အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးသစ် Qin Gang တို့ တနင်္ဂနွေနေ့က တယ်လီဖုန်းနဲ့ ပြောဆို ဆွေးနွေးခဲ့ကြတယ်လို့ ဝန်ကြီး Antony Blinken က တွစ်တာ လူမှုစာမျက်နှာ မှာရေးပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Um က နျူကလီးယားထိပ်ဖူးတပ် ဒုံးကျည်တွေနဲ့ တာဝေးပစ်ဒုံးကျည် ထုတ်လုပ်မှုတွေကို အရှိန်မြင့် လုပ်ဆောင်သွားမယ်လို့ ပြောကြားကြောင်း နိုင်ငံပိုင်သတင်းဌာနက ဒီကနေ့ထုတ်ပြန်တဲ့ နှစ်ချုပ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားပါတယ်။
၂၀၂၃ ခုနှစ်ဟာ မြန်မာ့နိုင်ငံရေး ကံကြမ္မာအလှည့်အပြောင်းအတွက် အရေးကြီးတဲ့နှစ်ဖြစ်တယ်လို့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ယာယီသမ္မတကြီး ဒူဝါလရှီးလက နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်
ပြည်ပကို ထွက်ခွာကြမယ့် တရုတ်ခရီးသည်တွေအနေနဲ့ သြစတြေးလျအပါအဝင် နိုင်ငံပေါင်း တဒါဇင်ကျော်မှာ ကိုဗစ် 19 ရောဂါပိုး ကင်းစင်ကြောင်း အထောက်အထား ပြသရကြမှာ ဖြစ်ပါတယ်။
အီရန်နိုင်ငံက အကျဉ်းသားတွေကို ကနေဒါနဲ့ ဥရောပနိုင်ငံတွေရဲ့ လွှတ်တော်အမတ်တွေက ကူညီကြမယ်လို့ ကမကထပြု အာမခံချက် ပေးလိုက်ကြပါတယ်။
ပုပ်ရဟန်းမင်းကြီးဟောင်း Benedict ကက်သလစ် ဘာသာဝင်တွေရဲ့ သြဇာအကြီးဆုံး ခေါင်းဆောင်တဦးအဖြစ် ၈ နှစ်ကြာ တာဝန်ယူပြီးတဲ့နောက် ကျန်းမာရေးကြောင့် ၂၀၁၃ ခုနှစ်မှာ ရာထူးက ရုတ်တရက် အနားယူသွားခဲ့တာပါ။
သြစတြေးလျနဲ့ နယူးဇီလန် အပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ ၂၀၂၂ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းသွားပါပြီ။ သြစတြေးလျနိုင်ငံမှာတော့ ကိုဗစ်ကန့်သတ်ချက်တွေ မရှိဘဲ၊ ပထမဆုံးအကြိမ် လူစုလူဝေးနဲ့ လွတ်လွတ်လပ်လပ် ကြိုဆိုနိုင်ခဲ့ကြတာပါ။
မြောက်ကိုရီးယားက ဒီကနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ပဲ့ထိန်းတပ်ဒုံးကျည် ၃ စင်းကို ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ပင်လယ်ထဲ ဦးတည် ပစ်လွတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။
တနှစ်ကို ပျမ်းမျှ ၈ဝ ကျော်နှုန်းနဲ့ ပြီးခဲ့တဲ့ အနှစ် ၂ဝ ကျော်အတွင်း တကမ္ဘာလုံးမှာ သတင်းထောက်ပေါင်း ၁၇ဝဝ နီးပါး အသတ်ခံခဲ့ကြရကြောင်း RSF ခေါ် နယ်စည်းမခြား သတင်းသမားများအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးကို အရင်ကထက် ပိုမို အားကောင်းအောင် လုပ်ဆောင်ထားကြောင်း နဲ့ ရုရှားလေကြောင်း တိုက်ခိုက်မှုဒဏ်ကို ဆက်လက် ကြံကြံခံနိုင်ကြောင်း ယူကရိန်း သမ္မတ Volodymyr Zelenskyy က သောကြာနေ့က ပြောပါတယ်။
့ကွယ်လွန်တဲ့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက် သတ်မှတ်ကြောင်း Brazil သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ Jair Bolsonaro ကကြေညာခဲ့ပါတယ်။ ပီလီဟာ အားကစားကနေတဆင့် လူတွေကို သူမတူအောင် စုစည်းနိုင်တဲ့သူအဖြစ် အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတဟောင်း Barack Obama တို့က Twitter လူမှုကွန်ရက်ပေါ်မှာ ရေးသား ဂုဏ်ပြုခဲ့...
