၂၀၂၂ ခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုပေးပွဲကို စနေနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာကျင်းခဲ့ပြီး ဒီနှစ်ဆုရတဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေက တရားမျှတတဲ့ကမ္ဘာကြီးဖြစ်ရေးဆိုတဲ့ တူညီတဲ့ အမြင်တွေကိုဖေါ်ပြခဲ့ကြသလို၊ ရုရှား သမတ ဗာလဒီမာပူတင်ရဲ့ ယူကရိန်းကိုကျူးကျော်တဲ့ စစ်ပွဲကိုလည်း ရှုတ်ခဲ့ကြပါတယ်။
ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကွာတားဖိုင်နယ် ပွဲစဉ်တွေအဖြစ် စနေနေ့က ယှဉ်ပြိုင်ကစားကြရာမှာ မော်ရိုကို အသင်းက ပေါ်တူဂီအသင်း တဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပြီး ပရိဿတ်တွေ အထူးစိတ်ဝင်စားနေကြတဲ့ ပြင်သစ် နဲ့ အင်္ဂလန် ပွဲမှာတော့ ပြင်သစ် က အင်္ဂလန် ကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိသွားပါတယ်။
ဒီနေ့ကျင်းပမယ့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ပထမပွဲအဖြစ် Morocco နဲ့ Portugal တို့ မကြာခင်အချိန်မှာပဲ ကစားကြတော့မှာဖြစ်ပါတယ်။ ကမ္ဘာ့ဖလားသမိုင်းမှာ ပထမဆုံးရှုံးထွက်အဆင့် တက်လာတဲ့ Morocco အသင်းက ဥရောပအသင်းကြီးတခုဖြစ်တဲ့ Portugal အသင်းနဲ့ မြန်မာစံတော်ချိန် ည ၉ နာရီခွဲမှာ စကစားကြတော့မှာပါ။
NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းဟာ မနေ့က ဥရောပပါလီမန်အမတ်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။
ဟောင်ကောင်မှာ ဒီမိုကရေစီရေး လှုပ်ရှားသူ၊ ထင်ရှားတဲ့ မီဒီယာလုပ်ငန်းရှင် သူဌေးကြီး ဂျင်မီလိုင် (Jimmy Lai) ကို ထောင်ဒဏ် ၆ နှစ်နီးပါးနဲ့ ငွေဒဏ် ဒေါ်လာသိန်းချီ ချလိုက်ပါတယ်။
ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ ဖိလစ်ပိုင်နိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို မီးမောင်းထိုးပြတဲ့ အနေနဲ့ ရာနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဓိကအတိုက်အခံ BNP ပါတီကို ထောက်ခံသူ သောင်းနဲ့ချီ မြို့တော်ဒါကာမှာ ဒီနေ့ စုဝေးဆန္ဒပြပြီး၊ ဝန်ကြီးချုပ် ရှိက်ဟာဆီနာ (Sheikh Hasina) အစိုးရ ဆင်းပေးဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ မနေ့ သောကြာနေ့က ကွာတာဖိုင်နယ် ပထမပွဲစဉ်မှာ ခရိုးအေးရှား က ဘရာဇီး ကို အနိုင်ရပြီး ဆီမီးဖိုင်နယ် ကို တက်ရောက်သွားပါတယ်။
ယူကရိန်းကို ရုရှားကျူးကျော်စစ်၊ ဂျပန်မှာ လှုပ်တတ်တဲ့ ငလျင်တွေအပြင် မြောက်ကိုရီးယားက ဂျပန်ကို ကျော်ပြီး ဒုံးကျည်ပစ်ခတ်တဲ့အခါ ဗုံးခိုခန်းတခု အမြန်ဝယ်ဖို့ ကလေးငယ် ၃ ယောက်မိခင် မိုရိုဟိုရှီ စဉ်းစားမိပါတယ်။ နာရိုအင်ဂျင်နီးယားရင်းကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး ပထမတော့ ပြခန်းမှာ ပြသရုံအတွက် ရည်ရွယ်တာပါ။
ပင်လယ်ထဲမှာ စက်လှေနဲ့ မျောနေတဲ့ ရိုဟင်ဂျာတွေကို ဒေသတွင်း နိုင်ငံတွေက အမြန်ဆုံးရှာဖွေကယ်ဆယ်ကြဖို့ ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။
