ကိုဗစ်အတည်ပြုလူနာ ပြန်လည်မြင့်တက်နေတဲ့ တရုတ်နိုင်ငံက စီးပွားရေးအချက်အချာကျတဲ့ ရှန်ဟိုင်းမြို့ကြီးမှာ မူကြိုကျောင်းနဲ့ သူငယ်တန်းအားလုံးကို ဒီဇင်ဘာ ၁၉ တနင်္လာနေ့ကစပြီး ပိတ်ထားဖို့ ရှန်ဟိုင်းပညာရေးဗျူရိုက ဒီနေ့ စနေနေ့မှာ ညွှန်ကြားချက် ထုတ်လိုက်ပါတယ်။
ဂျာမနီနိုင်ငံ ဘာလင်မြို့ထဲက စားသောက်ဆိုင်၊ ဈေးဆိုင်နဲ့ ကော်ဖီဆိုင်တွေရှိတဲ့ DomAquaree အဆောက်အအုံထဲ ဆလင်ဒါပုံသသဏ္ဍန်ငါးကန်ကြီး မှန်တွေကွဲကျသွားတဲ့အတွက် ငါးအကောင် ၁၅၀၀ နဲ့ ရေလီတာ ၁သန်းလောက် အနီးအနားနဲ့ လမ်းပေါ်ကို ဖိတ်စင်ကုန်ပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲကို တကမ္ဘာလုံး စောင့်ကြည့်အားပေးနေကြချိန်မှာ ဒီဇင်ဘာလ ၁၃ ရက်နေ့ကတော့ ထိုင်းနိုင်ငံ၊ အယုဒ္ဓယ ဆင်နန်းတော် စခန်းကလည်း သူတို့ရဲ့ လက်ရွေးစင်ဆင်တွေနဲ့ ဘောလုံးပွဲတပွဲ စီစဉ်ကစားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ ကပ်ရောဂါ ဒဏ်ခံရတဲ့အပြင် စစ်တပ်ကပါ အာဏာသိမ်းခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်လောက်ဟာ ဆင်းရဲတွင်းနက်တဲ့ အခြေနေနဲ့ ကြုံနေရတယ်လို့ ကုလသမဂ္ဂက သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု ၊ ဝါရှင်တန်ဒီစီမြို့တော် မှာ ဒီဇင်ဘာ ၁၃ ကနေ ၁၅ ရက်နေ့အထိ အာဖရိကတိုက်ဒေသ နိုင်ငံ ၅ဝ က ခေါင်းဆောင်တွေနဲ့ အမေရိကန် ပြည်ထောင်စု တို့ရဲ့ ထိပ်သီးဆွေးနွေးပွဲ ပြီးဆုံးသွားပါတယ်။
မြန်မာစစ်ကောင်စီရဲ့ အပြစ်ကျူးလွန်မှုတွေကနေ ကင်းလွတ်ခွင့်ရနေမှုကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက အဆုံးသတ်နိုင်သလို ရပ်ဆိုင်းသွားအောင်လည်း လုပ်ဆောင်ရမှာ ဖြစ်ကြောင်း မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မနေ့က ဒီဇင်ဘာလ ၁၅ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်ကောင်စီက ရှေ့နှစ်ထဲ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ဥရောပသမဂ္ဂနဲ့အတူ လက်မခံပဲ ဆန့်ကျင်ဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ကို EU က တိုက်တွန်းလိုက်ပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲတွေရဲ့ အင်္ဂါနေ့က အကြိုဗိုလ်လုပွဲမှာ အာဂျင်တီးနားအသင်းက ခရိုအေးရှားအသင်းကို ၃ ဂိုး၊ ဂိုးမရှိနဲ့ အပြတ်သတ် အနိုင်ရပြီး ဗိုလ်လုပွဲကို တက်သွားပြီဖြစ်ပါတယ်။
သန့်ရှင်းစွမ်းအင်တခုဖြစ်တဲ့ နျူကလီးယားစွမ်းအင်ကို အနုမြူရောင်ခြည်အဆိပ်သင့်မှု မရှိပဲ ထုတ်နိုင်အောင် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားနေရာကနေ အခု အမေရိကန်သိပ္ပံပညာရှင်တွေက ဒီသန့်ရှင်းစွမ်းအင်ကို နျူကလီးယားပေါင်းစည်းမှုကနေ ထုတ်နိုင်ပြီလို့အမေရိကန်စွမ်းအင်ဝန်ကြီးဌာန ဒီဇင်ဘာ ၁၃ ရက် နေ့မှာ ကြေညာလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ သတင်းသမားတွေအပေါ် ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ စီရင်နေတဲ့အပေါ် နိုင်ငံတကာ မီဒီယာလွတ်လပ်ခွင့် အဖွဲ့တွေက ဝေဖန်လိုက်ကြပြီး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ကြပါတယ်။
