသ Makiivka မြို့က ရုရှား စစ်တန်းလျားတွေကို နှစ်သစ်ကူးညမှာ ယူကရိန်းဘက်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာကြောင့် တပ်ဖွဲ့ဝင် ၆၃ ဦး သေဆုံးခဲ့ကြောင်း ရုရှားက တနလာၤနေ့မှာ ပြောပါတယ်။
မြောက်ကိုရီးယား စစ်တပ်ရဲ့ ဒုတိယ အကြီးအကဲ နေရာကို အစားထိုး ခန့်အပ်လိုက်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ ခရစ္စမတ် ကာလ ရေကြီးမှုကြောင့် သေဆုံးသူ အရေအတွက် ၅၁ ဦးအထိရှိလာပြီး ၁၉ ဦး ပျောက်ဆုံးနေတယ်လို့ သက်ဆိုင်ရာ အရာရှိတွေက တနင်္လာနေ့က ပြောပါတယ်။ ရေဘေးသင့်သူ ထောင်ပေါင်းများစွာဟာလည်း အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေမှာ ဆက်လက် ခိုလှုံနေကြရတာပါ။
၂၀၂၃ နှစ်သစ်ရဲ့ ဇန်နဝါရီ ၁ ရက် နှစ်ဆန်းတစ်ရက်နေ့ကို မြောက်ကိုရီးယားခေါင်းဆောင် ခမ်းခမ်းနားနားဆင်နွှဲခဲ့ပါတယ်။ နှစ်သစ်အခမ်းအနားမှာ ပြုံးပျော်နေတဲ့ ကင်ဂျွန်အွန်းက နှစ်သစ်ကြိုနေ့ကပဲ တာတိုဒုံးကျည်တွေ စမ်းသပ်ပစ်လွှတ်ခဲ့သေးတာပါ။
ဘရာဇီးသမ္မတ လူဝစ်ဇ်အင်နာစီယိုလူလာဒီဆေးဗားလ်ဟာ တနင်္ဂနွေနေ့က မြို့တော် ဘရာဆေးလ်လီယားမှာ ကျမ်းသစ္စာကျိန်ဆိုပြီး တတိယအကြိမ်အဖြစ် သမ္မတရာထူးကို ထမ်းဆောင်ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်သွားတဲ့ အအေးလှိုင်းနှင်းမုန်တိုင်းကြောင့် အီရီရေကန်ကြီးနံဘေး ဟမ်းဘက်မြို့က စားသောက်ဆိုင် ရေခဲတွေဖုံးအုပ်သွားခဲ့တာပါ။ မုန်တိုင်းပြီးသွားပြီး အပူချိန် နည်းနည်းပြန်တက်လာတော့ ဆိုင်ကိုဖုံးနေတဲ့ ရေခဲကျောက်စက်ပန်းဆွဲတွေ ရေတောက်တောက်ကျ အရည်ပြန်ပျော်လာကြပါတယ်။
ဘရာဇီးနိုင်ငံ Brasilia မြို့တော်မှာ ရွေးကောက်ပွဲ အနိုင်ရရှိတဲ့ Luiz Inacio Lula Da Silva က တနင်္ဂနွေနေ့က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပါတယ်။
ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုမှာ အဓိကတွန်းအားဖြစ်တဲ့ အမေရိကန်၊ ဥရောပနဲ့ တရုတ်နိုင်ငံတွေမှာ စီးပွားရေး အားနည်းမှုတွေကြောင့် ဒီနှစ် ၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေးဟာ နေရာတော်တော်များများမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲက ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်