အာဂျင်တီးနားဘောလုံးသမား မက်ဆီကို ကြည့်ရဖို့ အီဂျစ်ကနေ ကာတာနိုင်ငံကို လာခဲ့သူ အက်ရက်ဖ်အလီအတွက်က အာဂျင်တီးနားပွဲကြည့်ရဖို့ ဘယ်ဈေးပဲ ပေးရပေးရ သူတတ်နိုင်တဲ့ ပမာဏဆို ပေးဖို့ အသင့်ပဲဖြစ်ပါတယ်။
ကာတာကမ္ဘာ့ဖလားမှာ ဒီဇင်ဘာ ၃ ရက်နေ့၊ အမေရိကန်နဲ့ နယ်သာလန်ပွဲ၊ အနိုင်ရသွားပြီး ကွာတားဖိုင်နယ်တက်သွားလို့ နယ်သာလန်အသင်း ပျော်နေကြပြီး ဟိုတယ်ထဲကို ကခုန်ပြီး ဝင်လာခဲ့ကြတာပါ။
ကာတာနိုင်ငံမှာ ပြိုင်ပွဲကျင်းပတာ ကမ္ဘာ့ဖလားဘောလုံးပွဲတင်မကပါဘူး။ ကာတာ ကုလားအုပ် အလှပြိုင်ပွဲလည်း ကျင်းပနေတာပါ။ ကာတာနိုင်ငံ အက်ရှိ ရှာဟန်နီယာမြို့မှာ ကာတာကုလားအုပ် မဇာယန်ကလပ်စီစဉ်ပြီး ကုလားအုပ်အလှပြိုင်ပွဲ ကျင်းပနေပါတယ်။
အမေရိကန် အာကာသနဲ့ ကာကွယ်ရေးနည်းပညာကုမ္ပဏီ နော့သရော့ ဂရာမန် ကော်ပိုရေးရှင်းက အမေရိကန်စစ်တပ်အတွက် ပထမဆုံး တာဝေးသွား စတဲ့လ် ကိုယ်ပျောက်အနုမြူဗုံးကြဲလေယာဉ်ကို အခမ်းအနားနဲ့ ဖွင့်လှစ်မိတ်ဆက်လိုက်တာပါ။
အင်ဒိုနီးရှားမီးတောင် ဆီမီးရူး (Semeru) ဟာ ပေါက်ကွဲပြီး ပြာပူတွေကို မိုးအထက် တစ်မိုင်အထိတက်သွားအောင် တနင်္ဂနွေနေ့က မှုတ်ထုတ်လိုက်တဲ့အတွက် အမြင့်ဆုံး သတိပေးချက်ကို အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။
အမေရိကန် နိုင်ငံ လူဝင်မှုကြီးကြပ်ရေး၊ လူဦးရေနဲ့ ဒုက္ခသည်များဆိုင်ရာ လက်ထောက်ဝန်ကြီး Julieta Valls Noyes ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့ကို ဒီဇင်ဘာ ၇ ရက်ကနေ ၁၀ ရက်နေ့အထိ သွားရောက်မှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။
အီရန်ပြည်သူတွေက နှစ်လကြာ ဆန္ဒပြခဲ့ကြပြီးတဲ့နောက် ဘာသာရေး ရဲတပ်ဖွဲ့ကို ဖျက်သိမ်းလိုက်ကြောင်း တနင်္ဂနွေနေ့က အီရန်ဒေသခံမီဒီယာကို ကိုးကားပြီး၊ အေအက်ဖ်ပီသတင်းဌာနက ဆိုပါတယ်။
ရေဒါစနစ်နဲ့ ဖမ်းလို့ မမိနိုင်တဲ့ နောက်ဆုံးပေါ် နည်းပညာ အဆင့်မြင့် ကိုယ်ပျောက် နျူကလီးယား ဗုံးကြဲလေယာဉ်ကို နှစ်ပေါင်းများစွာ လျှို့ဝှက် တည်ဆောက်ခဲ့ပြီးတဲ့နောက် မနေ့က သောကြာနေ့မှာ အမေရိကန်အစိုးရက ပထမဆုံးအကြိမ် မိတ်ဆက်လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်မှာရှိတဲ့ မြန်မာစစ်သံရုံးရှေ့နဲ့ သမ္မတအိမ်ဖြူတော်ရှေ့တွေမှာ ဒီကနေ့ အမေရိကန်တဝန်းက အမျိုးသမီးရေး လှုပ်ရှားသူတွေ၊ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ စုဝေးပြီး၊ မြန်မာစစ်တပ်ရဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တောင်းဆိုဆန္ဒပြကြဖို့ ရှိပါတယ်။
ကာတာနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ဖလားပွဲတွေရဲ့ ရှုံးထွက်အဆင့် ပွဲတွေ ဒီနေ့ မကြာခင်အချိန်ပိုင်းမှာပဲ စတင်ကြတော့မှာ ဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ၉ နာရီခွဲမှာ စတင်မယ့် ပထမဆုံးပွဲကတော့ အမေရိကန်နဲ့ နယ်သာလန်အသင်းတို့ ကစားကြမယ့်ပွဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ကုန်တင်ထရပ်ကားမောင်းသူတွေကို ဝန်စည်တင်ဆောက်ခ တိုးပေးဖို့အတွက် အလုပ်ကထွက်ဆန္ဒပြကြတဲ့ ထရပ်ကားသမားတွေကို မဖြစ်မနေ အလုပ်ခွင်ပြန်လာဖို့ အစိုးရက ဖိအားပေးတာကို မကျေနပ်တဲ့အတွက် အလုပ်သမားအဖွဲ့အစည်းတွေကို ကိုယ်စားပြုတဲ့ ဆန္ဒပြသူတွေ ထောင်သောင်းချီ ဆိုးလ်မြို့တော်မှာ ချီတက်ဆန္ဒပြကြပါတယ်။