ဗြိတိန်နိုင်ငံမှာ ဒီနှစ်ဆောင်းရာသီ ပထမအကျော့အဖြစ် အအေးလှိုင်းဖြတ်တော့ တချို့ဒေသတွေ နှင်းတွေကျပြီး သွားလာရေးအခက်အခဲဖြစ်နေသလို လန်ဒန်မြို့တော်မှာလည်း အအေးဒဏ်က ရေခဲမှတ်အောက်ရောက်ခဲ့ပါတယ်။
ဥရောပပါလီမန်က ဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ သြဇာလွှမ်းမိုးနိုင်ရေး ပင်လယ်ကွေ့နိုင်ငံတခုက ပေးအပ်တဲ့ ငွေကြေးနဲ့ လက်ဆောင်ပဏ္ဍာတွေရယူမှုစွဲချက်နဲ့ လူပုဂ္ဂိုလ် ၄ ဦးကို ဘယ်လ်ဂျီယံတရားသူကြီးတဦးက တနင်္ဂနွေနေ့မှာ စွဲချက်တင်လိုက်ပါတယ်။
အမေရိကန် အာကာသသိပ္ပံ အေဂျင်စီ NASA က လွှတ်တင်ထားတဲ့ Orion အာကာသယာဉ်ငယ် တနင်္ဂနွေနေ့မှာပဲ ကမ္ဘာမြေပေါ် ပြန်ဆင်းသက်လာပါတယ်။
အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နဲ့ ဥရောပသမဂ္ဂ (EU) ခေါင်းဆောင်တွေရဲ့ ဒီသီတင်းပတ်ထဲ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တော်က ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေး ဆွေးနွေးဖို့ အလားအလာရှိနေပါတယ်။
ဂျပန်ကုမ္ပဏီအသစ် ISpace Inc က လကို ဆင်းသက်မယ့် အာကာသယာဉ်ကို အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ် Cape Canaveral ကနေ ပစ်လွှတ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ရာစုဝက်အတွင်းမှာ အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ရဲ့ အာကာသဌာနတွေက လကို ဆင်းတဲ့ ယာဉ်တွေ ပစ်လွှတ်နိုင်ခဲ့ကြပေမဲ့၊ ပုဂ္ဂလိက ကုမ္ပဏီကတော့ မလုပ်နိုင်ခဲ့သေးပါဘူး။
တရုတ်နိုင်ငံမှာ အစိုးရက လူတွေကို အိမ်ထဲကနေ အပြင်မထွက်ဘဲ နေကြဖို့ ကန့်သတ်ချက်တွေကို ပြန်ရုတ်သိမ်းလာချိန်မှာပဲ၊ ကိုဗစ်ကူးစက်မှုတွေ တိုးလာနေတာကြောင့်၊ တရုတ်အစိုးရက ဆေးရုံတွေမှာ အရေးပေါ် အထူးကြပ်မတ် ကုသဆောင်တွေ တိုးချဲ့ပြီး၊ ဆေးရုံတွေကို အားဖြည့်ဖို့ ကြိုးပမ်းလာနေပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေတွေကြောင့် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း သိသိသာသာ ထိခိုက်လာနေပါတယ်။ ဥရောပ၊ အမေရိကနဲ့ အာရှနိုင်ငံတွေက ခရီးသွားတွေရဲ့ ခရီးစဉ် ၈၅ % ကျော် ပြန်ဖျက်သွားကြတယ်လို့ အီရန် ဟိုတယ်လုပ်ငန်းရှင်များ အဖွဲ့အကြီးအကဲ Jamshid Hamzezadeh က ILNA သတင်းဌာနကို ပြောပါတယ်။
ဥရောပ၊ အမေရိကန်နဲ့ သြစတြေးလျနိုင်ငံတွေရဲ့ ရန်ကကာကွယ်ဖို့အတွက် ရုရှားက နည်းပညာအဆင့် ထပ်မြှင့်ထားတဲ့ နောက်ဆုံးပေါ် လက်နက်တွေ ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ ရုရှားသမ္မတဟောင်း Dmitry Medvedev က တနင်္ဂနွေနေ့ က ပြောလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ်က မယ်လဒုက္ခသည်စခန်းမှာ နှစ်ပေါင်း ၂၀ ကျော်လောက် ထွက်ပေါက်မရှိဘဲ နေထိုင်နေကြရတဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေက သူတို့ ကလေးတွေရဲ့ အနာဂတ်ကင်းမဲ့ နေတာတွေ အပါအဝင် တတိယနိုင်ငံတခုခုမှာ ခိုလှုံပေးဖို့တို့အတွက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဒီဇင်ဘာလ ၁၀ ရက် စနေနေ့က နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တော်မှာ အဝေးရောက်မြန်မာနိုင်ငံသားတွေစုရုံးပြီး မြန်မာ့လူ့အခွင့်အရေးအတွက်ဆန္ဒပြပွဲတရပ်ကိုဆင်နွှဲခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်