ခရစ္စမတ်နေ့မတိုင်ခင် ၂ ရက် ဒီဇင်ဘာ ၂၃ ရက်နေ့ကတည်းက တိုက်ခတ်တဲ့ အဆိုးရွားဆုံး ဆီးနှင်းမုန်တိုင်းကြီးကြောင့် မြန်မာနိုင်ငံက ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ အများဆုံး ရှိတဲ့ မြို့တမြို့ဖြစ်တဲ့ ဘတ်ဖလိုးမြို့တခုလုံး လုံးဝလှုပ်မရဖြစ်နေခဲ့တာပါ။
တရုတ်ပြည်အလယ်ပိုင်း ကျုံးကျိုးမြို့ အမြန်လမ်းတခုပေါ်မှာ ယာဉ်တိုက်မှုတွေဖြစ်ပြီး ရာနဲ့ချီတဲ့ ကားတွေရပ်တန့်ကုန်ကြောင်း အစိုးရပိုင်မီဒီယာက ဗုဒ္ဓဟူးနေ့မှာပြောပါတယ်။ မြူတွေဆိုင်းပြီး မြင်ကွင်းမကြည်လင်တာကြောင့် အခုလို ဖြစ်ရတာဖြစ်ပြီး လူ (၁)ဦးသေဆုံးကြောင်း သိရပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်ပိုးကူးစက်မှုတွေ မြင့်တက်လာနေတာကြောင့် တရုတ်က ဝင်ရောက်လာသူတွေအတွက် စစ်ဆေးမှု တင်းတင်း ကြပ်ကြပ် ဆောင်ရွက်တော့မယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က အင်္ဂါနေ့မှာ ကြေညာပါတယ်။
အာဖဂန်တာလီဘန်တွေက အမျိုးသမီးနဲ့မိန်းကလေးတွေကို တက္ကသိုလ်တက်ခွင့်ပိတ်ပင်တာနဲ့ NGO တွေမှာအလုပ်လုပ်ကိုင်ခွင့်ပိတ်ပင်တာတွေကိုကုလသမဂ္ဂလုံခြုံရေး ကောင်စီကကန့်ကွက်ရှုတ်ချလိုက်ပြီး အမျိုးသမီးနဲ့မိန်းကလေးတွေကို တန်းတူညီမျှတဲ့ အဓိပ္ပါယ်ရှိတဲ့ပါဝင်လုပ်ဆောင်ခွင့် အပြည့်အဝပေးဖို့ အင်္ဂါနေ့မှာတိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာသတင်းသမား ၄ ဦးကိုထောင်ဒါဏ်တွေချမှတ်ခဲ့ပြီး၊ သတင်းလွတ်လပ်ခွင့်နဲ့သတင်းသမားအများပေါ် မြန်မာစစ်ခေါင်းဆောင်တွေကဆက်လက် အကြမ်းဖက်ဖိနှိပ်နေတဲ့ အတွက် ကုလသမဂ္ဂအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ပိုမိုထိရောက်ပြင်းထန်တဲ့ရေးယူမှုတွေလုပ်ဖို့ RSF က ကြေငြာချက်တစောင်ထုတ်ပြန်တိုက်တွန်းလိုက်ပါတယ်။
တရုတ်နိုင်ငံကနာမည်ကြီး လူကြိုက်များတဲ့ TikTok App တွေကို အမေရိကန်အောက်လွှတ်တော်ရဲ့ ဖုန်းတွေမှာ အသုံးပြုခွင့်ပိတ်ပင်လိုက်တယ်လို့ အောက်လွှတ်တော်အုပ်ချုပ်ရေးရုံး ကပြောပါတယ်။
ရုရှားက ကျူးကျော်စစ်ထိုးနေတဲ့ ယူကရိန်းနိုင်ငံထဲက ခါခိဗ်ဒေသမှာ ရုရှားဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်တွေကို စုစည်းပြီး နောင်တချိန်ရုရှားတာဝန်ရှိသူတွေကို တရားစွဲတဲ့အခါ သက်သေအဖြစ်အသုံးပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။
အောက်ဆီဂျင် ကျနေတဲ့ Covid-19 လူနာတွေ ထပ်တိုး ရောက်လာနေပြီး အရေးပေါ် ဆောင်တွေမှာ လူနာတွေ ပြည့်နေကြောင်းနဲ့ နေမကောင်းတဲ့ ကျန်းမာရေး ဝန်ထမ်းတွေပါ အလုပ်ဆင်းနေကြရကြောင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်က ဆေးရုံကြီးတခုရဲ့ ဝန်ထမ်းတွေက ပြောဆိုကြပါတယ်။
