မဲခေါင်ဒေသ သန့်ရှင်းစွမ်းအင် စီမံချက်တွေအတွက် ရံပုံငွေဒေါ်လာသန်း ၂၀ ချထားလိုက်ကြောင်း အမေရိကန် ဒုတိယသမ္မတ ကင်မလာ ဟဲရစ်စ် က ကျေညာလိုက်ပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ဟာ ကမ္ဘာ့ကလေးများနေ့ဖြစ်ကြောင်း ကုလသမဂ္ဂကလေးများ ရံပုံငွေအဖွဲ့ ယူနီဆက်ဖ်က သူ့ရဲ့အင်တာနက် စာမျက်နှာမှာ နှိုးဆော်အသိပေးထားပါတယ်။
နိုင်ငံတကာအသိုက်အဝန်းနဲ့ ဒေသတွင်း အာရှနိုင်ငံတွေအပေါ် စစ်ကောင်စီက မထေမဲ့မြင် ပြုတဲ့အတိုင်း၊ မြန်မာအပေါ် ပိတ်ဆို့အရေးယူတာကို စဉ်းစားသင့်တယ်လို့ သြစတြေးလျအတိုက်အခံ နိုင်ငံခြားရေးရာ ပြောရေးဆိုခွင့်ရှိသူ အထက်လွှတ်တော်အမတ် Simon Birmingham က ပြောကြားလိုက်ပါတယ်။
ကမ္ဘောဒီယားနိုင်ငံမှာ ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်၊ တနင်္ဂနွေနေ့ကနေ ကြာသပတေးနေ့အထိ ကျင်းပမယ့် အရှေ့တောင်အာရှ ကာကွယ်ရေး ဝန်ကြီးများ တိုးချဲ့အစည်းအဝေးကို တရုတ်နဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။
အမေရိကန် နယူးယောက်ပြည်နယ် အနောက်ပိုင်းနဲ့ မြောက်ပိုင်းမှာတော့ စံချိန်တင် နှင်းမုန်တိုင်းကြောင့် အသွားအလာနဲ့ လုပ်ငန်းတွေရပ်သွားပါပြီ။
အမေရိကန်ဒုသမ္မတနဲ့ တရုတ်ခေါင်းဆောင်တို့ ထိုင်းက APEC ထိပ်သီးပွဲပြင်ပမှာ တွေ့ဆုံပြီး၊ ဆက်ဆံရေးလမ်းကြောင်း ဆက်ဖွင့်ခဲ့ကြပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ အစိုးရထိပ်တန်းလျှို့ဝှက်မှတ်တမ်းတွေ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ ရာဇဝတ်မှု မြောက်မမြောက်ဆိုတာ ကြီးကြပ်စစ်ဆေးဖို့ သီးခြားလွတ်လပ်တဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူးတယောက်ကို တရားရေးဌာနက တာဝန်ပေးလိုက်ပါတယ်။
ပြန်လွတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး ရှောင်တာနယ် (Sean Turnell) က မြန်မာစစ်ကောင်စီကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။
အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်နဲ့ အကျဉ်းသား ၅,၇၀၀ ကျော်ကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးတယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် နိုဝင်ဘာ ၁၇ ရက်နေ့မှာ ထင်ရှားသူတွေထဲက NLD ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်၊ ၈၈ ငြိမ်းပွင့်ခေါင်းဆောင် ကိုမြအေး၊ စာရေးဆရာမောင်သာချို၊ ရွှေညဝါ ဆရာတော်တို့ ပြန်လည်လွတ်မြောက်လာပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာကျင်းပနေတဲ့ APEC အာရှပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးပွဲမှာ စီးပွားရေးတိုးတက်မှုဆိုင်ရာ ထိုင်းအဆိုပြုချက်ကို အတည်ပြုနိုင်ဖို့ ထိုင်းနိုင်ငံက မျှော်လင့်နေပါတယ်။
ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ Toru Kubota မြန်မာအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်ပြီး မနက်ဖြန်မနက်ပိုင်းမှာ ဂျပန်နိုင်ငံကို ပြန်လိမ့်မယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Hirokazu Matsuno က ပြောပါတယ်။