ရုရှားစီးပွားရေးကို ပိုပြီးအထိနာအောင် ရုရှားက ဝယ်ယူတဲ့ ရေနံစိမ်းတစည်ကို ဒေါ်လာ ၃၀ ထက်ပိုပြီးပေး မဝယ်သင့်ဘူးလို့ ယူကရိန်း သမ္မတရဲ့ အကြီးတန်းအကြံပေးက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
🥖 ပြင်သစ်နိုင်ငံရဲ့ ရိုးရာစားစရာလည်းဖြစ်၊ နေ့စဉ်စားသုံးမှုမှာ မပါမဖြစ်လည်းဖြစ်တဲ့ ဘဂတ်ပေါင်မုန့်ချောင်းကို ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာ့ယဉ်ကျေးမှုအမွေစာရင်းထဲ ၂၀၂၂ နိုဝင်ဘာ ၃၀ က ထည့်သွင်းလိုက်လို့ တနိုင်ငံလုံး ပျော်ရွှင်သူတွေထဲ ပြင်သစ်စားဖိုမှုးတွေ အကဲဆုံး ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရေပန်းစားနေတဲ့ အုပ်စု G က ဘရာဇီးအသင်း လေ့ကျင့်ရေးဆင်းနေတာပါ။ လက်ရှိမှာ ဘရာဇီးဟာ ၂ပွဲနိုင်ထားပြီး အုပ်စုအဆင့်ကနေ (၁၆)သင်း ရှုံးထွက်အဆင့်တက်ဖို့ သေချာနေပြီး ဒီဇင်ဘာ ၂ရက် သောကြာနေ့မှာတော့ ကင်မရွန်းနဲ့ ကစားကြမှာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ နှစ်တရာပြည့် ခရစ္စမတ်သစ်ပင်ထွန်းညှိပွဲအခမ်းအနားကို နိုဝင်ဘာလ ၃၀ ရက်နေ့ ညက အိမ်ဖြူတော်မှာ ကျင်းပခဲ့ပါတယ်။ မိသားစုတွေ နှစ်စဉ်ဆုံတွေ့ကြတဲ့ ခရစ္စမတ် အားလပ်ရက် ရာသီမှာ အတူရှိမနေနိုင်တော့သူတွေကို လွမ်းဆွတ်ကြရတာအတွက် သမ္မတက အခမ်းအနားမှာ စာနာစကားပြောသွားခဲ့ပါတယ်။
မိတ်ဆွေ အမေရိကန်နဲ့ အီးယူတို့က ယူကရိန်းကို ကူညီသလိုမျိုး မြန်မာကို အကူအညီပေးကြဖို့နဲ့၊ မြန်မာပြည်သူတွေဟာ မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အတော်လေး ခံစားနေရတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက ပြောဆိုပါတယ်။
အိန္ဒိယနိုင်ငံ တိဘက်ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ဟီမာပရာဒက်ချ်တောင်တန်းဒေသက ကလေးတဦးကို တန်ခိုးကြီးတိဘက်ဘုန်းတော်ကြီးတပါး ပြန်ဝင်စားတယ်ဆိုပြီး ဘုန်းကြီးကျောင်းတည်ရှိတဲ့ အရပ်ကို ပင့်ဆောင်ခေါ်ယူခဲ့ကြပါတယ်။
တရုတ်ရဲ့ တင်းကြပ်တဲ့ ဇီးရိုးကိုဗစ်မူဝါဒအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေနဲ့ ပိုမိုလွတ်ခပ်ခွင့်တောင်းဆိုတဲ့ဆန္ဒပြပွဲတွေ ပြည်တွင်းမှာသာမက ကမ္ဘာအနှံ့မြို့ကြီးတွေမှာပါ ရိုက်ခတ်လာပါတယ်။
ပြင်သစ်စက်ဘီးသမား ၂ ဦးဖြစ်တဲ့ မာဒီ ဘာလာမစ်ဆာနဲ့ ဂေဘရီရယ်လ် မာတင်တို့ ပါရီမြို့တော်ကနေ လွန်ခဲ့တဲ့ ၃ လ က စထွက်ခဲ့တော့ သူတို့ မိုင် ၄,၃၀၀ စက်ဘီးနင်းပြီး ကမ္ဘာ့ဖလားဘောလုံးပွဲ ကျင်းပရာ ကာတာနိုင်ငံကို အရောက်သွားကြဖို့ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်အနီးက မြို့လေးတမြို့မှာ လေယာဉ်ငယ်တစင်း ဗို့အားမြင့် လျှပ်စစ်ကြိုးတွေကို ဝင်တိုက်မိပြီး နာရီအတော်ကြာ နိုဝင်ဘာလ ၂၈ နေ့ကတော့ လေယာဉ်အကျိုးအပျက်ကို လျှပ်စစ်လိုင်းကနေ ဖယ်ရှားနိုင်ခဲ့ကြတာပါ။ လေယာဉ်မှာ လူ ၂ ဦး လိုက်ပါ လာပြီး ၂ ဦးလုံးကို အသက်ရှင်ရက် ကယ်တင်နိုင်ခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်