အရှေ့တောင်အာရှဒေသကို စစ်အေးတိုက်ပွဲအသစ်ရဲ့ ရှေ့တန်းစစ်မျက်နှာအဖြစ်ခံမှာ မဟုတ်ဘူးလို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအသစ် အင်ဒိုနီးရှားသမ္မတက ကတိပြုလိုက်ပါတယ်။
ယူကရိန်းနိုင်ငံမှာ ရုရှားတို့သိမ်းပိုက်ခဲ့တဲ့ Kherson ဒေသကနေ တပ်တွေရုတ်သိမ်းတယ်လို့ ရုရှားဘက်က ကြေညာတာဟာ Dnipro (ဒနိပို) မြစ် အနောက်ဖက်ဒေသမှာ ရုရှားတပ်တွေ အခက်အခဲရင်ဆိုင်ရတယ်ဆိုတာ လူသိရှင်ကြား အသိအမှတ်ပြုလိုက်တာ ဖြစ်တယ်လို့
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ လေထုညစ်ညမ်းမှုအခြေအနေ ဒီနေ့ စနေနေ့မှာ အတော်လေး ဆိုးနေတဲ့အတွက် မြို့ခံတွေ အိမ်ပြင်ထွက်ဖို့တောင် စိုးရိမ်နေကြပါတယ်။
အာရှဒေသတွင်း ငြိမ်းချမ်းရေးအတွက် အာဆီယံအနေနဲ့ရော တနိုင်ငံငံချင်းစီနဲ့ပါ အမေရိကန်ပြည်ထောင်စုကအတူလက်တွဲ ဆောင်ရွက်သွားမယ်လို့ အမေရိကန်သမ္မတ Joe Biden က ပြောကြားလိုက်ပါတယ်။
ကမ္ဘောဒီယားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံနဲ့ ဆက်စပ်စည်းဝေးတွေကို တက်ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ဖနွမ်းပင်မြို့တော်မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပချိန် ပြောဆိုသွားတာပါ။
အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ သမ္မတသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲ သောကြာနေ့အထိ မဲရလာဒ်တွေအရ Arizona ပြည်နယ်မှာ Democratic ပါတီက ဝင်အရွေးခံတဲ့ အထက်လွှတ်တော်အမတ် Mark Kelly က အနိုင်ရသွားပါတယ်။
ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင်နဲ့ ဒါရိုက်တာ ရှောင်ပင်းဟာ ၂၀၂၂ နိုဝင်ဘာ ၉ ရက် ဗုဒ္ဓဟူးနေ့က ယူကရိန်းသမ္မတဇလန်းစကီးနဲ့ ကိယက်ဗ်မြို့မှာတွေ့ဆုံပြီး သူရဲ့ အော်စကာဆုကို လက်ဆောင်အနေနဲ့ ငှားလိုက်ပါတယ်။
အင်စတာဂရမ် လူမှုကွန်ယက်စာမျက်နှာမှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ယီပန်မီးပုံပျံလွှတ်ပွဲ ဓာတ်ပုံတွေက လူကြိုက်အများဆုံး ဓာတ်ပုံတွေ ဖြစ်ပြီး အဲဒီဓာတ်ပုံတွေကြောင့်ကို ဒီပွဲတော်ကို အရောက်လာသူတွေကို တွေ့ရပါတယ်။
အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ဗုဒ္ဓဂါယာမြို့မှာ ဘုန်းတော်ကြီးတွေ ဦးဆောင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးဆုတောင်းပွဲကို ၂၀၂၂၊ နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။ လူပရိသတ် တော်တော်များများလည်း လာရောက်ပါဝင်ပါတယ်။
ဆေးမှင်ရည်စုတ်ထိုးဆိုတာ နောင်ပြင်ရန်ခက်တဲ့ အရာ ၃ မျိုးထဲ ထည့်သွင်းထားတဲ့ မြန်မာဆိုရိုးကို အခုတော့ ပြင်ရမလို ဖြစ်နေပါပြီ။ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်က တက်တူးစတူဒီယိုတခုဟာ ဆေးမှင်ကြောင်ထိုးပေးတဲ့နေရာမှာ တနှစ်ပဲခံပြီး အရောင်ပြယ်သွားမယ့် တက်တူးမျိုး ထိုးပေးနေပါတယ်။
