မြန်မာနိုင်ငံက အကြမ်းဖက် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရား ဖမ်းဆီးထားသူတွေ အားလုံးကို လွှတ်ပေးဖို့ အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့မှာ ပထမဆုံး အကြိမ်အဖြစ် မဲခွဲအတည်ပြုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေကို အမြန်ဆုံး ရပ်ဆိုင်းဖို့တောင်းဆိုပြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ တိုက်တွန်းထားတဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုလိုက်ပါတယ်။
အသက် ၇၂အရွယ် ဦးတင်အေးကြူ (ခေါ်) ကဗျာဆရာမောင်မှိုင်းလွင်(အင်းဝ)ဟာ ဘန်ကောက်မြို့ဆေးရုံတခုမှာပဲ အဆုတ်ရောဂါနဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နေလည်ပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။
ပြောကျင့်မရှိတဲ့ အင်္ဂလိပ်စကားလုံးတွေ အသံထွက်ရတာ လျှာလိပ်တယ်ဆိုပေမဲ့ ဗီယက်နမ်ဘွားဘွားတသိုက် အသက်ကြီးမှ အင်္ဂလိပ်စကားပြောကို ကြိုးစားပန်းစားသင်ယူနေပါတယ်။ ဘာသာစကားသင်ကြားမှုဟာ ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးရာလည်းရောက်လို့ အသက်ကြီးလာသူတွေအတွက် အကျိုးလည်းရှိပါတယ်။
၂၀၂၂ ခုနှစ် ကာတာနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲမှာ အနိုင်ရပြီး အာဂျင်တီးနား ဘောလုံးအသင်း ဒီဇင်ဘာ ၂၀ အင်္ဂါမနက်စောစောမှာပဲ ဘွေနိုအဲရီးစ်မြို့တော်ဆီ လေယာဉ်နဲ့ ဆိုက်ရောက်လာခဲ့တာကို တနိုင်ငံလုံး ဝမ်းသာဂုဏ်ယူကြိုဆိုခဲ့ကြတာပါ။
ရုရှား သမ္မတ Vladimir Putin က တနလာၤနေ့မှာ အိမ်နီးချင်း မဟာမိတ် ဘယ်လာရုစ် နိုင်ငံကို ရှားရှားပါးပါး သွားရောက်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးရဲ့ အကျိုးရလဒ်တွေကို အမွှမ်းတင် ပြောဆိုခဲ့တာကြောင့် ဒါဟာ မြေပြင်ကနေ ပူးပေါင်း ထိုးစစ်ဆင်လာမယ့် အပေါ် ယူကရိန်း အစိုးရကို စိုးရိမ်စိတ် ဝင်စေပါတယ်။
အကြမ်းဖက်ရေး အားပေးမှုတွေနဲ့ သမ္မတဟောင်း Donald Trump ကို တရားရေး ဌာနက ရာဇဝတ်ကြောင်း အရ တရားစွဲဆိုရေးကို အမေရိကန် လွှတ်တော်မှာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ ၆ ရက်နေ့ ဆူပူ အုံကြွမှုကို စုံစမ်းစစ်ဆေးခဲ့တဲ့ လွှတ်တော် ကော်မတီက တနလာၤနေ့မှာ အကြံပြု ထောက်ခံ လိုက်ပါတယ်။
နိုင်ငံရေး ခိုလှုံခွင့်ရရေး ကြိုးပမ်းသူတွေကို ရဝမ်ဒါကို ပို့မယ့် ဗြိတိန် အစိုးရရဲ့ အငြင်းပွားဖွယ် အစီအစဉ်ဟာ တရားဥပဒေနဲ့ ညီညွတ်ကြောင်း ဗြိတိန် တရားရုံးချုပ်က တနလာၤနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။
ကမ ္ဘာတလွှားက နေရပ်စွန့်ခွာ ရွှေ့ပြောင်းကြတဲ့ သန်းရာချီရှိတဲ့ ရွှေ့ပြောင်း အခြေချသူများ အတွက် အထိမ်းအမှတ် အဖြစ်နဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ကို နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများနေ့ အဖြစ် ကုလသမဂ္ဂက သတ်မှတ်ထားတာပါ။
ကာတာနိုင်ငံမှာ ကျင်းပတဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို အနိုင်ရ ဗိုလ်စွဲသွားတဲ့ အာဂျင်တီးနား အသင်းကို ဦးဆောင်သူ Lonel Messi ကို FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အကောင်းဆုံး ဘောလုံးသမားဆု ရွှေဘောလုံးဆု ချီးမြှင့်လိုက်ပါတယ်။
ကာတာနိုင်ငံမှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ ကမ ္ဘာ့ဖလား နောက်ဆုံး ဗိုလ်လုပွဲမှာတော့ အာဂျင်တီနား အသင်းက ပြင်သစ်ကို အနိုင်ရပြီး ဗိုလ်စွဲသွားပါပြီ ။
၂၀၂၂ ခုနှစ် FIFA ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် အာဂျင်တီးနားနဲ့ ပြင်သစ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကြမယ့် Lusail အားကစားကွင်း ပြင်ပမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ မြင်းစီးရဲတပ်ဖွဲ့တွေနဲ့ လုံခြုံရေးကို တိုးမြင့်ချထားပါတယ်။
မြန်မာနိုင်ငံသား ၁၀၄ ဦး တင်ဆောင်ပြီး မလေးရှားနိုင်ငံဘက်ကို ဦးတည်သွားနေတဲ့ ငါးဖမ်းစက်လှေတစင်းကို သီရိလင်္ကာရေတပ်က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။
စစ်သားတွေ စိတ်ဓာတ် မြင့်တက်အောင်လို့ ရုရှား စစ်တပ်က ရှေ့တန်းစစ်မျက်နှာကို အော်ပရာအဆိုတော်တွေနဲ့ ဖျော်ဖြေရေးအဖွဲ့တွေကို ပြီးခဲ့တဲ့အပတကစပြီး ပို့နေပေမဲ့ စိတ်ဓာတ်ပြန်တက်လာစရာ မရှိဘူးလို့ ဗြိတိန် စစ်ထောက်လှမ်းရေးက သုံးသပ်လိုက်ပါတယ်။
မလေးရှားမှာ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း သေဆုံးသူ ၂၃ ဦးရှိနေပြီး ၁၀ ဦးက ပျောက်ဆုံးနေဆဲပဲလို့ မလေးအာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်စရာဖြစ်တဲ့အတွက် တရုတ်နည်းပညာကုမ္ပဏီ ၃၆ ခုကို ထုတ်ကုန် ပိတ်ပင်တဲ့ Blacklist စာရင်းထဲ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထည့်သွင်းလိုက်ပါတယ်။
ကမ္ဘာ့ဖလား တတိယနေရာလုပွဲကို အခုမကြာခင် မြန်မာစံတော်ချိန် ၉ နာရီနာရီခွဲမှာ စတင်တော့မှာဖြစ်ပါတယ်။ ကာတာနိုင်ငံက Khalifa International ကွင်းမှာ Croatia အသင်းနဲ့ Morocco တို့ ကစားကြမှာ ဖြစ်ပါတယ်။
Twitter လူမှုကွန်ယက်က ကြာသပတေးနေ့က ပိတ်ခဲ့တဲ့ သတင်းထောက်တွေရဲ့ Twitter အကောင့်တွေကို ပြန်ဖွင့်ပေးမယ်လို့ ကုမ္ပဏီပိုင်ရှင် Elon Musk က ဒီနေ့ စနေနေ့အစောပိုင်းက Twitter ပေါ်မှာ ရေးတင်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်