ဂျပန်နိုင်ငံမှာ ကလေးမရှိသူတွေ ပိုများလာပြီး ဒီထဲမှာမှ နေထိုင်စရာ ကျဉ်းတာ၊ နေ့စဉ် အချိန်ကြာကြာအလုပ်လုပ်ကြရတတ်တာတွေကြောင့် တိရိစ္ဆာန်ချစ်သူတွေအတွက်ဆိုရင် အလုပ်သိပ်မရှုပ်တဲ့ စက်ရုပ်ခွေးလေးတွေ မွေးတတ်ကြပါတယ်။
ကမ္ဘာမှာ နေထိုင်တဲ့ လူဦးရေ သန်း ၈၀၀၀ ပြည့်သွားပြီလို့ ကုလသမဂ္ဂတွက်ချက်ရေတွက်မှုအရ သိရပါတယ်။ ကမ္ဘာမှာ လူဦးရေအများဆုံးတိုင်းပြည်တွေက တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ ဖြစ်ပြီး ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၃ ပုံ ၁ ပုံ ကျော် နေထိုင်ပါတယ်။
ကာတာနိုင်ငံမှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မစတင်ခင်ရက်ပိုင်းအလိုမှာပဲ ဧရာမဘောလုံးကန်ဖိနပ်ကြီးကို ဖွင့်လှစ်ပြသလိုက်ပါတယ်။ ဒီဖိနပ်ကြီးဟာ အမြင့် ၇ ပေနဲ့ အရှည် ၁၇ပေရှိပြီး ကမ္ဘာ့အကြီးဆုံးအဖြစ်ဂရင်းနစ်စံချိန်မှာ တရားဝင်အသိမှတ်ပြုခံရဖို့ မျှော်လင့်ထားပါတယ်။
ယူကရိန်း သမ္မတဗလာဒီမီယာဇလန်းစကီးဟာ နိုင်ငံတောင်ပိုင်းက လွတ်မြောက်ခါစ ခါဆွန်းမြို့ကို တနင်္လာနေ့က ရောက်ရှိလာပြီး တပ်ဖွဲ့တွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မိမိတို့ယူကရိန်းနိုင်ငံဟာ ငြိမ်းချမ်းရေးအတွက် အဆင့်သင့်ရှိကြောင်းနဲ့ ငြိမ်းချမ်းရေးဟာ ကျနော်တို့ တနိုင်ငံလုံးအတွက်ဖြစ်တယ်လို့လည်း ပြောပါတယ်။
မြို့ကိုပြန်လည်သိမ်းပိုက်လိုက်နိုင်တဲ့ ယူကရိန်းတပ်တွေနဲ့အတူ ခါဆွန်းမြို့က ယူကရိန်းပြည်သူတွေ အမျိုးသားရေးသီချင်းတပုဒ်ကို ၂၀၂၂ နိုဝင်ဘာ ၁၂ရက် စနေနေ့က လွတ်လပ်ရေးရင်ပြင်မှာ ပြိုင်တူသီဆိုနေကြတာဖြစ်ပါတယ်။ မြို့ထဲဝင်လာကြတဲ့ ယူကရိန်းတပ်ဖွဲ့တွေကို မြို့ခံတွေက ဖက်ပြီး အနမ်းတွေ ကြိုဆိုခဲ့ကြပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ဘုံသဘောထားနဲ့ ဘုံလုပ်ငန်း ချမှတ်ဆောင်ရွက်ကြဖို့ တောင်းဆိုမှုတွေကို ထောက်ခံကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ အရှေ့အာရှထိပ်သီးစည်းဝေးပွဲမှာ နယူးဇီလန် ဝန်ကြီးချုပ် Jacinda Ardern ပြောကြားလိုက်ပါတယ်။
မြန်မာစစ်ကောင်စီဟာ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ပြီး၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ရမယ်လို့ သမ္မတဂျိုးဘိုင်ဒန် က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတသက်တမ်းဝက် ရွေးကောက်ပွဲမှာ ရလဒ်ထွက်မလာသေးတဲ့ မဲစာရင်းတွေ ဆက်လက်ရေတွက်နေတာမှာ Nevada ပြည်နယ်က လက်ရှိ ဒီမိုကရက် အထက်လွှတ်တော်အမတ် Catherine Cortez Masto ပြန်လည် အရွေးခံရတာကြောင့် ဒီမိုကရက်တွေ အထက်လွှတ်တော်မှာ လူများစုအဖြစ်နဲ့ ဆက်ရှိနေဖို့ သေချာသွားပြီ ဖြစ်ပါတယ်။
တရုတ်နဲ့ ရုရှားရဲ့ သြဇာကို ထိန်းချုပ်ဟန့်တားလိုတဲ့အတွက် အရှေ့တောင်အာရှမှာ အမေရိကန်က စစ်ဘောင်ချဲ့နေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ တနင်္ဂနွေနေ့မှာ စွပ်စွဲလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်