ရုရှား ကျူးကျော်စစ် နှစ်ပတ်လည်အဖြစ် ရှေ့နှစ် ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ငြိမ်းချမ်းရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ တခု ပြုလုပ်ဖို့ မိမိတို့ အစိုးရအနေနဲ့ ရည်ရွယ်ထားကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး က တနင်္လာနေ့က ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ နှင်းမုန်တိုင်းကြောင့် နယူးယောက် ပြည်နယ် Buffalo မြို့ တဝိုက်မှာဘဲ သေဆုံးသူ ၂၇ ဦးထိ ရှိကြောင်း နယူးယောက် အာဏာပိုင်တို့က တနလာၤနေ့မှာ ပြောပါတယ်။
နယူးယောက်ပြည်နယ် မြောက်ပိုင်း ဘတ်ဖဲလိုမြို့မှာ ဟာရီကိန်းမုန်တိုင်းလို လေပြင်းတိုက်ခိုက်မှုနဲ့အတူ ဆီးနှင်းတွေ ဖုံးလွှမ်းနေတာကြောင့် အရေးပေါ် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေမှာလည်း အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။
ရုရှားနိုင်ငံကနေ ပြည်ပကို ထွက်ခွါသွားကြတဲ့ ပြည်သူတွေအပေါ် အခွန်တိုးကောက်မဲ့ ဥပဒေပြဌာန်းချက် တရပ်ရေးဆွဲနေတယ်လို့ ရုရှား Duma အောက်လွှတ်တော်ဥက္ကဌ Vyacheslav Volodin ကပြောပါတယ်။
အမေရိကန်မှာ ပြင်းထန်တဲ့ ဆောင်းတွင်း မုန်တိုင်းကြောင့် သေဆုံးသူ ၃၄ ဦးထက်မနည်း ရှိလာချိန်မှာပဲ၊ မုန်တိုင်းဒဏ် အဆိုးဆုံးခံနေရတဲ့ နယူးယောက် ပြည်နယ်မှာတော့ အုပ်ချုပ်ရေးမှူးက မလိုအပ်ရင် အိမ်ပြင်မထွက်ကြဖို့ သတိပေးထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နိုဝင်ဘာလမှာ ထွက်ခွာလာပြီး၊ ပင်လယ်ပြင်မှာ သီတင်းပတ်တွေနဲ့ချီ မျောနေခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ထက်မနည်းဟာ အခုအခါ သေဆုံးသွားလောက်ပြီလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ကပြောပါတယ်။
မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတလွှားက ပဋိပက္ခတွေအဆုံးသတ်ပြီး၊ ငြိမ်းချမ်းရေးရစေဖို့ ခရစ္စမတ် အခါသမယ မှာ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းလိုက်ပါတယ်။
အမေရိကန်နိုင်ငံတဝှမ်း ဖြစ်ပေါ်နေတဲ့ အအေးလှိုင်းနဲ့ နှင်းမုန်တိုင်းဒဏ်ကြောင့် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့သလို နေအိမ်ပေါင်း သိန်းနဲ့ချီပြီး လျှပ်စစ်မီးတွေ ပြတ်တောက်တာအပြင် စီးပွားရေးလုပ်ငန်းတွေလည်း ခရစ္စမတ်ကာလမှာ လျှပ်စစ်မီး လုံးဝမရနိုင်မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
ယူကရိန်းနဲ့ ပတ်သက်နေသူအားလုံးနဲ့ ညှိုနှိုင်းဆွေးနွေးဖို့ ရုရှားက အဆင်သင့်ရှိကြောင်း ရုရှားသမ္မတ Vladimir Putin က ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကြီးအနီးက စီကျန်းပြည်နယ်မှာ တစ်နေ့ကို ကိုဗစ်ပိုးတွေ့လူနာအသစ် တစ်သန်းရှိနေပြီး လာမယ့်ရက်တွေမှာ နှစ်ဆ ဖြစ်လာစရာ ရှိတယ်လို့ ပြည်နယ်အစိုးရက တနင်္ဂနွေနေ့က ပြောပါတယ်။
ရိုဟင်ဂျာ ၅၈ ယောက်ဟာ တနင်္ဂနွေနေ့ အစောပိုင်းက အင်ဒိုနီးရှားနိုင်ငံ မြောက်ဘက်အစွန်ဆုံးမှာရှိတဲ့ Aceh ကမ်းခြေကို ရောက်ရှိလာကြပါတယ်။
တရားမဝင် အထောက်အထားတွေနဲ့ နီပေါလ်နိုင်ငံသားခံယူထားတဲ့ မြန်မာနိုင်ငံသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ နီပေါလ်သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။
နောက်ထပ်ကြည့်ရှုရန်