မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Um ရဲ့သမီးဟာ ဒီကနေ့ ဒုံးကျည်ပညာရှင်တွေနဲ့ တွေ့ဆုံပွဲကို ထပ်မံတက်ရောက်ခဲ့တာမှာ သူ့ကို ခေါင်းဆောင်ရဲ့ “အချစ်ဆုံးသမီး” ၊ “သမီးရတနာလေး” စသဖြင့် တင်စားခေါ်ဆိုခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားက ယူကရိန်းနိုင်ငံအပေါ်ကျူးကျော်စစ်ကြောင့် ဥရောပတဝန်းမှာ စွမ်းအင်၊ လောင်စာ အခက်အခဲကြုံနေရတဲ့အချိန်မှာ၊ အခုလာမယ့် ဆောင်းရာသီ ခရစ္စမတ် အားလပ်ရက်ပွဲတော်ကာလအတွင်း မီးရောင်စုံတွေထွန်းပြီး ဆင်နွဲသင့် မနွဲသင့်ဆိုတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကြားမှာ ဝေခွဲမရ ဖြစ်နေပါတယ်။
နိုင်ငံအတွင်း လူမျိုးရေး တန်းတူ ညီမျှမှုရှိစေရမယ်ဆိုတဲ့ ကာလရှည်ကြာ သူပေးထားခဲ့တဲ့ကတိကို ဝန်ကြီးချုပ်သစ်အနေနဲ့ တကယ်လက်တွေ့အကောင်အထည် ဖော်နိုင်မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ ကိုဗစ်လုံးဝကင်းစင်ရေး Zero Covid မူဝါဒ ချမှတ်ထားတဲ့အပေါ် မြို့တော်ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့အပါအဝင် နိုင်ငံတဝန်းက တက္ကသိုလ်ကျောင်းပေါင်း ၅၀ လောက်မှာ ဒီကနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။
ရွေ့နှစ်အတွက် ကမ္ဘာ့စီးပွားရေး အလားအလာ မှေးမှိန်အားနည်းနေတယ်လို့ စီးပွားရေး သုံးသပ်ချက်တွေက ဖော်ပြပါတယ်။ Institute of International Finance ခေါ် နိုင်ငံတကာဘဏ္ဍာရေး အင်စတီကျုအဖွဲ့က ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ၁.၂% သာ ရှိလိမ့်မယ်လို့ ခန့်မှန့်ပါတယ်။
မြန်မာစစ်တပ်ပိုင် ကုန်တင်သင်္ဘောတွေကို ကာတာနိုင်ငံ ဆိပ်ကမ်းတွေမှာ ကမ်းကပ်ခွင့် ဆက်မပေးဖို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Burma Campaign UK က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ဒီကနေ့ ကျင်းပပြီးစီးခဲ့တဲ့ ထိုင်ဝမ်ဒေသန္တရ ရွေးကောက်ပွဲတွေမှာ အတိုက်အခံ ကူမင်တန်ပါတီက အများစုအနိုင်ရနေပြီး လက်ရှိ ထိုင်ဝမ်သမ္မတ Tsai Ing-wen အတွက်တော့ ထိခိုက်ဆုံးရှုံးမှု ဖြစ်စေပါတယ်။
တရုတ်နိုင်ငံထုတ် ဆက်သွယ်ရေး ပစ္စည်းကိရိယာတွေကို အမေရိကန်ပြည်ထောင်စုထဲ တင်သွင်းခွင့် ပိတ်ပင်လိုက်တဲ့အကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူတွေက မနေ့သောကြာနေ့က ကြေညာပါတယ်။
စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲထားတယ်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို အတည်ပြုပြောပါတယ်။
မလေးရှားဝန်ကြီးချုပ်သစ် Anwar Ibrahim က သူ့ရဲ့အစိုးရအနေနဲ့ ကုန်ဈေးနှုန်းကျဆင်းအောင် အဓိက ဦးစားပေးလုပ်သွားမယ်လို့ ဝန်ကြီးချုပ်တာဝန် ပထမဆုံးထမ်းဆောင်တဲ့ နေ့မှာပြောကြားလိုက်ပါတယ်။
စပိန်နိုင်ငံက သိပ္ပံပညာရှင်တွေ ဥရောပမှာ ရှာဖွေတွေ့ရှိသမျှထဲ အကြီးဆုံးဖြစ်တဲ့ ကမ္ဘာလိပ်ကြီးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တွေ့ရှိခဲ့ပါတယ်။ ဒိုင်နိုဆောတွေ အသက်ရှင်နေထိုင်ခဲ့တဲ့ နောက်ဆုံးခေတ် ကရေတေးရှပ်စ်ကာလမှာ နေထိုင်ရှင်သန်ခဲ့တာပါ။