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ Deng Xijun ဟာ အာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နဲ့ ကြာသပတေးနေ့ က နေပြည်တော်မှာ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
တရုတ် နိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုလှိုင်း မြင့်တက်နေတဲ့အပေါ်မှာ နိုင်ငံတကာ က စိုးရိမ်နေကြစဉ်မှာပဲ မြောက်ကိုရီးယားနိုင်ငံကတော့ သူရဲ့အနီးကပ်ဆုံး မဟာမိတ် တရုတ်နိုင်ငံက ဝင်ရောက်လာမဲ့သူတွေအတွက် ဝင်ရောက်ခွင့် ယာယီပိတ်ပင်လိုက်ပါတယ်။
ဘရာဇီး နိုင်ငံက အသက် (၈၂) နှစ်အရွယ် ကမ္ဘာကျော် ဂန္တဝင် ဘောလုံးသမားကြီး Pelé ဟာ ဒီဇင်ဘာ ၂၉၊ ကြာသပတေးနေ့ က ကွယ်လွန်သွားပါပြီ။
မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးဟာ ကာလတန်ဖိုး ဘတ်ငွေ ၂ သန်းလောက် တန်ဖိုးရှိတဲ့ Ice လို့ခေါ်တဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်လာတာကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ လူမှောင်ခိုမှု၊ မူးယစ်မှုနဲ့ တရားစွဲဆိုဖို့ပြင်ဆင်နေတယ်လို့ ထိုင်းအာဏာပိုင်က ဆိုပါတယ်။
၂၀၂၂ ခုနှစ် ပထမ ၉ လအတွင်း ချင်းမိုင်တမြို့တည်းမှာတင် မြန်မာနိုင်ငံသားတွေ တရားဝင် ဝယ်ယူထားတဲ့ တိုက်ခန်းပေါင်း ၁၈၈ ခန်းဟာ ဘတ်ငွေတန်ဖိုး ၁ ဒသမ ၃၄ ဘီလျံဖိုး ရှိတယ်လို့ အင်္ဂလိပ်လို ထုတ်ဝေတဲ့ Thai Enquirer စီးပွားရေးနဲ့ ဈေးကွက်စောင့်ကြည့်ရေး စာစောင်မှာ ဖေါ်ပြထားပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူပေါင်း ၁,၁၀၀,၀၀၀ ကျော် ရှိခဲ့ပြီး စစ်ကိုင်းတိုင်းတခုထဲမှာတင် ၆၀၁,၀၀၀ ကျော်ရှိတယ်လို့ဆိုပါတယ်။
၂၀၂၃ နှစ်သစ်ကို ကြိုဆိုဖို့ နယူးယောက်မြို့က ကမ္ဘာကျော် Times Square မှာ အထင်ကရ crystals ဖန် ဘောလုံးကြီးထဲကို အင်္ဂါနေ့ကပဲ ဖန်ချပ်ပေါင်း ၂ ရာနီးပါး ထည့်သွင်းတပ်ဆင်ခဲ့ကြပါတယ်။
တရုတ်အရှေ့ဖက် ပင်လယ်ပြင်အတွင်း တရုတ်နဲ့ရုရှား တပတ်အကြာ ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသွားပြီလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်