အီဂျစ်နိုင်ငံ Sharm el-Sheikh မှာ နိုဝင်ဘာလ ၆ ရက် တနင်္ဂနွေနေ့က စတင်ကျင်းပတဲ့ ဥတုရာသီဆိုင်ရာ COP 27 ညီလာခံကို နိုင်ငံပေါင်း၂၀၀ လောက်က တက်ရောက်ခဲ့ကြပြီး ဒီညီလာခံကနေ ကမ္ဘာကြီးကို ဥတုရာသီ ကပ်ဘေးကနေ ကယ်တင်နိုင်အောင် ဝိုင်းဝန်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် Antonio Guterres က တိုက်တွန်းခဲ့ပါတယ်။
ထိုင်းနိုင်ငံ မိုးရေတက်ချိန်မှာ ရာသီအနေအထားကို အမိအရအသုံးချပြီး ရေလျှပ်ပြေးရထားခရီးစဉ် ပြေးဆွဲနေပါတယ်။ ရေပြည့်လုနီး ထိုင်းနိုင်ငံရဲ့ အကြီးဆုံးဆည်ပေါ်ကနေ ရထားဖြတ်မောင်းတာဖြစ်ပြီး ခရီးစဉ်တွေကို နိုဝင်ဘာလကနေ ဖေဖော်ဝါရီလထိ ပြေးဆွဲပေးတာပါ။ အခုတော့ နှစ်သစ်ကူးချိန်အထိ ရထားလက်မှတ်ကုန်နေပြီ ဖြစ်ပါတယ်။
ဥတုရာသီအရေးတက်ကြွလှုပ်ရှားသူ ၂ဦးဟာ စပိန်နိုင်ငံ မက်ဒရစ်မြို့က အယ်လ်ပရာဒိုပြတိုက်မှာရှိတဲ့ ပန်းချီဆရာ ဖရန်စစ္စကိုဂိုရာရဲ့ ပန်းချီကားဘောင်တွေပေါ် သူတို့လက်တွေကို ကော်ကပ်လိုက်ကြပါတယ်။ ပန်းချီကားနှစ်ချပ်ကြားက နံရံမှာတော့ "၁.၅ ဒီဂရီ ဆဲလ်စီယပ်" လို့မှုတ်ဆေးနဲ့ ဖြန်းခဲ့ပါတယ်။
ဆင်းရဲတဲ့တိုင်းပြည်တွေကို ချမ်းသာတဲ့ စက်မှုနိုင်ငံကြီးတွေက လျော်ကြေးပေးဖို့ တောင်းဆိုသံတွေ ကျယ်လောင်မယ့် ကုလသမဂ္ဂရဲ့ ရာသီဥတု ဆိုင်ရာညီလာခံကို အီဂျစ်မှာ တနင်္ဂနွေနေ့က ဖွင့်လှစ်လိုက်ပါတယ်။
ယူကရိန်းအနေနဲ့ ရုရှားနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်ဆိုတာကိုပြသဖို့ အမေရိကန်က ယူကရိန်းကို သီးခြားတိုက်တွန်း တောင်းဆိုနေတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကြီးက စနေနေ့မှာ ဖော်ပြလိုက်ပါတယ်။
ဂျပန်ရဲ့ ရေတပ်နဲ့ စစ်ရေးစွမ်းဆောင်ရည်ကို တိုးမြှင့်ဖို့ ဝန်ကြီးချုပ် Fumio Kishida က တနင်္ဂနွေနေ့ မှာ ကတိကဝတ် ပြုလိုက်ပါတယ်။ ဂျပန်နိုင်ငံဟာ ကျူးကျော်ချင်သူတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ကြရမယ်လို့လည်း သတိပေးလိုက်ပါတယ်။
ယူကရိန်းအပေါ် နိုင်ငံတကာက အကူအညီတွေ အဓိကပေးနေတာကြောင့်၊ ကမ္ဘာတဝန်းက တခြားဒုက္ခသည်ပြဿနာတွေမှာ အကူအညီတွေ လျော့နည်းလာနေတယ်လို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ကျွမ်းကျင်သူတွေက ပြောလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ Powerball လို့ခေါ်တဲ့ ထီဆုကြီးဟာ၊ အခုဆိုရင် အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါးအထိ ဖြစ်သွားခဲ့ပါပြီ။၊ မနေ့ စနေနေ့ Powerball ထီကို ဘယ်သူမှ မပေါက်ခဲ့တာကြောင့် ဆုကြေးငွေက အခုအခါမှာ ၁.၉ ဘီလျံအထိ မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်