ဂျာမနီနိုင်ငံရဲ့ တချို့ဒေသတွေမှာတော့ ခရစ္စမတ်ပွဲတော်ရာသီကို နိုဝင်လာ ၂၃ ရက်နေ့မှာပဲ တရားဝင်စတင်လိုက်ပြီလို့ ပြောနိုင်ပါတယ်။ ခရစ္စမတ်ရာသီစာ ဝိုင်ပူနဲ့ ဂျာမန်ရိုးရာ ဝက်အူချောင်းတို့ ရောင်းချပေးတဲ့ ခရစ္စမတ်ပွဲဈေးတွေ ဖွင့်လှစ်လိုက်လို့ ဖြစ်ပါတယ်။
မကြာခင်ရောက်လာတော့မယ့် ခရစ္စမတ် အားလပ်ရက်ရာသီအတွက် နယူးယောက်မြို့မှာ ထူးခြားဆန်းပြားတဲ့ စက္ခုအာရုံခံစားမှုကို ပေးစွမ်းနိုင်တဲ့ ဖန်တီးမှုတခု ပြုလုပ်ပေးထားပါတယ်။ အရောင်အသွေးအစုံနဲ့ ပျော်စရာအိပ်မက်ကမ္ဘာထဲ ရောက်သွားသလိုဖြစ်အောင် ဖန်တီးထားတာပါ။
အင်ဒိုနီးရှားနိုင်ငံမှာ ပြင်းအား ၅.၆ နဲ့ တနင်္လာနေ့ နိုဝင်ဘာ ၂၁ ရက်နေ့က လှုပ်သွားတဲ့ ငလျင်ကြောင့် သေဆုံးသူစာရင်းက နောက်တနေ့မှာပဲ တရာကျော် တက်သွားပြီး လူအနည်းဆုံး ၁၆၀ ကျော်သေဆုံးပြီလို့ အင်္ဂါနေ့မနက်မှာ ကြေညာခဲ့ပါတယ်။
ယူကရိန်းနိုင်ငံတောင်ပိုင်းက နီပရိုမြစ် အနောက်ဘက်ကမ်း ဟယ်ဆွန်မြို့ကနေ ၂၀၂၂၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ရုရှားတပ်တွေဆုတ်ခွာသွားချိန်မှာ အဓိက တံတားကြီးတစင်းနဲ့ ဓာတ်အားပေးစက်ရုံ တရုံကို ဖောက်ခွဲသွားခဲ့ပါတယ်။ ရုရှားတပ်တွေဘက်က အထိအခိုက်မရှိဘူးလို့လည်း ပြောသွားတာပါ။
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှာ ဒီကနေ့ တနင်္လာနေ့ ပြင်းအား ၅.၆ အဆင့်ရှိတဲ့ မြေငလျင် လှုပ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၅၆ ယောက် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ ငလျင်ကြောင့် အဆောက်အဦး ဒါဇင်ချီ ပျက်ဆီးခဲ့ရတယ်လို့ နိုင်ငံတော်သဘာဝဘေးအန္တရာယ် လျော့ပါးရေးဌာန အကြီးအကဲက ပြောပါတယ်။
နာမည်ကြီးအမေရိကန်အမျိုးသမီးအဆိုတော် တေလာဆွစ်တယောက် တနင်္ဂနွေနေ့ကကျင်းပတဲ့ အမေရိကန်ဂီတဆုပေးပွဲ (AMA)မှာ အမြင့်ဆုံးဆုဖြစ်တဲ့ တနှစ်တာအကောင်းဆုံးအနုပညာရှင်ဆုအပါအဝင် ဆု(၆)ဆု ဆွတ်ခူးရရှိသွားပါတယ်။ အခုရရှိခဲ့တဲ့ ၆ ဆုနဲ့ဆိုရင် အသက် (၃၂)နှစ်အရွယ် သူမဟာ အခုချိန်ထိ AMA ဆုစုစုပေါင်း ၄၀ ရရှိခဲ့ပြီဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံက Zaporizhzhia မှာရှိတဲ့ နျူကလီးယားဓါတ်အားပေးစက်ရုံ အနီးဝန်းကျင်မှာ စနေနေ့ နှောင်းပိုင်းနဲ့ ဒီကနေ့ တနင်္ဂနွေ အစောပိုင်းမှာ ပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ကုလသမဂ္ဂ ပြောကြားလိုက်တာကြောင့် ဒီဒေသမှာ ကာလအတန်ကြာ တည်ငြိမ်း အေးချမ်းမှုရှိနေတာလေး အဆုံးသတ်သွားခဲ့ပါတယ်။
ဆိုးရွားတဲ့ဒဏ်ကို ခံနေရတဲ့ ဆင်းရဲတဲ့နိုင်ငံတွေကို လျှော်ကြေးပေးရေး သီးသန့်ရံပုံငွေထားမယ့် သမိုင်းဝင် ဆုံးဖြတ်ချက်ကို အီဂျစ်နိုင်ငံမှာ ကျင်းပနေတဲ့ ဥတုရာသီညီလာခံက ဆုံးဖြတ်ချက် ချလိုက်နိုင်ပြီ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ နျူကလီးယားစွမ်းအင် ထုတ်လုပ်နိုင်ရေးအတွက် နည်းပညာအသစ်နဲ့ ပြုလုပ်မယ့် နျူကလီးယားဓါတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး အမေရိကန်ပြည်ထောင်စုက ကူညီပံ့ပိုးပေမယ်လို့ ပြောကြားလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်