ရုရှားနိုင်ငံမှာ ဖမ်းဆီးခံထားရတဲ့ အမေရိကန် ဘတ်စကက်ဘောမယ် Brittney Griner ဟာ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်အရ ပြန်လည်လွတ်မြောက် လာပြီဖြစ်ကြောင်း အမေရိကန်သမ္မတ Joe Biden က ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ အမျိုးသားကာကွယ်ရေး အသုံးစရိတ်ဥပဒေကြမ်းမှာ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့အဖွဲ့တွေကို ကျွမ်းကျင်မှုပိုင်းနဲ့ လက်နက်မဟုတ်တဲ့ ကူညီထောက်ပံ့မှုတွေပေးရေး ထည့်သွင်းထားပါတယ်။
အာရှဒေသမှာ ကားထုတ်လုပ်မှု စတုတ္ထအများဆုံး နိုင်ငံလည်းဖြစ်ပြီး ဂျပန်ကားတွေနဲ့ တရုတ်လျှပ်စစ်ကားတွေနေရာရထားတဲ့ ထိုင်းနိုင်ငံမှာ ကမ္ဘာ့နာမည်အကျော်ဆုံး အမေရိကန်လျှပ်စစ်ကား ကုမ္ပဏီ တက်ဆလာက နေရာယူဖို့ ခြေလှမ်းစလိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀ လောက်၊ ၁၄ ဆက်မြောက် လူဝီဘုရင် အုပ်စိုးစဉ် ၁၆၇၁ ခုနှစ်ကတည်းက ဆောက်လုပ်ထားရှိခဲ့တဲ့ မြင်းရထားစီး အပိုလို ဂရိနတ်ဘုရား ရုပ်တုကို တပ်ဆင်ပြီးကတည်းက အခု အခုပထမဆုံးအကြိမ်အဖြစ် ပြုပြင်ထိမ်းသိမ်းရေးလုပ်ဖို့ စတင်နေပါပြီ။
ကမ္ဘာ့ဖလားမှာ အစဉ်အလာကြီးတဲ့ စပိန်အသင်းကို ရံှှုးထွက်အဆင့်မှာ ပင်နယ်တီနဲ့ အနိုင်ရလိုက်တဲ့အတွက် မော်ရိုကိုအသင်းပရိသတ်တွေ အောင်ပွဲခံနေကြတာဖြစ်ပါတယ်။ ဒီနိုင်ပွဲကြောင့် မော်ရိုကိုအသင်းဟာ ကမ္ဘာ့ဖလားသမိုင်းမှာ ကွာတားဖိုင်နယ်တက်တဲ့ စတုတ္ထမြောက် အာဖရိကအသင်းဖြစ်လာပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ အင်္ဂါနေ့ ပွဲစဉ်တွေမှာ ပေါ်တူဂီနဲ့ မော်ရိုကို အသင်းတို့ ကွာတာဖိုင်နယ် တက်သွားပါတယ်။
ရုရှားနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ Donetsk အရှေ့ဖက်ဒေသ ရှေ့တန်းနားကို ယူကရိန်းသမ္မတ Volodymyr Zelenskyy ကိုယ်တိုက်သွားရောက်ခဲ့ပြီး ယူကရိန်းနိုင်ငံတွင်းကနေ ရုရှားတပ်တွေအားလုံးကို မောင်းထုတ်ပစ်ဖို့ ကတိပြုခဲ့ပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အိမ်ထောင်ဖက်မဟုတ်သူနဲ့ လိင်ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် လွှတ်တော်က ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကျရောက်တဲ့ ယူကရိန်းတပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ရုရှားကျူးကျော်စစ်မှာ နိုင်ငံအတွက် ခုခံတိုက်နေကြတဲ့ စစ်သည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ သမ္မတ ဗလိုဒီမီယာဇလန်းစကီး ရှေ့တန်းစစ်မြေပြင်တနေရာကို သွားရောက်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်း အမျိုးသမီးငယ်တဦးကို PDF ပြည်သူ့ကာကွယ်ရေးတပ်က သတ်ဖြတ်တယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ပတ်သက်လို့ ပြည်သူ့ကာကွယ်ရေးတပ်သားတွေပါမပါ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူ မည်သူ့ကိုမဆို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်