တချို့က အာဏာကို ငတ်မွတ်လောဘ တက်ကြတဲ့အတွက် ကိုယ့်အိမ်နီးချင်းတွေကိုတောင် ပြန်စားသုံးချင်နေကြတယ်လို့ ခရစ္စမတ်အကြိုမှာ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး Francis က အခုလို ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ လွန်ကဲတဲ့ အအေးလှိုင်းဒဏ်ခံနေရတဲ့ အတွက် စနေနေ့က လေယာဉ်ခရီးစဉ် ထောင်နဲ့ချီ ဖျက်သိမ်းခဲ့ရသလို လျှပ်စစ်မီးပျက်တဲ့ ဒဏ်ကိုပါ ခံနေကြရပါတယ်။
အာဖဂန်နစ်စတန်နိုင်ငံက NGO နဲ့ INGO- ပြည်တွင်းနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးဝန်ထမ်းတွေ အလုပ်မသွားကြဖို့ တာလီဘန်တွေက စနေနေ့က တားမြစ်လိုက်ပါတယ်။ အာဖဂန်စီးပွါးရေးဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က ပြင်သစ်နိုင်မှာ သေနတ်သမားရဲ့ လက်ချက်ကြောင့် ကဒ်လူမျိုးစုဝင် ၃ ဦး အသတ်ခံရတဲ့ကိစ္စအပေါ် မကြေနပ်တဲ့အတွက် စနေနေ့က ဒုတိယနေ့အဖြစ် ပါရီမြို့တော်မှာ ကဒ် လူမျိုးစုဝင်တွေ ဆန္ဒပြခဲ့ကြပြီး ရဲတွေနဲ့ အဓိကရုန်းတွေ ထပ်မံဖြစ်ပွားခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲမှာသုံးဖို့ ရုရှားစစ်တပ်လိုတဲ့ စစ်လက်နက်ပစ္စည်းတွေ လိုရင်လိုသလောက် မြန်မြန်ရအောင်လုပ်ပေးထားပါလို့ ရုရှားသမ္မတ Vladimir Putin က ရုရှားစစ်လက်နက်ပစ္စည်း ထုတ်လုပ်နေတဲ့လုပ်ငန်းက အကြီးအကဲတွေကို ပြောကြားခဲ့ပါတယ်။
၂၀၂၃ ခုနှစ်အတွက် အမေရိကန်ကာကွယ်ရေး အသုံးစရိတ်ထဲမှာ ထိုင်ဝမ်အတွက် စစ်ရေးထောက်ပံ့စရိတ် တိုးထားတဲ့အပေါ် တရုတ်က ဒေါသနဲ့ တုံ့ပြန်လိုက်ပါတယ်။ ထိုင်ဝမ်လုံခြုံရေးအတွက် တိုးမြှင့်ကူညီမယ့်အပေါ် ထိုင်ဝမ်အစိုးရကတော့ ကျေးဇူးတင်ခဲ့ပါတယ်။
အမေရိကန် နေရာတော်တော်များများမှာ အသက်အန္တရာယ် ရှိလောက်အောင် အေးခဲနေပြီး၊ လေပြင်းတိုက်ခတ်မှုတွေကြောင့် သေဆုံးသူဟာ ၂၀ နီးပါးအထိ တိုးလာနေတယ်လို့ အမေရိကန်သတင်းတွေက ဖော်ပြကြပါတယ်။
ဝါရှင်တန်မြို့တော်မှာရှိတဲ့ Children's National ကလေးဆေးရုံကို အမေရိကန်သမ္မတ Joe Biden နဲ့ သမ္မတကတော် Dr. Jill Biden တို့ သွားရောက်ပြီး Christmas ပွဲတော်ကာလ ဆေးရုံတက်နေကြရတဲ့ ကလေးတွေနဲ့ မိသားစုတွေကို နှစ်သိမ့်အားပေးခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကာကွယ်ရေးဆိုင်ရာ ၂၀၂၃ ခုနှစ်အတွက် ဒေါ်လာ ၈၅၈ ဘီလျံသုံးစွဲမယ့် NDAA ဥပဒေကို သမ္မတ Joe Biden သောကြာနေ့က လက်မှတ်ရေးထိုး ပြဌာန်းလိုက်ပါတယ်။ ဒီဥပဒေအရ အမေရိကန် ကာကွယ်ရေးဌာနအတွက် ဒေါ်လာ ၈၁၆.၇ ဘီလျံသုံးစွဲခွင့်ပြုထားပါတယ်
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်ဖို့ ကြိုးစားတာ ဖြစ်ကြောင်း စစ်ကောင်စီက သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။
ပြင်သစ်နိုင်ငံ ၊ Paris မြို့တော် ရှိ Kurdish ယဉ်ကျေးမှုစင်တာ နဲ့ တခြား စီးပွားရေးလုပ်ငန်း အဆောက်အဦတွေ အနီးမှာ သောကြာနေ့မှာ အမျိုးသားတဦးကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် လူ ၃ ဦးသေဆုံးပြီး အတော်များများ ဒဏ်ရာတွေ ရရှိကုန်ကြပါတယ်။
ဗင်နီဇွဲလားနိုင်ငံမြို့တော် ကရာကတ်စ်မှာရှိတဲ့ ကလေးငယ်တွေဟာ ဒီဇင်ဘာ ၁၇ ရက် စနေနေ့က ရပ်ကွက်ထဲမှာကျင်းပတဲ့ လက်တွန်းကားပြိုင်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ ဒါဟာ အစဉ်အလာတရပ်ထိန်းသိမ်းမှုဖြစ်သလို ဒစ်ဂျစ်တယ်ကမ္ဘာထဲမှာအချိန်ကုန်မနေဘဲ အပြင်ကမ္ဘာမှာ တစ်ယောက်နဲ့တယောက် ရင်းနှီးသွားစေဖို့လည်း ရည်ရွယ်တာပါ။
ပီရူးနိုင်ငံ လီမာမြို့မှာ စိတ်ကြွမူးယစ်ဆေးရောင်းတယ်လို့ သံသယရှိတဲ့ အိမ်တအိမ်ကို ဒီဇင်ဘာ ၁၇ရက်နေ့က ရဲတွေ ခရစ္စမတ်ဝတ်စုံတွေဝတ်ပြီး ဝင်ရောက်ရှာဖွေတာကြောင့် ရာဇဝတ်ဂိုဏ်သားတွေ အငိုက်မိသွားပါတယ်။
အသက် ၄၅ နှစ် ပြည့်သွားပြီဖြစ်တဲ့ ရူဒီဗယ်လန်တီနိုဟာ မြောက်အမေရိကန်တိုက် တိရစ္ဆာန်ရုံတွေမှာရှိတဲ့ လူဝံအထီးတွေထဲ အသက်အကြီးဆုံး ဖြစ်ပါတယ်။ အဲဒီတိရစ္ဆာန်ရုံမှာ သူ့ထက်အသက်ကြီးတဲ့ လူဝံအမတကောင်ရှိသေးပြီး သူကတော့ အသက် ၅၀ ရှိပါပြီ။
အာဖဂန်နစ္စတန်အရှေ့ပိုင်းမြို့ ဂျာလာလာဘတ်က တက္ကသိုလ်တခုရဲ့ အရှေ့ ဆန္ဒပြပွဲလုပ်နေတဲ့ ဗွီဒီယိုတခု မနေ့ဗုဒ္ဓဟူးနေ့ကထွက်လာပါတယ်။ နန်ဂါဟာတက္ကသိုလ်ဝန်းရှေ့ အမျိုးသားနဲ့ အမျိုးသမီးအုပ်စုတွေ စာတန်းတွေကိုင်ဆောင်ရင်း ကြွေးကြော်နေကြပါတယ်။
မြန်မာနိုင်ငံက အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထားသူတွေ အားလုံးကို လွှတ်ပေးဖို့ အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့မှာ ပထမဆုံးအကြိမ်အဖြစ် မဲခွဲအတည်ပြုလိုက်ပါတယ်။
ကုလမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အဆိုမူကြမ်းကို အတည်ပြုခဲ့ခြင်းနဲ့ ပတ်သက်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ကြိုဆိုကြောင်းနှင့် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးတော့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ သူ့ရဲ့ ပထမဆုံး ပြည်ပ ခရီးစဉ်အဖြစ် အမေရိကန် ပြည်ထောင်စုကို ဗုဒ္ဓဟူးနေ့က ရောက်ရှိလာခဲ့ပြီး အမေရိကန် သမ္မတ Joe Biden က အိမ်ဖြူတော်မှာ သူ့ကိုကြိုဆိုခဲ့ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို အမေရိကန်ပြည်ထောင်စုက ထောက်ခံကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး Linda Thomas-Greenfield က ဒီဇင်ဘာလ ၂၁ ရက် ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်